"အလွမ်းမျက်ရည်"

Key: C
Chord: C G Am Em F C G

V1: ရောင်နီလာချိန်ကို စောင့်မျှော်ရင်း
လိုချင်တာ မရနိုင်တော့တဲ့...ဒီဘ၀မှာ.
မလိုချင်တဲ့ နင့်အမုန်းများကို...ငါလွမ်းတရ်...

V2: အရင်ဆို ဒီအချိန် တို့ အတူအမြဲ
သီဆိုဖူးတဲ့ သံစဉ်တပိုင်းတစရရ်...
ငါလိုချင်တရ် နင့်အနမ်းများရရ်...လွမ်းရပြီ.

Cho1: လွမ်းဆွတ်ခြင်းရဲ့ အိပ်မက်မိုးစက်များထဲမှာ.
သူရာရည်တွေ သောက်ကာ စောင့်မျှော်ရင်း...
ကျဆင်းလို့ နေတရ်...အလွမ်းမျက်ရည်...

Cho2: ရက်စက်ခြင်းရဲ့ သင်္ချိုင်းထဲ..သီချင်းညည်းဆို.
ပြန်မလာနိုင်သူ အပြန်ကို စောင့်မျှော်ရင်း....
ကျဆင်းလို့ နေတရ်...အလွမ်းမျက်ရည်...

V3: မဆုံနိုင်တဲ့ ဘ၀ကံတရား
ရေစီးလို့ ကမ်းပြိုတဲ့ အဖြစ်များစွာ...
ကံဆိုတာက ဘ၀ဇာတ်ဆရာ...
နှလုံးသားဇာတ်ခုံမှာ...

V4: ရွှေလက်တွဲ မြဲခဲ့တဲ့ အတိတ်ဟောင်းမှာ...
နင်ဆိုတာက နှလုံးသားရဲ့ ကဗျာတပုဒ်ပါ...
ငါဆိုတာ နင့်နှလုံးသားရဲ့ စာမျက်နှာ...
အခုတော့...

Cho 1 , 2
Solo

Cho3: လွမ်းဆွတ်ခြင်းရဲ့ အိပ်မက်မိုးစက်များထဲမှာ.
ပြန်မလာနိုင်သူ အပြန်ကို စောင့်မျှော်ရင်း....
ကျဆင်းလို့ နေတရ်...အလွမ်းမျက်ရည်...

V4: ရွှေလက်တွဲ မြဲခဲ့တဲ့ အတိတ်ဟောင်းမှာ...
နင်ဆိုတာက နှလုံးသားရဲ့ ကဗျာတပုဒ်ပါ...
ငါဆိုတာ နင့်နှလုံးသားရဲ့ စာမျက်နှာ...
အခုတော့...ဗလာ...


Composed By ငှက်ကြီး၊


Copyright © 2009 clubnypian.com

ဆက်ဖတ်ပါရန်...

 

"ဆုတောင်းနေမယ်..."

Chords: C G Am Em F C

V1: နံနက်ခင်း ငါ့ဘ၀ခုတယောက်ထဲပါ...
လေပြည်လည်း ခြောက်သွေ့ ကွဲအပ်လို့ နေ
ထင်ကျန်ဆဲ ဒီပုံရိပ်များဟာ...ငါ့ချစ်သူ...မင်းပါ..

V2: အတူတူလျှောက်ခဲ့ဖူးတဲ့ လမ်းတွေ...
နှစ်ကိုယ်အတူ ကြည်နူးခဲ့မိတဲ့ အနမ်းတွေ...
ကိုယ်တယောက်တည်း ထိုင်ကြေကွဲနေ...
ချစ်ရသူရေ...

Cho: ချစ်လျက်နဲ့ ဝေးခဲ့ရတဲ့ အဖြစ်တွေ...
အသိုင်းအ၀ိုင်း တံတိုင်းက ကာဆီးလို့ နေ...
နောင်ဘ၀ထဲ ပြန်ဆုံဦးမယ်...
မြတ်ဘုရားထံမှာ...
ချစ်လျက်နဲ့ ဝေးခဲ့ရတဲ့ အဖြစ်တွေ...
အသိုင်းအ၀ိုင်း တံတိုင်းက ကာဆီးလို့ နေ...
နောင်ဘ၀ထဲ ပြန်ဆုံဦးမယ်...
မြတ်ဘုရားထံမှာ...ဆုတောင်းနေမယ်....

V3: သန်းခေါင်ယံည ငါ့ဘ၀ခုတယောက်တည်းပါ...
ထင်ကျန်တာ အလွမ်းတခုနဲ့ သယောဇဉ်...
နင်ချန်ထားခဲ့ ဒီခရီးမှာ...
လွမ်းလို့ ကျန်ရစ်ပြီ...

V4: အတူတူ ဆိုညည်းခဲ့ဖူးတဲ့ သီချင်းတွေ...
သံစဉ်လည်း ခြောက်သွေ့ ကွဲအပ်လို့ နေ...
ဂစ်တာအိုလည်း တိုင်မှီရင်း ဆွေးနေ..
ကြိုးပျက်တွေ အဖြစ်တွေ...

Cho: ချစ်လျက်နဲ့ ဝေးခဲ့ရတဲ့ အဖြစ်တွေ...
အသိုင်းအ၀ိုင်း တံတိုင်းက ကာဆီးလို့ နေ...
နောင်ဘ၀ထဲ ပြန်ဆုံဦးမယ်...
မြတ်ဘုရားထံမှာ...
ချစ်လျက်နဲ့ ဝေးခဲ့ရတဲ့ အဖြစ်တွေ...
အသိုင်းအ၀ိုင်း တံတိုင်းက ကာဆီးလို့ နေ...
နောင်ဘ၀ထဲ ပြန်ဆုံဦးမယ်...
မြတ်ဘုရားထံမှာ...ဆုတောင်းနေမယ်....

Repeat (V2,V3,Cho:)
Composed By ငှက်ကြီး၊ ကြက်ကြီး



Copyright © 2009 clubnypian.com

ဆက်ဖတ်ပါရန်...

 



အားလည်းနာတယ်.. ခင်လည်းခင်တယ်.. ဒါမဲ့ တင်လိုက်တယ်..

တော်ပြီပေါ့..

  • • တံတောင်ဆစ်ထိထှောက် ရွှေလက်ကောက်တွေကို ဝတ်ဆင်ပြီး ရောက်လေတဲနေရာတိုင်း အားလုံးကကြောက်စေဖို့ အသင့် တယောက်တည်း ဂေါက်နေသလို အာရုံနောက် အသေကို ဝင်းဝင်းလက်လက်စိန်တွေစီ အဲဒီအခြေအနေကိုကြည့်ရင်း အားလုံးက မျက်စိကျိမ်းနေပြီ.. သူ့ထက်ဘယ်သူ ပို ချမ်းသာမလဲ စဉ်းစားကြည့်စမ်းပါတဲ့.. မင်းတို့နေတဲ့ ရက်ကွက်ရဲ့ လမ်းတွေတော်တော်လေးကိုကြမ်းတာပဲ.. သူနေတဲ့နေရာ အဆင့်အတန်းက တကယ်ကိုမြင့်လို့ အရာရာလမ်းဆန်းစွာနဲ့ ဆိုတော့ အရမ်းအရမ်း စိတ်ချမ်းသာတယ်…
>>>Chorus:
တော်ပြီပေါ့.. ဒီလောက်ဆိုတော်ပြီပေါ့ မင်းများနေပြီ.. အလွတ်ကြီး တွေမလုပ်မိစေနဲ့ .. ဟေ့.. အားလုံးတားနေပြီ..
တော်ပြီပေါ့ ဒီလောက်ဆိုတော်ပြီပေါ့ မင်းများနေပြီ.. အကျယ်ကြီးဟစ် လာပြောမနေနဲ့ ကွာ ကြွားလုံးစကားတွေချည်း..<<<
• သီချင်းတွေစဆိုတုန်းကတော့ သူငယ်ချင်းတွေကို ဆရာတင်ကာပညာယူ॥ ဖြတ်လမ်းက နာမည်ကြီးလာသူတချို့တွေရဲ့ အစဉ်အလာတခု.. နားမလည်သေးတဲ့ ပရိတ်သတ်ကိုညာပြီးတော့ ဂွင်ရှာသူ.. Hip Hop နဲ့နေပြီး Hip Hop နဲ့သေမည်တဲ့ မထင်ပါဘူး… Interview မှာဖြေတာ သူက စီးပွားရေးအရ Rap ဆိုတယ် ရင်ထဲမှာတော့ တကယ်လုပ်ချင်ပြီး Feeling လာတာက Rock ဆိုပဲ। အပြောချိုတဲ့ ဒီအဆိုတော်က Model လုပ်တာချောလို့တဲ့.. ဟောသလိုနဲ့ အနုပညာကို ဘယ်ညာယိမ်းပီး Ball လိုပဲ.. ဟားဟား.. မပြောမဆိုနဲ့လုပ်လိုက်ပြန်ပီ သူ့စကားက ‘မတူရင် မတုနဲ့’ တဲ့ သူကများ.. အရဲစွန့်ပြီး လူပါးဝ.. အကြောင်းသိတွေပဲ..ရှေ့ ဘာဆက်ဖြစ်မလဲ ရှု့စားကြ.. ဒီစာသားတွေ ရေးပေးလို Biggy Y ကို မင်း ‘ဖု’ သွားသလား.. မုသာများကို အချိန်မှီလျှော့ အမှန်ကိုပြောပါတော့.. Rapper အသစ်တွေ စင်ပေါ်ရောက်ရင် ကျန်နေတော့မှာနော… လူတွေကြိုက်အောင်လုပ်တာ ကောင်းပါတယ်… ပိုက်ဆံတွေပေါတာပေါ့.. သေရင်ကိုယ့်နောက်ပါမှာမဟုတ် မန်တွေလျှော့ပါတော့..


>>>>Chorus: <<< • ဒီတယောက်ကတော့ မနုဟာမင်းနဲ့လည်း အမျိုးတော်တယ်॥တဲ့॥ Talki မှာလည်း သိပ်သိပ်လန်းတဲ့ ထိပ်တန်းဘိုးတော်ပဲ॥ ရုပ်ရှင်လောကထည်းက ၂၀၀၈ မှာ စွန့်ခွာဒိုးတော့မယ်॥ ဒီဘဝနဲ့တင် အပြတ်ပဲ သူ Heaven ရောက်ရမယ်လို့ပြောတယ်॥ Fall ရှောပဲလား တကယ်လား ဘယ်သူမှမသိတဲ့ ဥစ္စာကို စိတ်ကြီးဝင်တဲ့ ဒုခ္ခဆိုး အပိုရေးကြီးခွင်ကျယ်လုပ်တာမျိုး॥ အနုပညာလောကတည်း တစ်မိသားစု လုံးဆွဲခေါ့် မည့်အကြံ.. ဒီအကြံကိုအကောင်အထည်ဖေါ်မှာ ဘက်စုံတော်တဲ့ သမီးလေး Austri ပြန်.. ဟော.. ကြည့်စမ်း.. မှော်ဘီခြံက ဗေဒင်ဆရာ.. ပေါ့.. အနုပညာနဲ့ ဝင်ငွေရှာ.. နောက်ပိုင်း သူ့ရဲ့ခြေရင်း မှာတော့ တပည့်များကသူ့ကို ဆရာတင် တာက ဖအေ တင်လာရော.. အခုသူက Ganster လုပ် Godfather လိုနေချင်တာပေါ့.. Mahayana နဲ့ Buddhist ဝါဒကိုေ၇ာစပ်.. ကိုးနဝင်းမိုးလင်း ဆိုပဲ သူတီထွင်လိုက်သောအကွက်.. ဟိုး တခါကလည်း ပေါရဲလိုက်လေခြင်း.. ဖိနပ်ချွှတ် ကားပေါ်တက်ခါ ဂန္တာရီခရီးသည် ကြားဘူးလား.. ကားစီးပြီး တောထွက်တာ… ဟား..ဟား..ဟား… >>>Chorus: <<<>


BIGGY Y N’ YATHA
မှ.. မေတ္တာ ပို့ဿချက်..

ဆက်ဖတ်ပါရန်...

 

"ချစ်ဇာတ်လမ်း"

သခင်တကောင် မမွေးခဲ့ပေါင်
ဒါနဲ့ တောင်...
နိဒါန်းအစ အယုအယတွေနဲ့ 
ငါဟာ ကြောင်တကောင်လိုပါ( ပွတ်သီးပွတ်သပ်နဲ့ ပေါ့)

နောက်တော့ သူ့ ဘေးမှာ...
ရန်တစ်ထောင်ထောင်နဲ့  ခွေးတကောင်လိုပေါ့
ဒါပေမယ့် သူကတော့...
ဇာတ်ကြိုးတော့ နိုင်တ၇်...

ဇာတ်ပေါင်းမတော့...
ကိုကို၇်တိုင် လိုလိုလားလားနဲ့ 
လှောင်ချိုင့်ထဲ ၀င်အသွားမှာ
ကြက်တူရွေး ဖြစ်လိုက်
မျောက် ဖြစ်လိုက်နဲ့ 

ဇာတ်သိမ်းတော့...
ငါ့ နှာခေါင်းမှာ နားဖားကြိုးနဲ့ 
ကျောမှာတောင့် 'ဘို့ 'ပေါက်ခဲ့တ၇်...
ဒီအတွက် ထွန်ရေးညတ်ဖို့ 
ရုန်းလေတော့...

ကဗျာဆရာ - တိရစ္ဆာန်စာဆို သမိုင်းကြက်

ကဗျာအမျိုးအစား - "ငါးဖက်သွားချင်း" (တိရစ္ဆာန် ကဗျာအမျိုးအစား)

တိရစ္ဆာန်ကဗျာများကို သီးသန့် ခံစားရေးဖွဲ့ သော သမိုင်းကြက်

ဆက်ဖတ်ပါရန်...

 


ဝမ်းသွားခြင်း

ဖေါင်းခင် ရဲ့ ညှစ်အား
တဗျစ်ဗျစ် နဲ့ ပါချ
ငါ့ အီအီး နှင့် ရှု ရှုးများ...
မိလ္လာကျင်း သို့ လားစေသား...။ ။


ပေါသွပ်!


Clubnypian's Newest Poem 2009

ဆက်ဖတ်ပါရန်...

 

"အမှတ်တရ ညတည"

အား...
တကိုရ်လုံး ရွဲရွဲစိုသွားတ၇်...
တဖွဲဖွဲကျနေတဲ့ ရေစက်တွေရ၇်...
နင့် အကြောင်းတွေးမိတိုင်း.
ငါ့ရဲ့...
ခါးအောက်ပိုင်းဆီက.
တဆတ်ဆတ် တုန်ခါမှုက
ကြက်သီးမွှေးညှင်းများတောင် ထ မိတ၇်.

အမှတ်တရ ဖေဖော်ဝါရီ ၁၄
ကြာကူလီ သီချင်းထဲကလို...
တသက်စာ မဝေးဘူးလို့ ...
ရင်ထဲမှာလဲ ပျော်မိခဲ့.

နင်ရ၇်
ငါရ၇်..
ခွလုံးတစ်လုံးရ၇်...
ငါတို့ နှစ်ယောက်အတူရှိခဲ့ဘူးတဲ့.
ဒီအခန်းကျဉ်းလေးရ၇်...
ခုထိသတိရနေဆဲပါ.

ချစ်ပါတယ်...
ဒါပေမယ့် အကြိမ်ကြမ် စောင့်ထိန်းခဲ့တ၇်...
သူရာတွေရီဝေနေတဲ့ ဒီတညတော့...
နင်မှားလား. ငါမှားလား


သူမအကြောင်းကို စဉ်းစားနေရင်း...
မှေးခနဲခဏ...

ငါ့ ခန္ဒာကိုယ်က...
အကြောနဲ့ ကြွက်သားစိုင်တွေ.
ဆတ်ခနဲ... ဆတ်ခနဲ...
နူးညံ့တဲ့ အထိအတွေ တခုရဲ့...
ဦးဆောင် စေစားရာမှာ...
လိုက်ပါ စီးမျောရင်း...

ခြေဖျားထံမှနေ
စတင် မြစ်ဖျားခံလာတဲ့
အထိအတွေ့ ...

နူးညံ့နွေးထွေးတဲ့.
ခြေလက်တစုံနဲ့ ...
ငါရင် တခုန်ဟာ...
စစ်ဘီလူးကချေသည်လို...
ကဝေဆန်နေခဲ့.

စပါတန် စစ်သူရဲကောင်းတွေတောင်.
ထိန်းချုပ်မှုတခုဆိုတာ...
လေဆန်မှာ ၀ဲပြန့် ...
စိတ်ကစဥ့်ကလျား ဖြစ်စေနိုင်တဲ့...
နွေးထွေးတဲ့ နုတ်ခမ်းတစုံကို...
သာယာ မိန်းမော...
ဖိသိပ် ပွတ်သပ်မိတဲ့ ခဏ.
အား...အား...အား....
သူမခန္ဒာကိုယ် တခုလုံးကို...
စွဲကပ်ဖိထားလိုက်စဉ်...

ထောင်းခနဲ 'ထ' လာတဲ့...
စူးရှရှ ညှီစို့ စို့ အနဲ့ တစ်ခုနဲ့ အတူ...
စေးထန်းထန်း ကပ်စီးစီးနဲ့ ...
ငါ့လက်ဝါးမှာ.
သွေး...သွေး..သွေးတွေ...
ငါ့လက်ဝါးမှာ.

တောက်...
ကိုက်ပြန်ပြီ ဒီကြမ်းပိုးက
ခုတော့ သတ်မိပြီ...
သေတာပဲ အေးတ၇်...



စာရေးသူ - မြိုင်ရာဇာ ငှက်ကြီး (ခေတ္တ NYP)
စာအမျိုးအစား - "'ပျို '့-N-ချင်း"

ဆက်ဖတ်ပါရန်...

 


'ငါးခွက်ထဲမှာ'

D A Bm G

V1 : ငါ ဥာဏ်တိမ်လွန်းခဲ့တ၇်... နင်လမ်ညာခဲ့သမျှကို
မျှော်လင့်ခြင်း တပိုင်းတစနဲ့ ရင်ထဲသိမ်းထားတ၇်...
တဘ၀လုံး အရှုံးပေးမယ် ငါဆုံးဖြတ်ထားခဲ့တ၇်...
နင်အပြုံး တချို့ တ၀က်အတွက် ငါမိုက်မဲလွန်းခဲ့တ၇်...

V2 : နင်ခြံခုန်လွန်းလှတ၇်...လူတွေဝိုင်းလို့ ပြောကြတ၇်...
သားသမီးမဟုတ်ခဲ့လည်း ငါစုလုံးကန်းခဲ့တ၇်...
မျှော်လင့်ခြင်း တပိုင်းတစရ၇်...ယုံကြည်ခြင်း တချို့ တ၀က်ရ၇်...
ရင်ထဲသိမ်းထားတ၇်... အကုန်လုံး အချစ်ကြောင့်ပဲ...

PreCho: ပြန်လာချိန်ကို မျှော်နေရင် ဘ၀ကို အချိန်တွေ ကုန်ဆုံးနေ...
ငါရဲ့ဘ၀ဟာ ငတုံးငအပါ...

Cho: မိုက်မဲလွန်းတဲ့ဘ၀...နောက်ကျတဲ့နောင်တ...
ငါရဲ့ မျက်ရည် ငါးခွက်ထဲမှာ...
လမ်းလျှောက်ရင်းနဲ့ လမ်းပျောက်သွားခဲ့သူ...
ငါရဲ့ဘ၀ဟာ ငါးခွက်ထဲမှာ...

V3 : ငါ ဥာဏ်တိမ်လွန်းခဲ့တ၇်... နင်လမ်ညာခဲ့သမျှကို
မျှော်လင့်ခြင်း တချို့ တ၀က်နဲ့ ရင်ထဲသိမ်းထားတ၇်...
ယုံကြည်ခြင်း တချို့ တ၀က်ရ၇်...မျှော်လင့်ခြင်း တချို့ တ၀က်ရ၇်...
ရင်ထဲသိမ်းထားတ၇်... အကုန်လုံး အချစ်ကြောင့်ပဲ...

PreCho: ပြန်လာချိန်ကို မျှော်နေရင် ဘ၀ကို အချိန်တွေ ကုန်ဆုံးနေ...
ငါရဲ့ဘ၀ဟာ ငါးခွက်ထဲမှာ...

Cho: မိုက်မဲလွန်းတဲ့ဘ၀...နောက်ကျတဲ့နောင်တ...
ငါရဲ့ မျက်ရည် ငါးခွက်ထဲမှာ...
လမ်းလျှောက်ရင်းနဲ့ လမ်းပျောက်သွားခဲ့သူ...
ငါရဲ့ဘ၀ဟာ ငါးခွက်ထဲမှာ...
ပက်လက်မျောရင်း...ပက်လက်မျောရင်း...
ငါရဲ့ဘ၀ဟာ ငါးခွက်ထဲမှာ...


မြိုင်ရာဇာ ငှက်ကြီး


Copyright © 2009 clubnypian.com

ဆက်ဖတ်ပါရန်...