Showing posts with label ခန့် နေ. Show all posts
Showing posts with label ခန့် နေ. Show all posts

တနေ့သ၌ ကျွန်ုပ် Khant Nay လည်း ပျင်းပျင်းရှိသည်နှင့် ကျောင်းတောင်ဘက်ရှိ canteenတွင် ထိုင်နေစဉ် အလွန်အလုပ်များလေ့ရှိသော၊ တစ်ခါတစ်ရံမှသာ တွေ့နိုင်သော ကျွန်တော်တို့ NYPian ဘောလုံးအသင်း မန်နေဂျာကြီးနှင့် ဆုံမိလေရာ Journalist ပိုးထနေသာ ကျွန်ုပ်လည်း အောက်ပါ အင်တာဗျူးကို ကျူးလွန်ခဲ့မိလေသည်။

ဘယ်လိုလဲဗျ.. မတွေ့တာတောင် ကြာပြီ.. အလုပ်များနေတယ် ထင်တယ်..
-ဟုတ်ပဗျာ.. လူကတော့ မများရပါဘူး၊ စိတ်က အလုပ်များနေတာ..

ဘာကိစ္စများတုန်းဗျ..
-အသင်းကိစ္စပါဗျာ၊ အခု semester break ရနေချိန်ဆိုတော့ ကစားသမားတစ်ချို့ မြန်မာပြည်ပြန် နေကြတာနဲ့.. အဲဒါ Interpoly အမှီ ပြန်လာနိုင်ပါ့မလား.. training အပြည့် မခေါ်နိုင်မှာစိုးလို့ တွေးပူနေရတယ်…

သြော်.. အတော်ပဲဗျ.. ကျွန်တော်လည်း ဘောလုံးအသင်းရဲ့ အတင်း၊ အဲလေ.. သတင်း ယူချင်နေတာနဲ့.. ပရိတ်သတ်နဲ့ကလည်း ဝေးနေပြီဆိုတော့.. အင်တာဗျူးလေး လုပ်လို့ရမလားဗျာ.. အဆင်ပြေမယ်ထင်ရဲ့..
-အင်း ရပါတယ်.. ခင်မျ..

ကဲ ဒါဆို စလိုက်ရအောင်..


အရင်ဆုံးအနေနဲ့ မကြာခင် ကျင်းပ စတင်တော့မယ့် Interpoly ဖလားပွဲ အပေါ် အစ်ကို့ရဲ့ အမြင်နဲ့ အသင်းအတွက် ပြင်ဆင်ပုံလေးတွေ…

-ဟုတ်ကဲ့ ခင်မျာ.. အသင်းရဲ့ ပြင်ဆင်ပုံကိုတော့ ကျွန်တော်တို့ online ပုံစံနဲ့ စတင်ခဲ့ပါတယ် .. လွန်ခဲ့တဲ့ ၁လလောက်ကတည်းက စနေတာပါ။ ညတိုင်း ကျွန်တော်တို့ အသင်းရဲ့ board အဖွဲ့ဝင်တွေ chatting မှာ တွေ့ကြတယ်။ training အတွက် plan ဆွဲတယ်.. formationတွေ စိတ်ကြိုက် ပြောင်းတယ်… strategy (ဗျူဟာ)တွေ လေ့လာတယ်.. ဒါပေမယ့် အချိန်နဲ့ နေရာ အပိုင်းမှာ ညှိဖို့ တော်တော်လေး ခက်ခဲနေတာ တွေ့ရတယ်ဗျ.. အခုထိကိုပဲ off-pitch training (ကွင်းပြင်ပ လေ့ကျင့်ရေး) အဆင့်ကတက်ဖို့ မနည်းကို ကြိုးစားယူနေရပါတယ်.. ဘယ်လိုပြောမလဲ.. အသင်းက theory ပိုင်းပဲ ရှိပြီး practical ကို အားနည်းနေတယ်ပေါ့ဗျာ..
Interpoly နဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်ကတော့ ဒီဖလားကြီးဟာ ဟိုးအရင်ကတည်းက ဒီနေ့ အချိန်ထိ poly မြန်မာကျောင်းသားတိုင်းက သွားရည်ယို ညိုညင်… အဲလေ.. လိုချင်နေကြတဲ့ ဖလားကြီးပေါ့။ နှစ်တိုင်း ပြိုင်ပွဲတွေမှာ အားကြိုးမာန်တက် ရှိကြတာကို ကြည့်ရင် သိနိုင်ပါတယ်…
ဒီနှစ်မှာတော့ coaching (နည်းပြ) ပိုင်း အနေနဲ့က ကျွန်တော့်ရဲ့ လေးနှစ်ဆက်တိုက် Fifa football manager 2007 အခွေမှာ ဖလားယူထားတဲ့ အတွေ့အကြုံတွေရယ်.. Player တွေရဲ့ pro evolution 06 က လေ့လာထားသမျှ.. ဥပမာ.. ကွင်းထဲမှာ ဘယ်လို ပိုမြန်အောင် ပြေးမလဲ.. ဒဏ်ရာရတဲ့အခါ တဖက်လူ ကဒ်ထိအောင် ဘယ်လိုလှဲချရမယ်.. ဂိုးသွင်းပြီးတဲ့အခါ အောင်ပွဲခံတဲ့ style တွေအမျိုးမျိုး.. စသဖြင့်ပေါ့.. အဲဒါတွေကို ဒီ league မှာ တကယ် ထိထိရောက်ရောက် အသုံးပြုသွားမှာပါ။

ပြီးခဲ့တဲ့ နှစ်တွေက ဖလား မရခဲ့တဲ့ အပေါ်မှာရော အစ်ကို့အနေနဲ့ ဘာတွေများ သုံးသပ်မိပါသလဲ..
-ကျွန်တော်တို့ NYPian တွေ အနေနဲ့ ဖလားလက်မဲ့ရာသီတွေကို အမြန်ဆုံး အဆုံးသတ်ချင်ပါတယ်. ပြီးခဲ့တဲ့ နှစ်တွေမှာ လွဲခဲ့ရတဲ့ အကြောင်းရင်း တချို့နဲ့ solutionတွေကို ကျွန်တော် တွေ့ထားတယ်ခင်မျ.. (အားရစွာဖြင့်)…. ပထမဆုံးအချက်ကတော့ ကစားသမားတွေရဲ့ ကွင်းရွေးမှုပေါ့….. ကွင်းတစ်ကွင်းရဲ့ size, မြက်အရှည်ကအစ နင်းတဲ့ မြေ အပျော့၊ အမာ.. ဂိုးတိုင်တည်ဆောက်ပုံတွေ ပေါ်မှာ ကျွန်တော်တို့ ကစားသမားတော်တော်များများဟာ sensitive ဖြစ်တာကို ကျွန်တော် သွားတွေ့ပါတယ်.. ဒါတွေကို ပြေလည်စေဖို့ ကျွန်တော်တို့ရဲ့ training တွေကို Singapore တစ်ကျွန်းလုံး အနှံ့မှာ ရှိတဲ့ FOC (အခမဲ့) ကွင်းတွေမှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်.. အဲဒီမှာ သုံးနေကျ 200/100/0.04 (ကွင်းအရှည်/အကျယ်/မြက်အရှည်) ကွင်းပုံစံတွေ မဟုတ်ဘဲ မြေအမျိုးအစား၊ ရွှံ့၊ ကွင်း size နဲ့ တည်နေရာ၊ ရာသီဥတုတွေကို random သဘောမျိုး ဦးတည်ပြီး လုပ်မှာပါ။
ဒုတိယ အနေနဲ့ကတော့ .. (အဟမ်း).. အရေးပါတဲ့ ပရိတ်သတ်ရဲ့ အားပေးမှုပေါ့။ ကျန်ခဲ့တဲ့ နှစ်တွေကဆို ကျွန်တော့်အနေနဲ့ strategy (ဗျူဟာ)ပိုင်းနဲ့ management ပိုင်းမှာ အာရုံနှစ်ပြီး supporting ပိုင်းမှာ လစ်ဟာခဲ့ပါတယ်။ ဒီနှစ် အဲဒီလို မဖြစ်ရအောင် fans တွေအတွက် promotion လုပ်တဲ့ အနေနဲ့ ပွဲကို လာအားပေးတဲ့ သူတွေကို အသင်းရဲ့ နာမည်ကြီး player များက အမှတ်တရ auto ရေးပေးခြင်၊ ဖုန်းနံပါတ် ဖလှယ်ခြင်း (မိန်းကလေး ပရိတ်သတ်အတွက်သာ)၊ မိမိစိတ်ကြိုက်ကစားသမားနဲ့ ဓါတ်ပုံတွဲရိုက်နိုင်ခြင်း စတဲ့ service တွေနဲ့ attractလုပ်ပြီး အားဖြည့်ထားပါတယ်.. ဒါတွေကတော့ ကျွန်တော် မြင်သလောက်လေးတွေပေါ့နော်.

တလောက အဆင်မပြေဖြစ်နေတဲ့ ဂိုးသမားနေရာ အတွက်ရော ခင်မျ ?
-ဂိုးသမားနေရာကတော့ ကျွန်တော်တို့ရဲ့ ယခင် မူလပေမဲ့ လက်မဟောင်းသေးတဲ့ ဝါရင့် ဂိုးသမားကြီးပါပဲ။ ကင်းမြီးကောက်အသင်းရဲ့ ပင်တိုင် ဂိုးစောင့်နတ်ကြီးဆိုလည်း ဟုတ်ပါတယ်။ သူ့ဆီက အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး နောက်တန်း ခံစစ်ကို အကျစ်လစ်ဆုံး ပုံစံနဲ့ ဦးဆောင်သွားမှာပါ.
အခုနှစ် NYPian အသင်းရဲ့ တိုးတက်ဖို့ ချမှတ်ထားတဲ့ နည်းလမ်းနဲ့ စည်းကမ်းတွေကိုလည်း သိချင်ပါတယ်
-ဟုတ်ကဲ့ အဲဒါတွေကတော့ လောလောဆယ် ဒီစာရွက်ထဲက အတိုင်းပါပဲ.. ထပ်ထည့်ဖို့လည်း ကျန်ပါသေးတယ်..

(1) dotA ဂိမ်းကို player များ၏ pc များတွင် ထည့်သွင်း တပ်ဆင်ခြင်း မပြုရန်။
(2) ဘောလုံး ဝါသနာပါသော မိန်းကလေးများအား ဦးစားပေး ရည်းစားထားရန်။
(e.g. ချယ်ဆီး၊ မန်ယူတို့နှင့် မစိမ်းသော ကောင်မလေးများ)
(3) Player များ၏ လက်များကို ညဘက်များ၌ mouse များ၊ keyboard များနှင့် ထိတွေ့ခြင်းမပြုရန်။
(4) အရက်သေစာနှင့် ခါးအောက်ပိုင်း ပြင်းထန်သော လေ့ကျင့်ခန်းများအား ပွဲမတိုင်ခင် ၂ရက် ၃ရက် အလိုတွင် အဓိကထား ရှောင်ရှားရန်။
(ဥပမာ.. ခြေဖဝါး၊ ခြေသလုံး၊ ဒူးခေါင်း)
(5) Online/Offline trainings များသို့ ပုံမှန်တက်ရောက်ရန်။


နောက်ဆုံးအနေနဲ့ပေါ့လေ. ပရိတ်သတ်နဲ့ ကစားသမားတွေအတွက် စကားလက်ဆောင်လေး..
-ဟုတ်ကဲ့.. ဘုရားများများ ရှိခိုးပြီးမှ အိပ်ယာဝင်ကြပါလို့။
ပတ္တမြားမှန်ရင် နွံမနစ်ပါဘူးခင်မျာ..


အရှင်း
Fifa football manager 2007 = ဘောလုံးမန်နေဂျာ ဂိမ်းခွေ
pro evolution 06 = ဘောလုံးကန် ဂိမ်းခွေ

မှတ်ချက်။ ။ part time တွေ၊ ပြည့်ကျပ်နေတဲ့ နေ့စဉ်အချိန်ဇယားတွေ၊ အသင်းရဲ့ ပွဲစဉ်တွေကို မအားတဲ့ကြားက လာအားပေးကြတဲ့ ပရိတ်သတ် သူငယ်ချင်းတွေ၊ ကျွန်တော်တို့ရဲ့ ကစားသမားတွေအတွက် forum ကို ရောက်လာတဲ့ ခဏတာ အချိန်လေးမှာ ရယ်စရာတွေနဲ့ ဖျော်ဖြေရန် အလို့ငှာ ဒီပိုစ့်လေးကို ဖန်တီးခဲ့ခြင်းပါ။ ဟာသမမြောက်ခဲ့ရင်လည်း ခွင့်လွှတ်ပါလို့..


စာကြွင်း....ကိုခန့်နေရဲ့ Forum ကပို့စ်ကိုပြန်လည်ဖေါ်ပြခြင်းပါ။
နန်ယန်းအသင်းကိုအားပေးကြတဲ့ပရိသတ်အပေါင်းကိုအထူးကျေးဇူးတင်ပါတယ်။

နန်ယန်းမြန်မာဘောလုံးအသင်းကြီး




ဆက်ဖတ်ပါရန်...

 


နန်ယန်း ပရိတ်သတ်ကြီးရေ...
သိကြတဲ့အတိုင်းပဲကျွန်တော်များ NYP မြန်မာဘောလုံးအသင်းဟာ NYPပရိတ်သတ်ကြီး
ရဲ့ လျှစ်လျုရူ မှု(အဲလေ)တခဲနက်အားပေးမှုကြောင့်ပြီးခဲ့တဲ့လက NYP မြန်မာဘောလုံးအသင်းရယ်လို့မရဲတရဲပေါ်ထွက်လာခဲ့ပြီး
ယခုရှေ့ လ ၁ရက်နေ့ဆိုရင်အင်တာပိုလီလို့အများသိထားကြတဲ့ပိုလီကျောင်းပေါင်းစုံ
ဘောလုံးပွဲကြီးမှာပါဝင်ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။
အဲဒီတော့ကာထူးချွန်ထက်မြက်တဲ့ဘောလုံးအသင်းသားတွေမွေးထုတ်ပေးရာကျောင်းကြီးဖြစ်တာနဲ့အညီ
အသင်းဖွဲ့ပြီးနောက်နေ့Canteen မှာ(ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးကဲ့သို့ဝပ်တွားခယ,တောင်းတောင်းပန်ပန်,မျက်နှာအောက်ချ)ပြီး
"ကန်ကြဦးမလားဟင်"ဆိုတဲ့လူစုခြင်းအဆင့်ပြီးဆုံးချိန်မှာတော့
လူ ၁၁ ယောက်ကွက်တိရတဲ့အသင်းကြီးပေါ်ထွက်လာခဲ့ပါပြီ။အဲနောက်တဆင့်နေနဲ့ ကတော့ ဦးဦး၊ဒေါ်ဒေါ်၊ကိုကို၊မမ တို့ရဲ့ သဒ္ဓါတတ်အားနည်းများမဆိုပါဝင်ကြမဲ့မသဒ္ဓါရေစာ ကြေးလေးများကောက်ခံဖို့အဆင့်ခင်ဗျ။ပထမဆုံး (က)အတွက်ကတော့ကျွန်တော်တို့ဘောလုံးကန်တဲ့သူတွေ
ရဲ့ ရှိစုမဲ့စုလေးထဲကနေ၀ယ်ခဲ့ကြတယ်ခင်ဗျ။


(က)ကျွန်တော်တို့ဘောလုံးအသင်းသွားကန်ရမဲ့အခါလုံလုံခြုံခြုံဝတ်သွားနိုင်ရေးအတွက်ဝတ်စုံကြေး

(ခ)ကျွန်တော်တို့ကန်ရမဲ့ ကွင်း၊ကင်း၊ဂျက်၊စပိတ်၁...အဲလေ...ယောင်လို့ ဘောလုံးကွင်းကြေး

(ဂ)ဒိုင်လူကြီးလို့လူသိများတဲ့ဝီစီမှုတ်တိုင်းပိုက်ဆံရတဲ့လူကြီးအတွက်ပူဇော်ပသရတဲ့ငွေကြေး

(ဃ)လူ ၁၁ ယောက်အတွက်ဖျစ်ဖျစ်မြည်အောင်ဝယ်ထားရတဲ့ဘောလုံးလေး ၂လုံးကြေး

(င)ဗိုလ်စွဲမဲ့အသင်းအတွက် ဖလား၊ရေခွက်၊ဆပ်ပြာ...အာ...ယောင်ပြန်ပဟ....
ဆုဖလား၊ဆုတံဆိပ်များအတွက်ငွေကြေး

စသည့်ငွေကြေးများအတွက်ငွေကြေးနောက်ခံအင်အားတောင့်တင်းတဲ့ကျွန်တော်များ အသင်းဟာ ဦးဦး၊ဒေါ်ဒေါ်၊ကိုကို၊မမ များထံမှ ရည်းစားနှင့်အဆင်ပြေမပြေ၊အိမ်ကငွေပို့မပို့၊
လက်ချာခန်းထဲမှာအိပ်ရေးဝမ၀၊Tutorial ဆရာနှင့်အဆင်ပြေမပြေ မစဉ်းစားပဲ အနုနည်း၊အကြမ်းနည်း နှင့်သာမကအတင်းကာရော လိုလိုချင်ချင် မက်မက်စွက်စွက်အလှူငွေများကောက်ခံလျှက်ရှိပါသည်။
အလှူငွေ $10ဒေါ်လာနှင့်အထက်ထည့်ဝင်သူများအားလည်း စာမေးပွဲတွင် A+ များများပါစေရန်
Dbar မထိစေရန်၊PartTime အလုပ်ချိန်များများရစေရန်အတွက်ကျွန်တော်များအသင်းသားများမှ
ဆုတောင်းမေတ္တာများပို့သကာအဓိဋ္ဌာန်ပုတီးများစိပ်ကာသက်သတ်လွတ်စားပေးမည်ဖြစ်ကြောင်း၊ ထို့နည်းတူစွာအလှူငွေ $20ဒေါ်လာနှင့်အထက်ထည့်ဝင်သူများအတွက်အထူးအစီအစဉ်အဖြစ်
ထိုသူတို့၏နာမည်များကိုပွဲစဉ်တိုင်းပွဲစဉ်တိုင်းတွင်အသင်းသားများ၏နဖူးတွင်
ရေးထိုးဂုဏ်ပြုသွားမည်ဖြစ်ကြောင်းအသင်းတာဝန်ရှိရှိ မရှိရှိ သောတာဝန်မခံတခံများကပြောကြားထားပါတယ်။
အသင်းသားများနေနှုင့်လည်းမိမိတို့ကျောင်းမှအကိုလူချောကြီးများ ၊မမ အချောလေးများကိုလည်း မိမိတို့၏ပွဲစဉ်များအားလုံးစုံစုံညီညီသောင်းသောင်းဖျဖျလာရောက်အားပေးဆဲဆိုခြင်းဖြင့်အရိုးကြေကြေ၊အရေခန်းခန်း၊
အီးထွက်ချင်ထွက် ဖျစ်ညှစ်၍ကစားနိုင်ကြမည်ဖြစ်ကြောင်းပြောကြားထားကြပါတယ်။

ကျွန်တော်တို့အသင်းကြီးရဲ့  ပ၀ါမကူရေမရှုကြေး ပွဲစဉ်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
အချိန်နဲ့နေရာကတော့ပွဲစီစဉ်သူများ စီစဉ်နေဆဲဖြစ်တဲ့အတွက်ထပ်မံ၍အသိပေးအပ်ပါမယ်ခင်ဗျာ။


နိုဝင်ဘာ ၁ ရက်နေ့ နန်ယန်းပိုလီအသင်း Vs စင်္ကာပူပိုလီအသင်း

နိုဝင်ဘာ ၉ ရက်နေ့ နန်ယန်းပိုလီအသင်း Vs နီအန်းပိုလီအသင်း

နိုဝင်ဘာ ၁၆ ရက်နေ့ နန်ယန်းပိုလီအသင်း Vs တီမားဆက်ပိုလီအသင်း

နိုဝင်ဘာ ၃၀ ရက်နေ့ နန်ယန်းပိုလီအသင်း Vs နန်ယန်းနည်းပညာတက္ကသိုလ်



လေးစားစွာဖြင့်
နန်ယန်းမြန်မာဘောလုံးအသင်းဂျီး

ဆက်ဖတ်ပါရန်...