Showing posts with label ချစ်မိုးညို. Show all posts
Showing posts with label ချစ်မိုးညို. Show all posts

တံတိုင်းတွေ မြင့်လွန်း ထူလွန်း တယ်..
ငါ့နှလုံးသား လက်တဆုတ်စာနဲ့
ထွင်းဖောက် ထွက်ခဲ့မယ်॥
စောင့်စည်း သစ္စာ
မင်းသာ.. ကြိုနှင့်ပါ...။

ဆက်ဖတ်ပါရန်...

 

မင်းရှေ့မှာချထားတဲ့
ဖန်ခွက်အလွတ်ကို
ဘာတစ်ခုမှ မထည့်လိုက်ပါနဲ့
ဘာတစ်ခုမှ...

ရေခဲသေတ္တာ တံခါးတွေကို
ပိတ်လိုက်ပါ..
သူတို့က ချိုမြိန်တယ်လို့
ပြောပေမဲ့..
ငါမသောက်ချင်ဘူး...

စားပွဲပေါ်က ဝိုင်ပုလင်းတွေ
ပြန်သိမ်းလိုက်ပါတော့
အိမ်မက်တစ်ခုထက်တောင်
ယစ်မူးစရာ ကောင်းနိုင်ဦးမလား
ငါတို့ နှစ်ယောက်အတွက်တော့..
ဒါတွေ မလိုအပ်ပါဘူးလေ...

အင်း.. ဟုတ်တယ်
သူတို့ရဲ့ ဖန်ခွက်တွေကတော့
တစုံတခုနဲ့ အမြဲပြည့်ဝနေလို့
မော့သောက်လိုက်တဲ့အခါ
တကမ္ဘာလုံး ပိုင်ဆိုင်သွားကြတယ်...
ချစ်ခြင်းမေတ္တာက လွဲလို့ပေါ့..။

မင်းရှေ့မှာချထားတဲ့
ဖန်ခွက်အလွတ်ကို
ဘာတစ်ခုမှ မထည့်လိုက်ပါနဲ့
ဘာတစ်ခုမှ...

ကိုင်း.. ငါတို့သောက်လိုက်ကြမယ်
ဖန်ခွက်အလွတ်တွေကို ပြိုင်တူမော့လို့..
ငါတို့ နှစ်ယောက်လုံး
ဖန်ခွက်အလွတ်တွေလို
ကြည်လင်သွားတဲ့ အထိပေါ့..။

ဆက်ဖတ်ပါရန်...

 


မင်းရဲ့ဖြစ်ချင်လွန်းတဲ့ စိတ်တွေကို
ရပ်မပြစ်လိုက်ပါနဲ့..
ဆုံးရှုံးမှူတွေအတွက်
တထိုင်တည်း ခံစားပြီး ဝမ်းနည်းပစ်လိုက်စမ်းပါ..။
ပြီးရင်.. အဲဒီနေရာမှာပဲ အားလုံးကို ထားခဲ့ပါ..။
မင်းမပါမဖြစ် ပြန်ကောက်ခဲ့ရမှာက
မတော်တဆ ပြုတ်ကျသွားခဲ့တဲ့.. မင်းရဲ့
စိတ်စါတ်တချို့ပဲ...။


ကိုယ်ရည်သွေးတတ်၊ အနီးမှုန်တတ်
ပြီး..နောက်ပြန်သွားတတ် တဲ့ လူတွေအတွက်
မင်းစိတ်အားတွေ အဆုံးရှုံးမခံပါနဲ့ကွာ..
ငါတို့ အသစ်က ပြန်စကြမယ်..
ပြီးခဲ့တာတွေ အားလုံးကို အရင်းလို့ပဲ ထားဦး
ရင့်ကျက်မှူက အမြတ်ပေါ့..။
.." မသေခင်အချိန်ထိ နောက်ကျတယ်ဆိုတာ မရှိပါဘူး "..
ဒီစကားကို မင်းယုံရင် ပုံပြီးတော့ ကြိုးစားလိုက်စမ်းပါ...။
လွန်မြောက်သွားပြီး.. နောင်..
ပြန်လှည့်ကြည့်ရင်တောင် မမြင်နိုင်တော့မယ့်
မနေ့က မင့် အမှားတွေအတွက် ဝမ်းနည်းနေမယ့်အစား...
မနက်ဖြန်တိုင်းမှာ မင့်နာမည်တပွင့်
အလံလွှင့်နိုင်ဖို့ ငါတို့ အခုပဲ ပြင်ဆင်ကြရအောင်...။ ။

ဆက်ဖတ်ပါရန်...

 

ကြယ်စုံညရဲ့ ပဲ့ကျလမင်းက
ဖျောင်းဖျနေပေမယ့်
စိုရွှဲနေတဲ့ ငါ့မျက်ဝန်းပျိုကတော့
စားသွားလေပြေတွေနဲ့ အတူ
ချစ်သူနဲ့ ဝေးရာကို
ထွက်ပေါက်ရှာမိတော့တယ်....

ငါ့နှလုံးသားကို မမြင်နိုင်တဲ့
ငါ့ချစ်သူကတော့ ငါ့ဘေးမှာရယ်မောနေရင်းပေါ့...
သန္တာရောင်သန်း နှူတ်ခမ်းလေးရေ...
အသံတိတ်နှုတ်ဆက်ခြင်းတွေ သာယူလိုက်ပါ...
ပြီးတော့ ငါ့ခြေရာတွေ သာဖန်ဆင်းပေးပါလို့ 
တောင်းတရင်းပဲ...
ဝေးမယ့် မနက်ရဲ့ ဘုံကျွန်ညတစ်ညမှာ
မှိုတပ် အလွမ်းတွေသာ နောက်ဆုံးလက်ဆောင် အဖြစ်
ငါ နှစ်သိမ့်ခဲ့ရပြီ။

ဆက်ဖတ်ပါရန်...