Showing posts with label ကောင်မလေးတစ်ယောက်အကြောင်း. Show all posts
Showing posts with label ကောင်မလေးတစ်ယောက်အကြောင်း. Show all posts

ချစ်သူရရ်...
ပန်းကို ချစ်သူ ၀တ်ရည်ကိုယူတရ်တဲ့...
ပန်းကိုရော ၀တ်ရည်ရော ချစ်တဲ့သူကတော့
ဘာလုပ်ရမလဲကွယ်...

မင်းကို ချစ်တရ်....

ပြီးတော့ ပိုင်ဆိုင်ချင်ပြန်တရ်...
ဖြူရရ် မင်းဟာကိုယ့်အတွက်တော့
ကြယ်လေးပေါ့...

မင်းလေး ကြွေမှကိုယ့် ဆန္ဒတွေ
ပြည့်ဝမယ်ဆိုရင်လည်း...

မေ့လိုက်ပါ ဖြူ...


ကိုယ့်အတွက် အခြားကြယ်တွေရှိလည်း
မကြွေခိုင်းရက်ဘူး...

ကောင်ကင်ဟာ ကြယ်စုံမှ လှတရ်တဲ့...
ဖြူ...တနေ့ ကိုယ်ကြယ်ဖြစ်ခဲ့မယ်ဆိုရင်...
ချစ်သူဆန္ဒပြည့်ဖို့ 
ကိုယ်ကြွေပေးပါ့မရ်...



တစ်ချိန်က
ကျွန်တော့နှလုံးသားကမ်းပါးကို တိုက်စားသွားခဲ့သည့် မြစ်တစ်စင်း၏ ကွေ့ 
ကောက်မှုတစ်နေရာတွင် ဆောက်ဖြစ်ခဲ့သည့် ကောက်ကြောင်းများစွာအနက်မှ ကျွန်တော့ရဲ့
ခံစားမှု တံတားတစ်စင်း...

ဆက်ဖတ်ပါရန်...

 

မင်းအကြောင်းစဉ်းစားရလို့ 
အိပ်မရခဲ့တာရက်တသောင်းမကဘူး...
မရှေးမနှောင်းကတောင် မင်းအကြောင်းတွေးမိလို့ 
ဒီကဗျာကို ကိုယ်ရေးခဲ့တရ်
မင်းမရှိတဲ့ အချိန်
မင်းမရှိတဲ့ နေရာ
မင်းရဲ့ အဝေးမှာ..
မင်းကို လွမ်းမိတရ်...
လွမ်းရတာ မဆန်းပါဘူး
ဒါပေမယ့် လွမ်းရလို့ 
နွမ်းခဲ့ရတဲ့ ကိုယ်နံနက်ခင်းတွေ
မင်းပျော်မယ်ဆိုရင်တော့..
ကိုယ်
ကျေနပ်စွာ လဲပေးပါတယ်...
ချစ်သူ..

ဆက်ဖတ်ပါရန်...

 

မင်းရဲ့ အသံလေးကိုပြန်လည်ကြားယောင်တဲ့အခါ
လမ်းဘေးဓာတ်တိုင်မှာ ငါမှီရပ်ရင်း...

ချစ်သူ မဟုတ်သောချစ်သူ
နေ့ တိုင်းဖုန်းဆက်တဲ့ မင်းချစ်သူကို...
အမြဲတမ်း အိပ်ချင်တတ်တဲ့ မင်းချစ်သူကို...
အမြဲတမ်း ချစ်တယ်ပြောတဲ့ မင်းချစ်သူကို...
အမြဲတမ်း တမ်းတမိတယ်ပြောတဲ့ မင်းချစ်သူကို...
အမြဲတမ်း ချစ်လားမေးတဲ့ မင်းချစ်သူကို...
အမြဲတမ်း...
အမြဲတမ်း...
အမြဲတမ်း.. သတိရ လွမ်းတတ်ခဲ့လားကွယ်...

ငါရဲ့မင်းနဲ့  အပြင်ကမ္ဘာမှာ ဝေးနေ...
ငါရဲ့အတွေးရဲ့ တနေရာမှာ မင်းနေ...

သတိရမိတယ်...
လွမ်းဆွတ်မှုကို ဖျောက် အတိတ်ရဲ့ညကို
တွေးမရောက်အောင်... အဆုံးကို လှမ်းမျှော်...
မင်းလေး...
ငါမရှိလိုက်တဲ့ တဒင်္ဂလေးမှာ ပြောင်းလဲနေမလား။

ဝိညာဉ်လွတ်နေတဲ့ ကိုယ်ခန္ဒာက မှီရင်းဓာတ်တိုင်ရဲ့ 
ကျောက်ရုပ်ကောင်လေး အတိုင်း မျက်လုံးကိုစုံမှိတ်လျက်...

မင်းလေးကို.... လွမ်းနေမိတယ်ကွာ..

ဆက်ဖတ်ပါရန်...

 

အချစ်မရှိတော့တဲ့နောက်
ငါ....
သတိရ လွမ်းဆွတ်မှုတွေ အပြည့်နှင့်
ဘ၀ကို ခရီးဆက်။
ခံစားချက်တွေကို မျိုသိပ်
အရာရာကို စွန့် ပယ်။
စိတ်အလိုကိုလိုက်
လမ်းထင်သည်ကို လျှောက်။
ဧဒင်ဥယျာဉ်ကို အရောက်မှာ...
ချစ်ပန်းသီးကို ရှောင်ဖယ်...
မာယာသစ်သီးကို မစား။
ှဆက်လျှောက်ရင်းနဲ့ 
ငါတွေ့ တယ်...
ဆေးတလုံး
လူနာတယောက် မဟုတ်သော်ငြား
ဆေးလုံးကို ငါကောက်
ဆရာဝန်တယောက် မဟုတ်သော်ငြား
ဆေးလုံးကို စမ်းစစ်
ဒါ အတိတ်ကိုမေ့ပစ်စေနိုင်သော...ဆေးတလုံး
ဒါပေမယ့် ငါ...
တချို့ သော အတိတ်ရဲ့ အချိန်ကာလ( အချို့ )ကိုသာ မေ့ပစ်ချင်သည်။


ဆက်ဖတ်ပါရန်...

 

သူနဲ့ ချစ်သူမဖြစ်ခင်တုန်းကပေါ့။ Esplanade သွားတာ.. ဘယ်ရမလဲနှစ်ယောက်တည်းရှိတုန်း. ရည်းစားစကားပြောတာပေါ့. ည ၁၀ နာရီလောက်ရှိရောပေါ့. Fulton hotel နဲ့ River Side က မီးတွေလင်းလို့ .. လှတော့လှပါတယ်..ပြောနေတုန်း.. သူကဖြတ်ဖြတ်ပြီး ဟိုမှာ အရမ်းလှတာပဲတဲ့.. ငါလည်းမသိဘူးလိုက်ကြည့်မိတယ်.. ပြောနေရင်းခဏကြာရင်သူက ဟိုမှာမီးတွေလင်းနေတယ်တဲ့..ဒီလိုနဲ့ မိုးကလည်းချူပ်နေပြီ..ပြောတာကလည်းဟိုရောက်လိုက်သည်ရောက်လိုက်..ဘယ်ရောက်ရောက်သွားမှန်းမသိ.. ဒီလိုပဲ နောက်ဆုံးရထားလေးစိး အိမ်ပြန်ခဲ့ပေါ့.. သူတော်တာလား. ကျတော်ကတုံးတာပါ။ ဒီလိုမှန်းသိခဲ့ရင် အဲဒီမီးရောင်စုံတွေအားလုံးကို အရင်ပိတ်ပါတယ်... သူကတော့ ခုထိအဲဒီကြောင်းပြောပြောပြီးရီတုန်း.. သတိရလို့ မင်းအကြောင်းလေးရေးဖြစ်တာပါ... လွမ်းတာမှန်ပေမယ့် ပြန်လာဖို့ တော့ ငါမတမ်းတဘူး... ခုချိန်မင်းက ငါလိုနေတဲ့ သူတယောက်ဖြစ်ချင်မှဖြစ်မှာ.. ငါလည်းမင်းအတွက် လိုအပ်မှာမဟုတ်ဘူး...

ဆက်ဖတ်ပါရန်...

 

ကြုံတုန်းလေး Singapore အကြောင်းဆက်ပါရစေ။Singapore က Food Court တိုင်းမှာ Food Menu ကို ပုံလေးတွေနဲ့ ပြထားပါတယ်။ ပုံကြည့်ပြီးကြိုက်တာလေး ၀ယ်စားပေါ့။ အဲဒီမှာ စတွေတယ်ပေါ့ဗျာ...တနေ့  ချစ်ချစ်ရဲ့ မေမေနဲ့ မမက Chicken Rice ၀ယ်ခိုင်းလိုက်တာ နှစ်ထုပ်ပြီး ရုပ်ရှင်ကြည့်ကြတယ်ပေါ. ပြီးတော့ဗိုက်ဆာတာနဲ့  တစ်ထုပ်ဖောက်စားလိုက်ရော... ပြန်တဲ့အချိန် ဆိုင်တွေလည်းပိတ်နေတယ်။ Chicken Rice သွားဝယ်တာ ၂နာရီလောက်ကြာနေပြီ။ ပါမလာရင် သူလေးပူညံခံရတော့မှာပေါ့။ အဲဒါနဲ့ မရမက တွေ့ တဲ့ဆိုင်မှာ ရှိမလားဝင်မေးပါတယ်... ကျတော့ကို ရှိတယ်တဲ့.. ဟဲပျော်သွားတာပေါ့..ပြီးမှ Chicken နဲ့  Rice လားတဲ့...နားမလည်နိုင်တဲ့ တရုတ်လိုတွေလည်း ပြောသေးတယ်... Chicken နဲ့ Rice နှစ်လုံးထဲကိုရှုပ်နေတာပဲ.. သူကပြောချင်တာပြော။ အဲ..လက်ညှိုးထိုးစရာ ပုံလည်းမရှိဘူး၊ နောက်ကျနေပါပြီဆိုမှ အချိန်က ကြာသွားသေးတယ်။ ဒါနဲ့ သူလည်း ဘယ်သူကိုစိတ်ဆိုးတာလဲ၊ ဘာကိုစိတ်အလိုမကျတာလည်းမသိဘူး ဆောင့်ဆောင့်ဇောင့်ဇောင့်နဲ့ အိမ်ကိုတန်းပြန်ရော. နောက်ဆုံးတော့ အိမ်အောက်က မြန်မာလို မတက်တခေါက် တတ်တဲ့ အဖိုးကြီးဆီက ခေါက်ဆွဲကြော်လေးပဲ ၀ယ်သွားလိုက်ရတယ်..နောက်ဆို မှတ်သွားပြီ၊ ပုံကြည့် ရှိရင်ရှိ မရှိရင်မရှိဘူးပဲ လျှာမရှည်နဲ့ ..ကောင်မလေးတွေစိတ်ကောက်ရင် On the spot ရှင်းလို့ မရဘူး...ဟင်းဟင်း

ဆက်ဖတ်ပါရန်...