MM Blogger 2008 Mug (MMB08M) Open
1001Burmese
VS Top Blog sters
1001Burmese အသင်းသည် အဖြူရောင်အင်္ကျီ၊ ဘောင်းဘီများကို ၀တ်ဆင်ထားပြီး၊ ပြိုင်ဘက် အချို့ Blogsters အသင်းမှ အသင်းသားများကတော့ သူအရောင်နှင့်သူ ရောင်စုံများဝတ်ဆင်ထားကြပါတယ်။ သူတို့ ဘာလုပ်မယ်တော့ စဉ်းစားစရာပါခင်ဗျ။ ဘောလုံးဘဲကန်ကျမလား၊ Dota ကစားကျမလား၊ Counter ပစ်ကျမလား။ တိတိကျကျ မသိသေးပါဘူး။ တဖတ်ကလည်း လွှတ်ပါတယ်။ တစ်ခြားတစ်ဖက်ကလည်း။ ပြန်လွှတ်ပါတယ်၊ အဲ မထိအောင် ပစ်လို့ လဲ ပြောပုံရပါတယ်။ ပစ်တော့ပစ် မထိစေနဲ့ တဲ့ ခင်ဗျ။ မရပါဘူးခင်ဗျ 1001Burmese က အတင်းကိုတက်ဖိထားတယ်ခင်ဗျ။
ကစားကွက်ကတော့
1001က သူများဟာကွက်ကိုကြည့်ပြီး Counter ကစားပုံရပါတယ်။ ကစားတဲ့ အခါမှာလည်း နည်းနည်းကြမ်းတယ်ခင်ဗျ။ သို့ ပေမယ် ဘယ်သူမှ ကဒ်ပြမခံရဘူးခင်ဗျ။ ဟိုဘက်အသင်းသား နှစ်ယောက်ကတော့ သူဟာသူ အနီကဒ်ပြသွားတယ်ခင်ဗျ။ အဲ့ မကြာပါဘူးခင်ဗျ။ သူသဘောနဲ့ သူထွက်သွားတဲ့ အသင်းသားနှစ်ယောက်ပြန်ဝင်လာဖို့ သွေးပူလေ့ကျင့်ခန်းလုပ်နေတဲ့ခင်ဗျ။ တစ်ယောက်ကတော့ Injure အတော့ထိသွားတယ်ပုံရတယ်ခင်ဗျ။ 1001 ဘက်ကတော့ အားပေးသူသိပ်မများသလောက် တစ်ဖက်အသင်းအတွက်ကျတော့ ပရိတ်သတ်ကပါဝင်ကန်ပေးတယ်ခင်ဗျ။ 1001 ကလည်း WWF/WWE လို စည်းဝိုင်းထဲဝင်လာရင် ကျွေးမှာခင်ဗျ။ 1001 ရဲ့ Sniper ထောက်ချက်တွေကြောင့် သူ Blog ပေါ်မှာ သိပ်မအော်ကြဘူးခင်ဗျ။ လောလောဆယ်တော့ မောတွားဘီ။ ပြီးမှဆက်ကြေငြာမယ်။
ပျော်စေ၊ ကောင်းစေတဲ့ သဘောနဲ့ စတာပါ။ လူတွေဒီလောက်ပြောနေကြမှာတော့ ကျွန်တော်လည်း ကျွန်တော့သဘောထားကိုပြောပါရစေ။ This Post is Moved To Forum Due To Long Article.
သူမအလုပ်က ကမ္ဘာအနှံ့ လှည့်လည်သွားလာနေရသည်။ အထူးသဖြင့် ဥရောပနိုင်ငံများသို့ အသွားများသည်။ သူမလို အမြဲခရီးသွားနေသူတစ်ဦးအတွက် ဟိုတယ်၊ တည်ခိုခန်းတို့ မှာသူ့ ဘ၀ရဲ့ တစ်စိတ်တစ်ဒေသလိုဖြစ်နေသည်။ ဟိုတယ်တွေ၊ တည်းခိုခန်းတွေမှာပဲ သူမရဲ့ ညများကိုဖြတ်သန်းရသည်။ သူမနေသားကျလာသည်။ သူမှ၏ ချစ်သူနှင့်လည်း တစ်လတွင် တစ်ရံတစ်ခါမျှလောက်သာတွေ့ ဖြစ်သည်။ သူမှချစ်သူသည် ဆေးလိပ်သောက်သည်။ သူမနှင့်စတွေ့ ပြီးမှ ဖြတ်ခဲ့သည်။ သူမဆေးလိပ်ကို မုန်းသည်။ ဆေးလိပ်နံ့ ကလည်း အလွန်အကဲ အာရုံခံနိုင်သည်။ သူမ မကြိုက်ပါ။ သူမချစ်သူက ဆေးလိပ်မသောက်ပါဘူး၊ စီးကရက်သောက်တာပါဟုပြောသောကြောင့် သူမနှင့် ၂လကျော်မျှ အဆက်အသွယ်ပြတ်ခဲ့သည်။ သူမ ချစ်သူအမည်မှာ ရဲမင်းသူ။ ရဲမင်းသူက သူမ ဆေးလိပ်မသောက်ရန်တားသည်ကို သတ်သတ်ဂျီကြသည်အထင်နှင့် ထိုကဲ့သို့ ပြောခြင်းဖြစ်သည်။ သူမနောက်ကြောင်း သူမ၏နာကျဉ်းမှုများကို သိတော့မှ သူမအား ကတိပေးကာ ဆေးလိပ်ဖြတ်သည်။ သူမကို အရင်ကထက်ပိုဂရုစိုက်သည်။ သူမအတွက် လိုအပ်သည်အချိန်တွင် မင်းသူ အမြဲရှိနေ၍ သူမ သူ့ ကိုချစ်သည်။ သူမ အသက် ၁၇နှစ်အရွယ်တွင် သူမ အဖေက အဆုတ်ရောဂါဖြင့် သူမကို စွန့် ခွာသွားသည်။ ဆရာဝန်က ဆေးလိပ်အလွန်အမင်းသောက်သောကြောင့် မဖြစ်သင့်သော ဘေးသင့်မှုများဖြစ်၍ အသက်ဆုံးရကြောင်းပြောသည်။ သူမအမေ မရှိသည့်နောက် သူမ အဖေသည်သာ အဖေ၊ အဖေသည်သာ အမေ ဖြစ်ခဲ့သည်။ ချစ်သည်။ အားကိုးသည်။ ကဲ့သို့ သော အဖေတစ်ခု၊ သမီးတစ်ခု အခြေအနေတွင် သူမဘ၀ ထဲမှ သူမအဖေကို ထုတ်ယူသွားခဲ့သော ဆေးလိပ်ကိုသူမမုန်းသည်။ သူမကို ပညာသင်၊ လူမ၀င်မဆံ့ခင်ကတည်းက လောကအလည်တွင် တစ်ကိုယ်တည်းဖြစ်အောင် ဖန်တီးခဲ့သော ဆေးလိပ်များကို သူမ အလွန်မုန်းတီးနေသည်။ သူမတွင် ဆွေဆို၊ မျိုးဆို၍ တစ်ဦးတစ်ယောက်မျှမရှိ၊ သူမကိုယ်သူမ ရုန်းကန်ရင်း သူမအသက် ၂၁ နှစ် တက္ကသိုလ်ကျောင်းပြီးချိန်တွင် သူမဘ၀၌ သူမကို ဂရုစိုက်သော သူမချစ်သူနှင့်တွေ့ သည်။ သူမနှင့် တွေ့ ပြီးမှ ဆေးလိပ်ဖြတ်လိုက်သော်လည်း မင်းသူတွင် အဆုတ်ကင်ဆာဆွဲကပ်နေပေပြီ။
သူမ ဘ၀တွင် ဆေးလိပ်သည် လွန်စွာ အရေးပါ၊ အရာရောက်သော ကဏ္ဏမှ ပါဝင်ကာ သူမကို ခံစားစေခဲ့သည်။ သူမဆေးလိပ်ကို ရှောင်သည်။ ဆိုင်ထိုင်လျှင်လည်း Non-Smoking Area -၊ အလုပ်ကိစ္စ အတွက် Hotel တည်းလဲ Non-smoking နှင့် Smoking Room ခွဲခြားထားသော Hotel များ၌သာ တည်းသည်။
သူမနှင့်သူမချစ်သူတို့ ယခုနှစ်သစ်ကူးတွင် လက်ထက်ကြတော့မည်။ သို့ သော်သူမကတော့ အလုပ်ကိစ္စများ မပျက်သေး။ သူမ ဒီစင်ဘာ ၂၅ ရက်နေ့ တွင် သူမပြင်သစ်သို့ သွားရပေဦးမည်။ သူမ ချစ်သူအား New Year အမှီပြန်လာမည်ဟု ကတိပေးပြီးထွက်လာခဲ့သည်။
ဤခရီးစဉ်သည်သူမ အတွက်နောက်ဆုံးဖြစ်လိမ့်မည်။ ချစ်သူနှင့် လက်ထက်ပြီးသူမ အလုပ်မှထွက်၍ အိမ်၌သာ အေးအေးဆေးဆေး အိမ်ရှင်မလုပ်တော့မည်၊ ချစ်သူအတွက် အရင်မတွေ့ ခဲ့ရသော အချိန်များအတွက် အတိုးချ ဂရုစိုက်တော့မည်ဟု သူမစိတ်ကူးသည်။ သူမပြင်သစ်နိုင်ငံ ပဲရစ်သို့ ရောက်သည်။ ကြိုကင်ဘိုကင်မလုပ်ထားသည်ကတစ်ကြောင်း၊ ခရစ်စမတ်စ် ဖြစ်သည်ကတစ်ကြောင်း ဟိုတယ်တော်တော်များများမှာ အခန်းလွတ်များမရှိကြတော့။ ဤအတိုင်းဆို သူမအလုပ်ကိစ္စများကို New year မတိုင်မှီ အဆုံးသက်နိုင်မည်မထင်။ သူမ စိတ်ပျက်လက်ပျက်နှင့် အီဖယ်ရ် မျှော်စင်အနီးရှိ ဟိုတယ်တစ်ခုတွင် အခန်းလွတ်ရှိမရှိ ၀င်ရောက်စုံစမ်းသည်။ ကံအားလျော်စွာ သူမအခန်းတစ်ခန်းရသည်။ သို့ သော် Smoking Room ဖြစ်သည်။ သူမတွေဝေသွားသည်။ သူမ Non-Smoking Room ရှိမရှိမေးရာ ရှိကြောင်း၊ သို့ ပေမယ့် နှစ်ယောင်ခန်းဖြစ်ကြောင်း၊ တစ်ဦးထဲနေမည့်သူများကို ငှားလေ့မရှိကြောင်း ဟိုတယ်ဝန်ထမ်းမှဆိုသည်။ သူမ နှစ်ယောက်စာ အခန်းခပေးမည်ဆိုသော်လည်း လက်မခံ။ ဤအခန်းတွင် တစ်ယောက်တည်း လုံးဝမငှားနိုင်ကြောင်း၊ ထိုအခန်းတွင် တစ်ယောက်တည်းနေထိုင်ပါက အမှုအခင်းများဖြစ်တတ်သဖြင့်မငှားကြောင်း ရှင်းပြသည်။ သူမ သရဲ၊ တစ္ဆေနှင့် ယုတ်စွအဆုံး ဘုရားသခင်ကိုပင် အယုံအကြည့်မရှိ။ သူမအဖေ ဖျားနာစဉ်က သူမ ဘုရားသခင်ထံတွင် အမျိုးမျိုး၊ အကြိမ်ကြိမ် ဆုတောင်းခဲ့ဖူးသည်။ သူမ ထိုကတည်းက ဘုရားသခင်ကို အယုံအကြည်မရှိ၊ ၄င်းဟောကြားသော တရားများကိုလည်းအယုံအကြည်မရှိတော့။ သူမ ပြုံးသည်။ သူမ ဤအခန်း၌သာနေမည်ဟုပြောလိုက်သည်။ ဟိုတယ်ဝန်ထမ်းမှ သူမကို မန်နေဂျာနှင့်တွေ့ ပေးသည်။ သူမကို သူမ ဂျာနယ်လစ်လိုလို ပြောပါမှ ဟိုတယ်မန်နေဂျာမှ စိတ်မသာ၊ မယာနှင့် အခန်းသော့ပေးလိုက်သည်။ ဤသော့ကား သူမအသက်ကိုနုတ်ယူသွားနိုင်သောအခန်းတံခါးသော့ဖြစ်ကြောင်းသူမ မသိခဲ့။ဘာပဲဖြစ်ဖြစ်သူမှ ကျေနပ်သည်။ သူမ အတွက်က Non-Smoking Room ဖြစ်လျှင်ပြီးရောသဘောထားသည်။ သူမှ အခန်းသို့ တန်းမသွားပဲ ဟိုတယ်စားသောက်ခန်းတွင် ညစာစားသည်။ သူမ ဆက်သွယ်စရာရှိသည့် အလုပ်ကိစ္စများကို လုပ်ပြီးမှ သူမအခန်းသို့ လာခဲ့သည်။ သူမ ဓာတ်လှေခါးထဲဝင်၍ သူမှာ သွားရမည် အထပ်နံပါတ် ၁၄ ကို နှိပ်လိုက်သည်။ ယင်းဟိုတယ်တွင် ၁၃ ထပ်မရှိ။ ၁၄ ထပ်သည် ၁၃ထပ်မြောက်အထပ်ဖြစ်သော်လည်း အနောက်တိုင်းအယူအဆများအရ ၁၃ ကို Unlucky နံပါတ်ဟု အယူရှိသည်။ သူမပြုံးလိုက်သည်။ သူမတွင် ထိုသို့ အယူအဆများမရှိ။ သူမ အခန်းသည် အစွန်ဆုံးအခန်း၏ကပ်လျက်အခန်း နံပါတ် ၁၄၁၃ ဖြစ်သည်။ သူမ အခန်းတံခါးကို ဖြည်းငြင်းစွာဖွင့်လိုက်သည်။ သူမ အာရုံထဲတွင် ထူးဆန်းသော အငွေ့ အသက်များကို ခံစားရသည်။ အသက်ဝိညာဉ်များသူမအနီးတွင် ရှိနေသည်ဟုလည်းကောင်း ခံစားလာရသည်။ သူမစိတ်တွေ အလိုလို လေးလာသည်။ သူမကိုယ်သူမှ တစ်စုံတစ်ရာမှ တစ်စုံတစ်ခုဖြစ်တော့မည်ဟု သတိပေးနေသလိုလိုဖြစ်လာသည်။ သူမ စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ကာ ပေါ့ပေါ့ပါးပါးထားကာ လေကိုတ၀ကြီးရှုလိုက်သည်။ သူမ ရေမိုးချိုး၊ အ၀တ်အစားများလဲလိုက်သည်။ တနေ့ လုံးခရီးပန်းလာသမျှ ပေါ့ပါးလန်းဆန်းသွားသည်။
သူမနာရီကိုကြည့်လိုက်သည်။ ည ၈း၄၅ သူမ ချစ်သူဖုန်းဆက်တော့မည်။ သူမချစ်သူက သူမဘယ်နေရာရောက်ရောက် ည ၉ နာရီဆိုလျှင်ဖုန်းဆက်နေကြဖြစ်သည်။ ထိုမှဆက်၍ သူမ ချစ်သူအကြောင်းတွေးဖြစ်လာသည်။ သူမချစ်သူတွင် အဆုတ်ကင်ဆာရှိနေပြီ။ သူမနှင့် မကြာခင်မှာပဲ လက်ထက်တော့မည်။ မကြာခင်မှာပဲသူမကို ခွဲခွာသွားပေတော့မည်။ သူမ မျက်ရည်တွေဝဲလာသည်။ သူမ စိတ်တွေ ရှုပ်ထွေးလာသည်။ သူမ စိတ်ပြေလက်ပျောက် TV ကြည့်ရန် TV remote ကိုကောက်ကိုင်လိုက်သည်။ သူမ Power On လိုက်သော်လည်း TV ကပွင့်မလာ။ သူမ အကြိမ်ကြိမ် ကြိုးစားကြည့်သည်။ မရ။ သူမ Room Service ကို ဖုန်းခေါ်ရန် ဖုန်းရှိရာကိုလှမ်းလိုက်သည်။ သူမနှာခေါင်းထဲတွင် ဆေးလိပ်နံ့ ကို စူးစူးရှရှရလိုက်သည်။ သူမ မသေချာ၍ သေချာ ရှူရှိုက်ကြည့်ပြန်သည်။ ထိုဆေးလိပ်နံ့ မှာ ဤအခန်းအနီးတစ်ဝိုက်မှလာကြောင်းသူမ ရိပ်မိသည်။ သူမ ထောင်းကနဲ ဒေါသထွက်သွားသည်။ သူမကို ဤအထပ်တစ်ခုလုံးသည် Non-Smoking ဖြစ်ကြောင်းဟိုတယ်မှပြောထားသည်။ သူမ TV ဖွင့်မရသည်ကိုပင် သတိမရတော့ သူမဖုန်းကို ဇက်ကနဲ့ ကောင်ကိုင်၍ ဤအခန်းသည် Non-Smoking Room ဟုတ်မဟုတ်မေးသည်။
"ဟုတ်ပါတယ်ခင်ဗျာ။ ၁၄ထပ်တစ်ထပ်လုံးက Non-Smoking Zone ပါ"
"ဒါဆို အဲဒီ ဆေးလိပ်ငွေ့ တွေက ငါ့အခန်းထဲ ဘာကြောင့်ရောက်လာတာလဲ။ ငါမန်နေဂျာနဲ့ စကားပြောမယ်။"
သူမ ဖုန်းပြောရင်းနှင့် လေ၀င်လေထွက်ကောင်းရန် ၀ရန်တာတံခါးကို ဖွင့်လိုက်သည်။
.........................................................
သူမလက်ထဲမှ ဖုန်းသူမ၏ လက်ချောင်းအားအသိမပေးဘဲ လွှတ်ကျသွားသည်။ အကျီ င်္အနက်၊ Styel pant အနက်ရောင်၊ ဥရောပသားတစ်ဦး သူမကိုကျောပေးလျက် ၀ရံတာအပြင်ဘက်၌ ရပ်နေသည်။ ဆေးလိပ်ငွေ့ များကိုပါးစပ်မှ လွှတ်ထုပ်လိုက်သည်။ လက်ကြားတွင်းမှ ဆေးလိပ်အဆီခံကို လက်ချောင်းများဖြင့် ကန်ထုတ်လိုက်သည်။ ဆေးလိပ်အဆီခံသည် သူအဖော်များရှိရာ ၀ရံတာတစ်နေရာကြမ်းပြင်ပေါ်ရှိ အဆီခံများအတွင်းသို့ ဝင်ရောက်သွားသည်။ ထိုသူ မည်ကဲ့သို့ သူမအခန်းတွင်းသို့ ရောက်ရှိနေသနည်း။ သူမ ဖုန်းပြောနေစဉ် သူမအားအသိမပေးဘဲဝင်ရောက်နေခြင်းလော။ သူမ အခန်းတံခါးကို Lock ချခဲ့၊ မချခဲ့ သူမ မသေချာ။ သူမထိုသူကို စိုက်ကြည့်နေဆဲ။ သူမ Eiffel tower ကို မြင်နေရသည်။ သူမ၏မြင်ကွင်းကို ထိုသူက ကာနေခြင်းဖြစ်သော်လည်း ထိုလူ၏ ကိုယ်ခန္ခာကို ဖောက်၍ မြင်နေရခြင်းဖြစ်သည်။ သူမ အကြီးအကျယ် တုန်လှုပ်နေပြီ။ ထိုစဉ် ထိုလူက သူမကြည့်နေသည်ကို သိသည့်အနေဖြင့် သူ၏ပုခုန်းပေါ်မှ ကျော်၍ သူမကိုလှည့်ကြည့်သည်။ သူ၏မျက်နှာမှာ ၀မ်းနည်းကြေကွဲမှုများ ပြည့်နှက်နေသော်လည်း သူမကို ကြိုးစား၍ ပြုံးပြသည်။ သူမ ထင်သလောက်ကြောက်စိတ်များဖြင့်ပြည့်မနေတော့။ စိတ်ညှို့ ခံရသောလူတစ်ယောက်လို သူမ ရပ်ကြည့်နေဆဲ။ ထိုသူ သူမဘက်သို့ ဖြည်းငြင်းစွာလှည့်လိုက်သည်။ "လူ့ ဘ၀မှာ ဆုံးရှုံးမှုတွေအရမ်းများတယ်။ ဆုံးရှုံးပြီးရင်း ဆုံးရှုံးနေမှာဘဲ။ ကိုယ်ဘက်က မဆုံးရှုံးခင် ဘ၀ကို သေခြင်းနဲ့ ပဲအနိုင်ပိုင်းရမှာဘဲ။"။ ထိုသို့ ပြောပြီး ထိုသူသည် ၀ရံတာတစ်ဖက်သို့ လှည့်၍ အားကစားသမားတစ်ယောက်လို့ ဝရံတာတန်းပေါ်တွင် မတ်တက်ရပ်လိုက်သည်။ သူမတစ်လှမ်းခြင်း ထိုသူအနီးသို့ လှမ်းကာသွားသည်။ တီ..တီ.. တီ.. သူမhandphone မှအသံ။ သူမခြေလှမ်းများ ရုတ်တရပ် တန့် သွားသည်။ ထိုသူ ၁၄ထပ်အမြင့်ရှိသော ဟိုတယ်ပေါ်မှခုန်ချလိုက်သည်။ သူမ အသိစိတ်တို့ ပြန်ဝင်လာသကဲ့သို့  သူမရှေ့မှ ခုန်ချသွားသောသူကို ကြည့်၍သူမ အားကုန်အော်လိုက်မိသည်။
................................................။.......။.....................
"ဟင်...ခိုင်ဘယ်ရောက်နေတာလဲ..."
"ခိုင်...အခုဆေးရုံမှာ၊ ဘာမှမစဉ်းစားနဲ့ ဦး။ ခိုင်ဘေးမှာ မောင်ရှိတယ်" သူမလက်ကိုဆွဲကိုင်လျက်။
"ဟိုတယ်မှာ ခိုင်ကိုလူတစ်ယောက်က ခုန်ချဖို့ ပြောတယ်။ သူကိုယ်တိုင်လည်း ဟိုတယ်ပေါ်က ခုန်ချတယ်"
"ခိုင် ..အိပ်မက်တွေမက်နေတာပါ။ ခိုင်ဟိုတယ်မှာ မူးလဲလို ..့"
"မဟုတ်ဘူးမောင်..ခိုင်ကိုယ်တိုင်တွေတာ"
"......"
သူမ အော်သံကြောင့် ဟိုတယ်ဝန်းထမ်းများ သူမ အခန်းသို့ ရောက်လာပြီးသူမ မူးလဲနေသည်ကိုတွေ့ ရ၍ဆေးရုံပို့ ခဲ့ကြောင်း။ သူမချစ်သူသည် သူမဆေးရုံရောက်ရှိနေကြောင်းသိရသဖြင့် လိုက်လာကြောင်း။ ဟိုတယ်တွင် မည်သူမှ ခုန်မချခဲ့ကြောင်း သူမသိရသည်။ သူမဆေးရုံမှ ဆင်းသည်။ သူမနှင့် ချစ်သူ ထိုဟိုတယ်သို့ ပြန်သွားသည်။ ထိုအခန်း၌ တည်းသည်။ လွန်ခဲ့သောနှစ်နှစ်ခန့် က ထိုအခန်းတွင်းတွင် စီးပွားရေးသမားတစ်ယောက် ခုန်ချ၍ကိုယ်ကိုကိုယ် သေကြောင်းကြံခဲ့ကြောင်း၊ ထိုနောက် ထိုအခန်းတွင် တစ်ယောက်တည်းတည်းသော ခရီးသည်များ တနည်းမဟုတ်တနည်းဖြင့် သေကြောင်းကြံခဲ့ကြောင်းသိရသည်။ ထိုမှစ၍ တစ်ယောက်တည်းခရီးသည်များကို ထိုအခန်းတွင်လက်မခံခဲ့ကြောင်း။ ဟိုတယ်တစ်ထပ်လုံးကိုလည်း ၀ရံတာများဖျက်၍ အသစ်ပြန်ဆောက်ခဲ့ကြောင်း သိရသည်။ သူမ အခန်းတစ်ခန်းလုံးကို လှည့်ပတ်ကြည့်သည်။ အခန်းက သူမနေခဲ့စဉ်ကလိုပင်။ သူမ ၀ရံတာတံခါးကို ဆွဲဖွင့်ကြည့်သည်။ တံခါးမဟုတ် တံခါးသဏ္ဏန် ပြူတင်းပေါက်တစ်ခုသာဖြစ်သည်။ အရင်က ဆေးလိပ်အဆီခံများ ပြည့်နေသော ၀ရံတာကြမ်းပြင်ရှိမနေ။ ၀ရံတာလည်းရှိမနေ။ ပြင်သစ်မြို့ ၏ အေးမြသော လေပြည်လေညင်းတို့ သာ.....
<၀န်ခံချက်။ ။ဖြစ်ရပ်မှန်ကို အခြေခံသည်>
သင် သရဲရှိသည်ကို အယုံအကြည်ရှိပါသလား။
ယုံကြည်လျှင် သင် သရဲမြင်ဖူးပါသလား။
မြင်ဖူးလျှင် မည်သို့ မည်ပုံ မြင်ဖူးပါသလား။
ကျွန်ုပ် အမည် သက်ပိုင်။ ကျွန်ုပ် အသက် ၂၀ နှစ်တွင် သေဆုံးခဲ့သည်။ မိုးသည်းထန်စွာရွာသော နေ့ တစ်နေ့ ၌ ဓာတ်တိုင်တစ်တိုင်အနားတွင် လူမသိသူမသိ ဓာတ်လိုက် သေဆုံးခဲ့ခြင်းဖြစ်သည်။
ကျွန်ုပ်သေပြီးသော် ကျွန်ုပ်၏ အလောင်းကောင် (ခေါ်) ကိုယ်ခန္ခာကြီးကို မြေမြှပ်ပစ်ကြတော့မည်။ တော်သေးသည်။ စာရေးသူကျွန်ုပ်သည် မြေမြှပ်ခံနေရသော ကိုယ်ခန္ခာထဲတွင် မရှိတော့သောကြောင့်။ ဖြစ်ချိန်တန်ဖြစ်၊ ပျက်ချိန်တန်ပျက် ဟူသော စကားသာမှန်ခဲ့လျှင် ကျွန်ုပ်အား ကိုယ်ခန္ခာမှ ထုတ်ယူပေးလိုက်သော လျှပ်စစ်ဓာတ်အားများကို ကျေးဇူးတင်ရပေမည်။ ၄င်းတို့ သာမရှိ၍ ကျွန်ုပ်ကို ကိုယ်ခန္ခာအတွင်းမှ မထုတ်ယူခဲ့လျှင် ထိုသုဘရာဇာ ကုလားမဲက တူးချိန်တန်တူး မြှပ်ချိန်တန်မြှပ်ရာတွင် ကန့် လန့် ကန့် လန့် နှင့် နှစ်မွန်းသော၊ ကျပ်ပိတ်သော၊ အထီးကျန်သော ဝေဒနာများကို မချိမဆန့် ခံရပေလိမ့်မည်။ ပျက်ချိန်တန်လျှင်ပျက်လေ့ရှိသော လျှပ်စစ်မီးတီထွင်သူ အယ်လ်ဒီဆင်ကို ကျေးဇူးတင်ထိုက်ပေသည်။ ၄င်းကျေးဇူးဖြင့် ကျွန်ုပ်က ကျွှင်းဘေးရပ်လျက် ပြုံးပြုံးကြီး။
သေသူကို မြေမြှပ်၊ သင်္ဂြိုလ်မှုပြုသော် အသုဘခေါ်သည့် ကျွန်ုပ်အတွက်ရည်ရွှယ်သော ဤအခမ်းအနားကြီးသည် ကျွန်ုပ်မြင်ဖူးသမျှ အသုဘများနှင့်မတူ၊ အုပ်အုပ်ကြပ်ကြပ် မစည်ကားသော်လည်း ပျော်ရွှင်ဖွယ်အလျှူပွဲကဲ့သို့ ။ ကလေးငယ်တွေကလည်း ကလေးငယ်တွေ အလျောက်အထိန်းအကွပ်မရှိ သောက်ကညင်းဂျော်ထ၊ ဂေါ်လီရိုက်၊ ဖိနပ်ပစ်၊ စုံနေအောင်ကစားကာပျော်မြူး၊ လူကြီးတွေက လည်းလူကြီးတွေအလျောက်
ကျောင်းဆယ်ခေါက်သွားစရာမလိုပဲ ဆယ်ခေါက်စာ ကုသိုလ်တွေနဲ့ တစ်လုံးတစ်ဝကြီးရယ်။ ယောကျာ်းတွေက နိုင်ငံရေး၊ စီးပွားရေး၊ အားကစားစုံအောင် စကားတွေဖောင်ဖွဲ့ ၊ မိန်းမတွေကလည်း ဟိုရုပ်ရှင်ကားက ဟိုလို၊ ဟိုကောင်က သည်လိုစသဖြင့် အတင်းအဖျင်းတွေစုံလင်စွာ။ ကျွန်ုပ်နှင့် လ္ဘက်ရည်သောက်နေကြ ရွယ်သူသူငယ်ချင်းအချို့ သာ မဲ့တဲ့တဲ့နှင့် မွှေဖော်မွှေဖက်အတွက် တရှုံ့ရှုံ့နှင့်။ သူများပျော်လို့ မပျော်နိုင်ဘူး။ အဖျက်ကောင်တွေပေါ့။ ကျွန်ုပ်ကတော့ ကိုယ့်ပွဲလာ ပရိတ်သတ်ကို အပြုံးပန်းအမျိုးမျိုးနှင့် တစ်ဟီးဟီး တဟားဟား ရယ်ကာဧည့်ဝတ်ပြု၊ ကျောင်းဆယ်ခေါက်စာကုသိုလ်တွေ ပေးနေတုန်း။ ထိုစဉ်ခဏ ပွက်လောရိုက်နေသောလူအုပ်ကြီးမှာ ရုတ်တရက် တိတ်ဆိတ်သွားသည်။ ကျွန်ုပ် ရယ်သံအချို့ သာကျန်။ ကျွန်ုပ်လည်း အံ့သြ၍ ကိုယ်ရှိန်သတ် အရယ်ရပ်လိုက်ကာမှ ၄င်းတို့ က ဟိုဟိုသည်သည်ကျီးကန်းတောင်းမှောက်ကြည့်၊ ပါးစပ်ကလည်း ပွစိပွစိနှင့် ဟိုရွတ်သည်ရွတ် လှုပ်ရှားလာသည်။”ဟ..ဘယ်လိုတုန်း ဒီပွဲမှာ ငါကအကြီးအကဲပဲ၊ ငါပဲအတွင်းရေးမှုး၊ ငါပဲ အခမ်းအနားမှုး၊ ငါပဲ…ငါပဲ ဟာကို သူတို့ ကဘာကို ပွစိပွစိလုပ်ကြသနည်း။ အသုဘမှာငိုမှပဲ…” ။ ကျွန်ုပ် ငိုချလိုက်သည်။ “ဗျဲ…” ခနဲဆိုရုံ အသံထွက်တယ်ဆိုရုံလေး ရွှေပွဲလား ပရိတ်သတ်တွေက ပြေးလိုက်တာ ကစဥ့်ကလျားနှင့် ဆန္ဒပြလို့  သေနတ်နဲ့ လိုက်ပစ်တဲ့အတိုင်းပဲ။ တူးချိန်တန်တူးထားတဲ့ သကောင့်သား သုဘရာဇာလည်း ပေါက်တူးကိုင်ပြီးပြေးလိုက်လာ ကျွန်ုပ် ကိုယ်ခန္ခာကြီးကို သည်အတိုင်းထားသွား ပါကလား။ (သည်အတိုင်းဆိုရင်းမှာ မြေကြီးပေါ်၌ထားသွားခြင်းဖြစ်သည်။ အကျီ င်္၊ လုံချည် ပါပါသည်။) ငိုလဲပြေး၊ ရယ်လဲ ပွစိပွစိ၊ ထောက်ခံပါသလားလို့ အော်မှ နောက်ကနေ ထောက်ခံပါတယ်လိုက်အော်မယ့် လူစားတွေပဲ။ “မထူးပါဘူး၊ ငါ့ခန္ခာကိုယ် ငါပဲ ကျွှင်းထဲချရပါ့။ မြေကြီးတွေတော့ သူဟာသူလာဖို့ ပါစေ…ရာရာစစ….”
ကျွန်ုပ်၏ အသုဘမည်သို့ မည်ပုံ ဤမျှ ပျော်ရွှင်ဖွယ်ကောင်းခဲ့သနည်း။
ကျွန်ုပ်သည် တစ်ကောင်ကြွက်။ လူတွင် အဖေတစ်ခု၊ အမေတစ်ခု နှစ်ခုရှိကြသည်ဟုဆိုသည်။ ကျွန်ုပ် ထမင်းစားတတ်စအရွယ်တွင် အဖေတစ်ခု နှင့် အမေတစ်ခု တို့ မှာ ထမင်းမစားကြတော့။ ကျွန်ုပ်လည်း သူတို့ အား ထမင်းစားစောင့်ရန် မလိုဟုသိရသည်။ ကျွန်ုပ် ကြီးတော်ကြီးနှင့်နေသည်။ ကြီးတော်တစ်ခု၊ တူတော်တစ်စုံတို့ နေလာကြရာ ကျွန်ုပ် နို့ သောက်တတ်သော အရွယ် (လ္ဘက်ရည်ဆိုင် ထိုင်၍နွားနို့ သောက်သောအရွယ်) ၌ ကြီးတော်ကြီးသည် ယခုကျွန်ုပ်ကဲ့သို့  အခမ်းအနားကျင်းပသွားခဲ့သည်။ ကြီးတော်ကြီး၏ အခမ်းအနားတွင် ကျွန်ုပ် နှာချီးထွက်သည်အထိငိုသည်။ ယခုကဲသို့ ပျော်ရွှင်ဖွယ်ကောင်းမှန်းသိခဲ့လျှင် ကျွန်ုပ် ကြီးတော်နှင့် လိုက်သွားမိပေလိမ့်မည်။ ကျွန်ုပ်နောက်မကျသေးပါ။ ကျွန်ုပ်နောက်တွင် ရောက်လာမည့် သက်ကြီးရွယ်အိုများ၊ သက်တူတန်းတူများများစွာ ကျန်ရှိနေသေးသည်။ ကျွန်ုပ်တစ်ကိုယ်ကောင်း မဆန်သင့်ပေ။ ကျွန်ုပ်နှင့် ရင်းနှီးသော၊ ကျွန်ုပ်ချစ်ခင်သော သူများကို ပြောပြရပေဦးမည်။ ကောင်းသည့်ကိစ္စဆိုလျှင် ရင်းနှီးသူ၊ ချစ်ခင်သူ တို့ ကိုသာဦးစားပေးသင့်ပေသည်။
ကျွန်ုပ် ခန္ခာကိုယ်ကြီးကို နှုတ်ဆက်၍ အိမ်ပြန်ခဲ့သည်။ကျွန်ုပ်အနီးသို့ မျက်နှာစိမ်းတစ်ယောက် လာကာ “မင်း ဘယ်ကလဲ၊ ဘယ်ကိုလဲ။ ဘာလုပ်ဖို့ လဲ၊ ဘာကောင်လဲ”..
ကျွန်ုပ်။ ။”ဟ… ဘီးဂျဲက ချဲလှချည့်လား၊ ကျုပ်က ကျုပ်အိမ်ကျုပ်ပြန်မလို့ ။ ခင်ဗျားက ဘယ်သူလဲ။ ဘာလဲ။ ”..
မျက်နှာစိမ်း။ ။"သြ... ငါကသည်နေရာမှာ အကြီးအကဲပဲ။ မင်းက ယမန်နေ့ က ဓာတ်လိုက်သေသွားတဲ့ကောင်မဟုတ်လား။ ငါက မင်းသေတဲ့အချိန်မှာ အဲဒီဓာတ်တိုင်အနားမှာ ရှိတယ်ကွ။ ဟားဟား။ မင်း တွန့် လွန့် တွန့် လွန့် နဲ့ ဗရိတ်ဒန့် (စ်) ဆွဲနေတာ"
ကျွန်ုပ်။ ။"အဲဒီတုန်းက ကျွန်တော်အနား ဘယ်သူမှမရှိပါဘူးဗျာ။ ခင်ဗျားရှိလည်း ခင်ဗျားလည်းဓာတ်လိုက်မှာပဲ။ အဲဒီအနီးတ၀ိုက်ရေထဲ လျှပ်စစ်စီးနေတာပဲ ဟာကို"
မျက်နှာစိမ်း။ ။"ငါကသရဲပဲ။ ဓာတ်လည်းမလိုက်ဘူး။ မင်းလည်းငါ့ကို မမြင်ရဘူး။ "
ကျွန်ုပ်။ ။"အခုကျုပ် ခင်ဗျားကိုမြင်ရသားပဲ"
မျက်နှာစိမ်း။ ။"မင်းလဲသရဲဖြစ်မှတော့ မြင်ရတော့မပေါ့"
ကျွန်ုပ်။ ။"သရဲ.....ကျုပ်ကသရဲ"
မျက်နှာစီမ်း။ ။"ကိုယ်လူက သရဲဖြစ်နေပြီ။ ကိုယ်လူ လူ့ ဘ၀ကဘာကောင်းမှုကုသိုလ် လုပ်ဖူးသလဲ။ အဲဒါတွေအမှတ်ရပြီး မြို့ စောင့်နတ်မင်းဆီမှာ မင်းနေစရာသွားတောင်းပေတော့။ မင်းအိမ်က မင်းနဲ့ ဘာမှမဆိုင်တော့ဘူးကွ။ ဟား..ဟား ကိုယ်လူက သိပ်နုံတဲ့သရဲပဲ၊ လစ်ပြီကွယ်"
ကျွန်ုပ် သရဲဖြစ်မှန်းမသိဖြစ်နေပြီ။ သြ.. ဒါကြောင့် ငါ့ရီသံ၊ ငိုသံတွေကို လူတွေကြားပြီးလန့် တာကိုး။ ပုံပြင်ထဲက သရဲလို ငါက မျက်လုံးပြူးကြီး၊ လျှာတန်းလန်း အရှည်ကြီးလည်းမဟုတ်ဘူး။ ပုံမှန်လူလိုပါပဲလား။ ကျွန်ုပ် သရဲဖြစ်ရသည်ကို သဘောတွေ့ သွားသည်။ လူတွေကို လိုက်စမည်။ နောက်မည်။ လုပ်ချင်တာလုပ်လို့ ရပြီပေါ့။ ကျွန်ုပ်အိမ် ကျွန်ုပ်နှင့် မသက်ဆိုင်တော့ဟူသောအဆိုကို တော့ကျွန်ုပ်လက်မခံချင်။ ကျွန်ုပ် အိမ်ကိုဆက်လျှောက်သွားသည်။ ကျွန်ုပ်အိမ်၌ လူများစည်ကားနေဆဲ။ ဖဲရိုက်သူရိုက်၊ အတင်းတုပ်သူတုပ်နေသူတွေပြည့်နေသည်။ ကျွန်ုပ်သေ၍ ၀မ်းနည်းနေသူတစ်ဦးမျှပင်မတွေ့ ။ ကျွန်ုပ်အိမ်ရှိအဖိုးတန်ပစ္စည်းများလည်း မရှိတော့။ သြ..သည်အခမ်းအနားကြီးက ငါ့ပစ္စည်းတွေ အရေဖျော်ပြီးလုပ်ကြတာကိုး။ ထိုစဉ် မျက်နှာစိမ်းတစ်ယောက် ကျွန်ုပ်ကိုစကားလာပြောပြန်သည်။ သူကိုသူ အိမ်စောင့်နတ်ဟုဆိုသည်။ ကျွန်ုပ်အား သည်နေ့ မှစ၍ နောက်ခုနှစ်ရက်အထိသာ အိမ်ထဲဝင်ထွက်ခွင့်ရှိကြောင်း ရာဇသံပေးသွားသည်။ ကျွန်ုပ်အိမ်ထဲ လျှောက်ကြည့်နေရင်းနှင့်ပင် အာရုံဦးတွင် ဘုန်းကြီးများရောက်လာသည်။ ရပ်ကွက်လူကြီးနှင့် အခြားဧည့်များလည်းပါလာသည်။ ကျွန်ုပ်ရှေ့ဆုံးတစ်နေရာတွင် ထိုင်လိုက်သည်။ ကျွန်ုပ်ပေါ်သို့  ရပ်ကွက်တကာလှည့် အတင်းတုပ်နေသော ဇီးကွက်မကြီးဒေါ်ပြူး၏ တင်ပါးကြီးက တက်ထိုင်တော့သည်။ ကျွန်ုပ်လည်းအလျင်အမြန်ရှောင်လိုက်ရသည်။ ဘုန်းကြီးများပြန်သွားကြသည်။ ကျွန်ုပ်လည်းရပ်ကွက်ထဲလှည့်ပတ်ရင်း ရပ်ကွက်ထိပ်က နတ်ကွန်းသို့ သွားကာ မြို့ စောင့်နတ်ထံ နေရာတားလေရာ နတ်မင်းက ကျွန်ုပ်လူ့ ဘ၀တွင် ကုသိုလ်ကောင်းမှုလုပ်ခဲ့သည်များကို စဉ်းစားစေသည်။ ကျွန်ုပ်အတွက် နေထိုင်စရာ အတည်တကျမရှိ။ ကျွန်ုပ်တွင် ကောင်းမှုကုသိုလ်မရှိခဲ့။
ကျွန်ုပ်နတ်ကွန်းမှ ပြန်ကာရပ်ကွက်ထဲ လျှောက်သွားနေသည်။ ကျွန်ုပ် ထိုင်နေကျ လ္ဘက်ရည်ဆိုင်၏ နေရာလွတ်တခုတွင် ၀င်ထိုင်သည်။ လ္ဘက်ရည်မှာရန် လှမ်းခေါ်သည်။ စာပွဲထိုးမှ မကြား။ သူတင်မက မည်သူမှလည်းကြားပုံ မပေါ်။ ကျွန်ုပ်သူငယ်ချင်းများ ရောက်လာသည်။ ကျွန်ုပ်ထိုင်နေသော စားပွဲတွင်လာထိုင်ကြသည်။ စကားများပြောကြသည်။ ကျွန်ုပ်ဝင်ပြောသည်။ ၄င်းတို့ က မကြား။ အရေးတစက်မျှပင်မလုပ်။ သူတို့ ပြောချင်တာပြောကြသည်။ ကျွန်ုပ် စားပွဲဝိုင်းပေါ်ရှိ မုန့် များကို နှိုက်စားသော်လည်းမရ။ ၄င်းတို့ ဟာ၎င်းတို့ စားသောက်က ပိုက်ဆံရှင်းပြန်သွားကြသည်။ ကျွန်ုပ်စိတ်ပျက်လက်ပျက်နှင့် လမ်းထိပ်ထွက်ခဲ့သည်။ ယခုဆို ကျွန်ုပ် တကယ်ပင် အထီးကျန်နေပေပြီ။ ဘိန်းမုန့် ဆိုင်အနီးက ကျွန်ုပ်ဘိန်းမုန့် ကျွေးနေကြ ခွေးပင်ကျွန်ုပ်ကို ဟောင်ကာ ဟောင်ကာ ထွက်ပြေးသည်။ ကျွန်ုပ် အိမ်ပြန်ခဲ့သည်။
ဒီလိုနဲ့ ၇ ရက်မြောက်သောနေ့  ကျွန်ုပ်တွေ့ ပြန်ပြီ အိမ်စောင့်နတ်ကြီး။ ကျွန်ုပ် ဘုရားရှိခိုးတိုင်း အိမ်စောင့်နတ်ကြီးကျန်းမာပါစေ ဆုတောင်းပေးခဲ့သော၊ ကျွန်ုပ်ကြီးတော်ကြီး ပူဇော်ပါ့သခဲ့သောခဲ့သော၊ ကျေးဇူးတွေကို မှမထောက် ကျွန်ုပ်မွေးကတည်းက နေထိုင်ခဲ့သော အိမ်ကြီးမှ ကျွန်ုပ်ကို အားမနားလျှာမကျိုး နှင်ထုတ်တော့သည်။ ခေါ်ပြောသူမဲ့၊ စနောက်ခြောက်လန့် ရန်ဝေးစွ နေထိုင်စရာပင်မရှိတော့သော ကျွန်ုပ်သရဲအဖြစ်ပါလား။ ကျွန်ုပ် လမ်းဘေးအုတ်ခုံပေါ်တွင်ထိုင်နေသည်။ လမ်းသွားလာများက ကျွန်ုပ်ကိုမမြင်ပါ။ အချို့ ဆိုလျှင် ကျွန်ုပ်အပေါ်သို့ အမှိုက်သရိုက်ပေါင်းစုံပင်ပစ်ချသေးသည်။ ကျွန်ုပ်လမ်းထိပ်ညောင်ပင်ကြီး ဘက်သို့ ထွက်ခဲ့သည်။ "ဟေ့.. ကောင်လေး" ။ ကျွန်ုပ် ရုတ်တရက်ခေါ်သံကြောင့် အသံလာရာသစ်ပင်ထက်သို့ မော့ကြည့်လိုက်သည်။ "အလို..ဦးလေးသိန်း... "။ ဦးလေးသိန်းဆိုသူကား အမြဲတစေ အကြောတက်တတ်သူဖြစ်သည်။ကျွန်ုပ်က နှိပ်ပေးနေကြဖြစ်သည်။ ကျွန်ုပ်အား လ္ဘက်ရည်ဖိုးပေးနေကြဖြစ်သည်။ ရပ်ကွက်မှ လူချမ်းသာတစ်ဦးဟု ဆိုနိုင်သည်။ သူ့ လောက်ကောင်းမှုလုပ်သူလည်း သူတည်း။ သူအသုဘသည်ကား စည်ကားလှပါရောလား။ ငိုမဲ့ဆွေမျိုးတွေ၊ မိန်းမ၊ သားသမီးတွေ နဲ့ ကျေးဇူးခံကျေးဇူးစားတွေက မနည်း။ ကျွန်ုပ်ပင်သူ့  ရက်လည်ဆွမ်းကြွေးတွင် သွားစားရင်း ၀မ်းနည်းခဲ့သေးသည်။ ၄င်းလို အလျှုရေစက် လက်နဲ့ မကွာတဲ့သူက အဘယ်ကြောင့် သရဲ၊ နာနာဘာဝဘုံသို့ ရောက်နေရသနည်း။ "မင်းတွေးနေတာတွေငါသိတယ်.... ငါဒီညောင်ပင်ကြီးမှာနေတာက ငါ့မိန်းမကိုဒီကနေစောင့်နေတာ။ မင်းမှာ အခုနေစရာမရှိဘူးမှတ်လား။ မင်းသည်ညောင်ပင်မှာ နေနိုင်တယ်။" ကျွန်ုပ်ကျေးဇူးတင်ကြောင်းပြောသည်။ တကယ်တော့ ကျွန်ုပ် ဤသရဲဘ၀တွင် မနေလိုတော့။ စိတ်ပျက်လှပြီ။ လွတ်မြောက်ချင်သည်။ လူတွေထံ အမျှဝေ၊ ကောင်းမှုပြုပေးရန် အကူအညီတောင်း၍ လည်းမရ။ တောင်းခွင့်ကြုံနိုင်လျှင်လည်း ကြောက်လန့် တကြားဖြစ်ကြသည်။ တစ်ခါတစ်ရံ ကျွန်ုပ် ညောင်ပင်အောက်တွင်ထိုင်နေသော အခါတွင် ကျွန်ုပ်ကို သေးဖြင့်ပန်းရန်ဦးတည်လာသော သူများကိုလည်းရှောင်ရှားရသေသည်။ ၄င်းတို့ ကို ကျွန်ုပ်က စကားဖြင့်ပြောခွင့်မရှိ။ လက်ဖြင့်လုပ်၍မရ။ ကျွန်ုပ် သစ်ကိုင်းများချိုးချခြင်း၊ ညောင်စေ့ဖြင့်ပေါက်ခြင်းများသာပြု၍ ခြောက်လှန့် တားမြစ်သည်။ထိုသို့ ဖြင့် ကျွန်ုပ်သည် သရဲသက်ပိုင်ဟူသော ဂုဏ်ထူးတစ်ခုဖြင့် နာမည်ကြီးလာသည်။ တညနေ ကျွန်ုပ် သစ်ကိုင်းတစ်ကိုင်းတွင် ထိုင်နေစဉ် ....
"အား.....သ...ရဲ.."
"ဘုတ်"
ဘုတ် ဟူသောအသံမှာ ကျွန်ုပ်လန့် ၍ပြုတ်ကျခြင်းဖြစ်သည်။ ထိုသူက တော့ လှည့်မကြည့်ပဲ တချိုးတည်းပြေးတော့သည်။ ၄င်းဟာ၎င်း ကံနိမ့်၍ ကျွန်ုပ်ကို မြင်တွေ့ ခဲ့သော်လည်း ရပ်ကွက်ထဲတွင်ကား ကျွန်ုပ်က မျက်လုံးကြီးပြူးပြ၊ လျှာကြီးထုတ်ပြ၍ ခြောက်လှန့် နေသည်။ အူတွေကလီစာတွေ ထုတ်ပြသည်။ သစ်ပင်အမြင့်ပေါ်မှ ခုန်ချပြသည်ဟု တစ်ယောက်စကား တစ်ယောက် စကားတွေ ကားကားပြီး ပြောဆိုကြသည်။ ကျွန်ုပ် ကိုယ်ထင်ပြချင်တိုင်းပြ၍ မရပါ။ ကျွန်ုပ် မျက်လုံး မပြူးပါ။ လျှာရှိသည်။ မရှည်ပါ။ အူတွေနှလုံးတွေလည်း ထုတ်ပြ၍ မရပါ။ ကျွန်ုပ် ဤမျှ ဆင်းရဲလှသောဘ၀တွင် နေရသော်လည်း ၄င်းတို့ က ကျွန်ုပ်ထင်တိုင်းကျဲနေသည်ဟုထင်ကြသည်။ ပရိတ်တွေ၊ ဘာတွေရွတ်ကြသည်။ နောက်ဆုံး ကျွန်ုပ်သည် ၄င်းတို့ ပြုပေးသောကောင်းမှုများကြောင့် ကျွန်ုပ်လွတ်လပ်ခွင့်ရသည်။ ကျွန်ုပ် ကိုယ်ခန္ဒာ၏ပါးစပ်တွင်း၌ ကျွန်ုပ်ကို ထည့်ပေးလိုက်သော ကူးတို့ ခ တမတ်စေ့ကိုယူသည်။ ကျွန်ုပ်သွားရမည့်လမ်းကို ရောက်မည့် တံတားတခုရှိသည်။ တံတားအဆုံးတွင် တံခါးတစ်ခုရှိသည်။ အပ္ပါယ်တံခါးလား၊ ဘာလား ကျွန်ုပ်မသိ။ တံခါးတဖက်တွင် ဘာတွေရှိသည်၊ ဘာတွေဖြစ်နေသည် ကျွန်ုပ်မသိ။ ကျွန်ုပ်တံခါးတစ်ဖက်သို့ ရောက်လျှင် ဤစာကိုဆက်ရေးနိုင်မည်မှာ မသေချာတော့။ သေချာသည်ကလူပြည်ကိုပြန်လာခွင့်ရလျှင် ဆေးတစ်ခွက်ကိုသောက်ရပေလိမ့်သည်။ ထိုဆေးကား ကျွန်ုပ်၏ အတိတ်ကို မေ့စေပေဦးမည်။ ထိုကြောင့် ကျွန်ုပ် ဤ ကျွန်ုပ်နှင့် ဘ၀ခြားသွားခြင်း ခေါင်းစဉ် ပေးထားသော စာတမ်းအား တံတား၏တစ်ဖက်ကမ်း၌ ထားခဲ့သည်။
ကြာတော့ကြာခဲ့ပါပြီ။ တစ်ခါတုန်းကပေါ့….
ပြည့်စုံနေတဲ့ ရေခဲသေတ္တာနဲ့ တူတဲ့ ထိုတောအုပ်ကြီးထဲတွင် (ချောကလက်တွေ၊ Juice အသားဘူး၊ ငါးဘူး တွေမရှိပေမဲ့ သဘာဝတရားကပေးတဲ့ သစ်သီးသစ်ဖုတွေ၊ စမ်းရေအေးအေးလေးတွေ၊ တောကောင်၊ ငှက်ကောင်တွေ ပြောပါတယ်) လိုသလိုထုတ်စားနေတဲ့ ရေခဲသေတ္တာပိုင်ရှင် (တရားမ၀င်) မုဆိုးတစ်ယောက် ရှိသတဲ့….
မိုးထဲရေထဲ အီးဗုံးဆွဲ (အဲ) လေးတံဆွဲပြီး အမဲလိုက်တဲ့၊ တွေ့ ရာအကုန်လိုက်တဲ့ မုဆိုး… ဟုတ်တယ်… အဲဒါကျွန်တော့ရဲ့ ဇာတ်လိုက်ကြီး ငလတ်ကျော် ပါပဲ။
သူစံမြန်းရာ မုဆိုးဘုံ မုဆိုးနန်းကို တဆိတ်ဖော်ပြပါအံ့။
ငလတ်ကျော်
HDB (၇) ထပ်လောက် အမြင့်ရှိတဲ့ သစ်ပင်ထီးထီးကြီး(အထီး)ပေါ်မှာ ကျွန်တော့ရဲ့ ဇာတ်ကောင် မောင်ငလတ်ကျော်က ကွန်ပျူတာ ခပ်စုတ်စုတ်တလုံးနှင့် အိစိစိမွေ့ ရာတလုံးကို ပိုင်ပါတယ်။ သူသည် အရက်သောက်သည် (သို့ သော် မသောက်နိုင်)၊ ကာမေသုကို စိတ်မ၀င်စား (သူ့ အပြော)၊ ဖဲကစားသည် (သို့ သော် အမြဲရှုံး)၊ သဘောကောင်းသည် (သို့ သော်ပွစိပွစိ)……
ထူးဆန်းသောမုဆိုး
တောလိုက်တဲ့ မုဆိုး၊ သားကောင်ပစ်တဲ့ မုဆိုးက တစ်ခါတစ်လေ သတ်သတ်လွတ်စားသေး။ ဒီလိုပါ.. သားကောင်မပစ်ပဲ တောထဲ ထောက်ချောက်လျှောက်ဆင်နေတဲ့နေ့ သူသတ်သတ်လွတ်စားသည်။ ကောင်းပါ့…
ထောက်ချောက်မှားမိမဲ့ သားကောင်လေးတွေကို မျက်လုံးထဲ မြင်ပြီး သူဘုံနန်းထဲမှာ သတ်သတ်လွတ်စားနေသည်။ထိုစဉ် အင်အားမည်မျှရှိသည်မသိသော၊ မည်သည့်နေရာကို ဗဟိုပြုသည် မသိသော လေမုန်တိုင်းတစ်ခု (သေချာသည်က သူ့ ဆီကို) တိုက်ခတ်လာသည်။ သူသည် အမဲလိုက်သည်။ ကျားဖမ်းလျှင် ကြောင်မိ၊ ပျားဖွပ် လျှင် ပျားတုပ်ခံရ ဤမျှတော်သောမုဆိုးကျောိ၊ လိုတာမရ ရတာမလို ဖြစ်နေသည်။ မုန်တိုင်းကမည်သို့ မည်ပုံလုပ်လိုက်သည်မသိ မုဆိုးကျော် ငလတ်ကျော်က အတုံးအရုံးဆိုသလို သူ့ စိတ်တွင် ကရောင်ချောက်ခြား၊ မုဆိုးဟူသည် မုဆိုးပင်၊ သားကောင်လိုက်လည်း မုဆိုး၊ အချစ်လိုက် လည်းအချစ်မုဆိုး၊ မယားသေလည်း မုဆိုး၊ သူ ဤမုဆိုးဘ၀တွင်သူ မနေလို၊ ငြီးငွေ့ လာသည်။ စိတ်ပျက်လာသည်။ စိတ်ကုန်လာသည်။ …………………………
……………….။ သူ ရသေ့ဝတ်လိုက်သည်။…..ဒီလိုနှင့်..
သံဃာတော်များအတွက်သာ
(အချစ်ရထားပေါ်မှ သတိပေးစာ)
ရသေ့အနေဖြင့် မည်မျှကြာသည် မသိ သူနေခဲ့သည်။ ကံကြမ္မာ၏ ‘ဂ’ ငယ်ကွေ့ တနေရာမှာတော့ အရင်ကမုဆိုး၊ အခု ရသေ့အတွက် မည်သည့် မည်အခါမှ ကံမကောင်း၍ မရခဲ့သော ထိုင်စရာတစ်နေရာကို အချစ်ရထားကြီးပေါ်တွင် ရလိုက်သည်။ “သံဃာတော်များအတွက်သာ” ဤစာတန်းကို သူမမှု။ ၀င်ထိုင်သည်။ သူက ရသေ့ပဲဟာ။ အချစ်ရထားကို မည်သည့် သံဃာတော်မှ မစီးကြပါ။ ကျွနှ်ပ်၏ ရသေ့ကြီးသာ။
လိုတရ
ဇာတ်လမ်းက အခုမှစသည်ဟု ဆိုနိုင်သည်။ ရသေ့ကြီးတစ်ယောက် “လိုတရ ပေါင်မုန့် မီးကင်စက်ကလေး”(Magic Toaster) တစ်လုံးကို ပိုက်၍ ပြုံးတပျော်ပျော်နှင့် ဖလန်းဖလန်းထ နေသည်။ သူအရမ်းကို စမ်းသပ်ချင်သည်။ သူ၏ လိုတရ ပေါင်မုန့် မီးကင်စက်ကို စမ်းရန် သူပေါင်မုန့် တွေ ၀ယ်လာသည်။
နှင်းဆီနီနီ
ပထမတစ်ချပ်ထည့်လိုက်သည်။ သူ Timer ရဲ့ No.1 ကိုနှိပ်လိုက်သည်။ တီ… တောင်..
ဟော..မီးကင်စက်က ပေါင်မုန့် အစား နှင်းဆီပန်း အနီတစ်ပွင့် ထွက်လာသည်။ ရသေ့ကြီး ပျော်သွားသည်။ ‘ဒါနယ်နယ်ရရ ရိုးရိုးပန်းပွင့်တော့ မဟုတ်တန်ရာ၊ ကောင်မလေးတစ်ယောက်လောက်ရဲ့ အသည်းတွေ နီရဲသွားလောက်အောင် ငါ့ကိုကောင်းကောင်းကြီးခိုက်သွားလောက်မယ့် ပန်းတစ်ပွင့်ပဲဖြစ်ရမယ့်’. သူတစ်ကိုယ်တည်း ရေရွှတ်လိုက်သည်။ မျက်ခွက်ကြီးကလည်း ပြုံးတုံးတုံး ကြီးဖြီးလို့ ။ တကယ်တော့ သူ့ ပန်းပွင့်က NTUC ကပန်းတပွင့်နှင့် မခြား။
သူယောာင်မယ်နှင့်တွေ့ ဆုံခြင်း
သူတောထဲကို ပြန်ထွက်သွားသည်။ တောသဘာဝ ဆူဆူညံညံ ကျိလိကျိလိနှင့်ပေါ့။ လက်ထဲမှာလည်း ပန်းတပွင့်၊ တောထဲက စကားဝါပင်အောက်မှာ သူ “သူယောင်မယ်လေး” တစ်ရောက်တွေ့ လိုက်တယ်ဆိုရင်ပဲ ရသေ့ကြီး ဈန်လျော သူယောင်မယ်ကို နှင်းဆီဆီနီနီလေးသွားပေးလိုက်တယ်…. နောက်တော့.. နောက်တော့….
ပေါက်ကွဲနေပြီ
………………။ “ဘာမှ အသုံးမကျတဲ့ နှင်းဆီ… (လေးဖြူသီချင်းထဲက) မဟုတ်ဘူး .. အသုံးမကျတာက ငါ.. ဒါလည်းဟုတ်ဘူး ဘာမှမဟုတ်တဲ့ပန်းက အသုံးမကျတာ. အဲ ဟုတ်သေးဘူး အဲဒီ သူယောင်မယ် ကိုယ်တိုင်က အသုံးမကျတာ… ဟုတ်တယ် သူအသုံးမကျတာ ဟားဟား အသုံးမကျတဲ့ သူယောင်မယ်..၊ ဦးနှောက်မရှိတဲ့ ကောင်မ….လေး” သူ ဟာသူ ရေရွှတ်ကျေနပ်သွားသည်။
အကြံကောင်းတစ်ချက်
သူပေါင်မုန့် မီးကင်စက်ကို ထုတ်ပြန်သည်။ ပေါင်မုန့် တစ်ချပ်ထည့်ပြန်သည်။ ဘာထုတ်ရင်ကောင်းမလဲ သူ့ ထပ်တလဲလဲ စဉ်းစားသည်။ ဟုတ်တယ်…သူစဉ်းစားရတော့မယ်..သူမှာပေါင်မုန့် တွေနည်းနေပြီ။ သူ ပေါင်မုန့် တွေကို ချိုချဉ်ပြောင်းလိုက်၊ ထောပတ် သုတ်စားလိုက် လုပ်နေတာ ခုဆိုသူ့ မှာပေါင်မုန့် သိပ်မကျန်တော့။
သူနောက်ဆုံး အကြံရသွားတယ်။ ပေါင်မုန့် လေးကို အချစ်ပေါင်မုန့် လို အမည်တပ်ပြီး မီးကင်စက်ထည့်လိုက်တယ်ဆိုရင်ပဲ…………………………..။……….။……………
…………………။ ပေါင်မုန့် လှလှလေး (အဲ) ကောင်မလေး လှလှ တစ်ယောက် မီးကင်စက်ထဲက ပွင့့်် ထွက်လာတယ်။
ထှိုကောင်မလေး ရသေ့ကြီးကိုတွေ့ တယ်ဆိုရင်ပဲ အူကြောင်အူကြားနဲ့ ခြေဦးတည်ရာမယ့် ထွက်ပြေးတော့တယ်။ သူလို ရသေ့ဝတ် မုဆိုးလူထွက်ကို ကောင်မလေးက သူ့ တစ်သက်နှင့် တစ်ကိုယ် မတွေ့ ဖူးဘူးထင်ပါရဲ့။ ရသေ့ကြီးလည်း ဘယ်ရမလဲ။ အူယားဖားယား အသည်းနဲ့  အသန်လိုက်။ သူ့ ပေါင်မုန့် လေးကို ဘယ်လက်လွတ်ခံချင်မလဲ….အပြေးလိုက်.. ဟောဟဲ….ဟောဟဲ
သွားပြီ….. မျက်ခြေပျက်.. လက်လျော့ရတော့မလို………..
နောက်ဆုံး ကျည်ဆံ (အဲ) ပေါင်မုန့် 
…………….။ ရသေ့ကြီးလည်း ဘာမှမတက်နိုင်ဘူး။ သူဘာလုပ်လို့  ဘာကိုင်ရမှန်း မသိဖြစ်နေတယ်။ သူလို ရသေ့ကို ကောင်မလေးက မကြည်ဖြူဘူးကိုး။ သူ သူ့ ရဲ့နောက်ဆုံး ဘေးသားပေါင်မုန့် လေးတစ်ချပ်ကို မီးကင်စက်ထဲထည့်လိုက်တယ် ပြီးတော့ ပါးစပ်ကလဲ ထွက်မပြေးတဲ့ အချစ်ပေါင်မုန့် တဲ့….
………….ဟောထွက်လာပြန်ပြီ။……..
ကောင်မလေးတစ်ယောက်လည်း မဟုတ်ပါဘူး။ အသုံးမကျတဲ့ နှင်းဆီလည်းမဟုတ်ပါဘူး။ ချိုချဉ်လို စုတ်လို့ လည်းမရပါဘူး။ ထောပတ်သုတ်စားလို့ လည်းမရပါဘူး။ ထွက်လာတာက မီးကျွမ်းနေတဲ့ ပေါင်မုန့် တစ်ချပ်ပါ။ …..ရသေ့ကြီးရယ်…..
နောက်ထပ် ဘယ်လိုပေါင်မုန့် တွေပဲ ထည့်ထည် ရသေ့ကြီးရဲ့ လိုတရမီးကင်စက်ကတော့ မီးကျွမ်းနေတဲ့ ပေါင်မုန့် တွေသာ ထုတ်လုပ်နေတယ်…
သြ… မုဆိုးလူထွက် ရသေ့ကြီးရယ်….လိုတရနေတာကို ဘယ်လိုသုံးခဲ့သလဲ…. သူယောင်မယ်လည်း ခုလောက် ဇော်ဂျီနဲ့ ပျော်နေပြီပေါ့။ ပေါင်မုန့် လေးလည်း အဝေးကိုထွက်ပြေး၊ မီးကင်စက်လည်း သုံးမရတော့ပြီ။
……..။သူလည်း သောကတွေ၊ ဒေါသတွေနဲ့ မျက်ရည်တွေ နှာချီးတွေနဲ့ တရှုံရှုံငိုပါတော့တယ်.. အီး ဟီးဟီး… ဟီး…
ဇာတ်သိမ်း
ဇာတ်ဆရာ၊ ကျွန်တော်လည်း ဒီအတိုင်းဘယ်နေနိုင်မလဲ။ ကိုယ်ဇာတ်လိုက်ကြီး ဒုက္ခနဲ့ လှလှတွေ့ ပြီး မျက်ရည်ပင်လယ်ထဲကူးနေတာကို ထွက်ပေါက်(Exit) တစ်ခုပေးလိုက်ပါတယ်။ ဂီတာ(guitar) တစ်လုံးပါ။ ဒါနဲ့ သူ တီးတယ်။ ဆိုတယ်။ ငိုတယ်။ ဆိုတယ်။ တီးတယ်။ ငိုပြန်တယ်။ ကြာတော့ ဇာတ်ဆရာကိုယ်တိုင် နားမခံနိုင်တော့တာနဲ့  Exit ကို တံတား (Bridge) ထိုးပေးလိုက်တယ်။ ကုန်းဆင်းကို ဘီးတက်တဲ့ဇာတ်ဆရာမျိုး မဟုတ်ပါဘူး။ ဟဲ..ဟဲ…မြှားနတ်မောင်ဆီက ငှားထားတဲ့ အချစ်လေးတံနဲ့ လေးကို ရသေ့ကြီးကိုပေးလိုက် တယ်။ ရသေ့ကြီးက အရင်တုန်းက မုဆိုးဆိုတော့ သူ့ အတွက် လေးနဲ့ မြှားဆိုတာ အဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူက “ဒါတွေက ဘာလုပ်ဖို့ လဲ”လို့ မေးပါတယ်။ ကျွန်တော်လည်း ‘ပစ်ဖို’့  လို့ ခပ်ဆတ်ဆတ်ပြောလိုက်တယ် ဆိုရင်ပဲ ရသေ့က ရသေ့ဝတ်ရုံ ကို ချွတ်ပြီး လေးနဲ့ မြှားကို ဆွဲကိုင်ကာ ပေါင်မုန့် နောက်ကို လိုက်ပါတော့တယ်………………..
ဇာတ်လမ်းကို ဤမျှနှင့် ရပ်လိုက်ချင်ပါသောလည်း မုဆိုးတစ်ဖြစ် ရသေ့ကြီး၊ ရသေ့ကြီးတဖြစ် မုဆိုး ငလတ်ကျော် အား အားအားယားယား အားနာသောကြောင့်……
‘ကို………..’
‘………ပေါင် (အ)ဲ မေ’
‘မေလေ ကို့ ရဲ့ မေပေါ့ …’
‘မေလို့  ခေါ်တယ်……’
မေ… အို.. ကို… ဟိဟိ ခွိခွီ
ဟုတ်ကဲ့ အဲဒီလောက်ဆို ဒက်လိုက်တော့…. ကျေနပ်သဘောပေါက်ကြပါအံ့။
Hydrogen
(ကိုယ်တိုင် မီးလောင်နိုင်သည်)
P.S. အချစ်နှင့် ပေါင်မုန့် (၁) ဟု အမည်တွင်သည်။ (၂) ရှိဦးမည် ထင်ပါသောကြောင့်.
ကောင်လေး
ပြီးတော့ ပိုင်ဆိုင်ချင်ပြန်တရ်...
ချစ်သူရရ်...
ပန်းကို ချစ်သူ ၀တ်ရည်ကိုယူတရ်တဲ့...
ပန်းကိုရော ၀တ်ရည်ရော ချစ်တဲ့သူကတော့
ဘာလုပ်ရမလဲကွယ်...
မင်းကို ချစ်တရ်....
ဖြူရရ် မင်းဟာကိုယ့်အတွက်တော့
ကြယ်လေးပေါ့...
မင်းလေး ကြွေမှကိုယ့် ဆန္ဒတွေ
ပြည့်ဝမယ်ဆိုရင်လည်း...
မေ့လိုက်ပါ ဖြူ...
ကိုယ့်အတွက် အခြားကြယ်တွေရှိလည်း
မကြွေခိုင်းရက်ဘူး...
ကောင်ကင်ဟာ ကြယ်စုံမှ လှတရ်တဲ့...
ဖြူ...တနေ့ ကိုယ်ကြယ်ဖြစ်ခဲ့မယ်ဆိုရင်...
ချစ်သူဆန္ဒပြည့်ဖို့ 
ကိုယ်ကြွေပေးပါ့မရ်... တစ်ချိန်က
ကျွန်တော့နှလုံးသားကမ်းပါးကို တိုက်စားသွားခဲ့သည့် မြစ်တစ်စင်း၏ ကွေ့ 
ကောက်မှုတစ်နေရာတွင် ဆောက်ဖြစ်ခဲ့သည့် ကောက်ကြောင်းများစွာအနက်မှ ကျွန်တော့ရဲ့
ခံစားမှု တံတားတစ်စင်း...
လွမ်းရတာ မဆန်းပါဘူး
ချစ်သူ..
လမ်းဘေးဓာတ်တိုင်မှာ ငါမှီရပ်ရင်း...
ချစ်သူ မဟုတ်သောချစ်သူ
နေ့ တိုင်းဖုန်းဆက်တဲ့ မင်းချစ်သူကို...
အမြဲတမ်း အိပ်ချင်တတ်တဲ့ မင်းချစ်သူကို...
အမြဲတမ်း ချစ်တယ်ပြောတဲ့ မင်းချစ်သူကို...
အမြဲတမ်း တမ်းတမိတယ်ပြောတဲ့ မင်းချစ်သူကို...
အမြဲတမ်း ချစ်လားမေးတဲ့ မင်းချစ်သူကို...
အမြဲတမ်း...
အမြဲတမ်း...
အမြဲတမ်း.. သတိရ လွမ်းတတ်ခဲ့လားကွယ်...
ငါရဲ့မင်းနဲ့  အပြင်ကမ္ဘာမှာ ဝေးနေ...
ငါရဲ့အတွေးရဲ့ တနေရာမှာ မင်းနေ...
သတိရမိတယ်...
လွမ်းဆွတ်မှုကို ဖျောက် အတိတ်ရဲ့ညကို
တွေးမရောက်အောင်... အဆုံးကို လှမ်းမျှော်...
မင်းလေး...
ငါမရှိလိုက်တဲ့ တဒင်္ဂလေးမှာ ပြောင်းလဲနေမလား။
ဝိညာဉ်လွတ်နေတဲ့ ကိုယ်ခန္ဒာက မှီရင်းဓာတ်တိုင်ရဲ့ 
ကျောက်ရုပ်ကောင်လေး အတိုင်း မျက်လုံးကိုစုံမှိတ်လျက်...
မင်းလေးကို.... လွမ်းနေမိတယ်ကွာ..
အချစ်မရှိတော့တဲ့နောက်
ငါ....
သတိရ လွမ်းဆွတ်မှုတွေ အပြည့်နှင့်
ဘ၀ကို ခရီးဆက်။
ခံစားချက်တွေကို မျိုသိပ်
အရာရာကို စွန့် ပယ်။
စိတ်အလိုကိုလိုက်
လမ်းထင်သည်ကို လျှောက်။
ဧဒင်ဥယျာဉ်ကို အရောက်မှာ...
ချစ်ပန်းသီးကို ရှောင်ဖယ်...
မာယာသစ်သီးကို မစား။
ှဆက်လျှောက်ရင်းနဲ့ 
ငါတွေ့ တယ်...
ဆေးတလုံး
လူနာတယောက် မဟုတ်သော်ငြား
ဆေးလုံးကို ငါကောက်
ဆရာဝန်တယောက် မဟုတ်သော်ငြား
ဆေးလုံးကို စမ်းစစ်
ဒါ အတိတ်ကိုမေ့ပစ်စေနိုင်သော...ဆေးတလုံး
ဒါပေမယ့် ငါ...
တချို့ သော အတိတ်ရဲ့ အချိန်ကာလ( အချို့ )ကိုသာ မေ့ပစ်ချင်သည်။
ကျတော်နှင့် မရှိသင့်သော
သူနဲ့ ချစ်သူမဖြစ်ခင်တုန်းကပေါ့။ Esplanade သွားတာ.. ဘယ်ရမလဲနှစ်ယောက်တည်းရှိတုန်း. ရည်းစားစကားပြောတာပေါ့. ည ၁၀ နာရီလောက်ရှိရောပေါ့. Fulton hotel နဲ့ River Side က မီးတွေလင်းလို့ .. လှတော့လှပါတယ်..ပြောနေတုန်း.. သူကဖြတ်ဖြတ်ပြီး ဟိုမှာ အရမ်းလှတာပဲတဲ့.. ငါလည်းမသိဘူးလိုက်ကြည့်မိတယ်.. ပြောနေရင်းခဏကြာရင်သူက ဟိုမှာမီးတွေလင်းနေတယ်တဲ့..ဒီလိုနဲ့ မိုးကလည်းချူပ်နေပြီ..ပြောတာကလည်းဟိုရောက်လိုက်သည်ရောက်လိုက်..ဘယ်ရောက်ရောက်သွားမှန်းမသိ.. ဒီလိုပဲ နောက်ဆုံးရထားလေးစိး အိမ်ပြန်ခဲ့ပေါ့.. သူတော်တာလား. ကျတော်ကတုံးတာပါ။ ဒီလိုမှန်းသိခဲ့ရင် အဲဒီမီးရောင်စုံတွေအားလုံးကို အရင်ပိတ်ပါတယ်... သူကတော့ ခုထိအဲဒီကြောင်းပြောပြောပြီးရီတုန်း.. သတိရလို့ မင်းအကြောင်းလေးရေးဖြစ်တာပါ... လွမ်းတာမှန်ပေမယ့် ပြန်လာဖို့ တော့ ငါမတမ်းတဘူး... ခုချိန်မင်းက ငါလိုနေတဲ့ သူတယောက်ဖြစ်ချင်မှဖြစ်မှာ.. ငါလည်းမင်းအတွက် လိုအပ်မှာမဟုတ်ဘူး...
အတ္တ နှင့် မြန်မာ
Singapore မှာ ကျောင်းလာတတ်တဲ့သူ တော်တော်များက Part-time Job တွေလုပ်ကြပါတရ်…အလုပ်ရဖို့  လည်းမခက်ပါဘူုး၊ Yangon မှာလို အကပ်တွေ၊ အခွာတွေ ရှိစရာမလိုပါဘူး။ ၀င်လျှောက်လိုက် Vacancy ရှိရင်ခေါ်မယ်၊ မရှိရင် Application Form ဖြည့်ပြီးထားခဲ့ လိုအပ်ရင် ဆက်သွယ်မယ်ပေါ့… ဒါပေမယ့် လူအလို့ နတ်မလိုက်နိုင် ဆိုသလို အဲဒီ Form လေးကိုတောင် ဒီကကောင်က ဖြည့်ရမှပျင်းတယ်ဗျ…ညနေပိုင်းတွေ အားနေတော့ အလုပ်ကလေးတော့ လုပ်ချင်တာပေါ့…Form တွေကလည်း တော်တော်ဖြည့်ရတယ်…တချို့ ဆို 2pages လောက်ရှိတယ်။ အဲဒီအခါမှ Yangon ကလို အကပ်လေးတွေ ဘာလေးတွေရှိရင်ကောင်းမယ်လို ခပ်စုတ်စုတ် တွေးလိုက်ပါသေးတယ်၊ ဘာပဲပြောပြော အခုတော့ အဆင်ပြေပြေပဲ သူလေး (အရင်ကပါ) နဲ့  တူတူရလိုက်ပါတရ်… (အလုပ်)…အင်း ပြောချင်တာကတော့ တခုခုအတွက် တခုခုပေးဆက်ရမယ် ဆိုတာ အကပ်အခွာထက် ကိုယ်ပိုင်အရည်အချင်း လုပ်ရည်ကိုင်ရည်ပဲ လိုပါတယ်..ခတ်မှီတယ်၊ တိုးတက်တယ် ဆိုတဲ့ နိုင်ငံတွေမှာ အဲဒီလို ပိုင်ရာဆိုင်ရာတွေမရှိပါဘူး။ လူတိုင်းတန်းတူ လူ့အခွင့်အရေးရှိပါတယ်ဗျာ… ခတ်မှီဖွင့်ဖြိုးတိုးတက်သောနိုင်ငံတော်သစ်ဆီသို့ တဲ့… ကဲ ဖြစ်နိုင်ပါမလား နောင် ၁၀နှစ်…မကျေနပ်၊ မတက်နိုင်ပေမယ့် ထုတ်ဖေါ်ပြောခွင့်လည်း မရှိကြပါဘူး။ ဒါနဲ့  Blog ပေါ်မှာပဲ အားရပါးရ ပြောဖြစ်လိုက်ပါတရ်….မကျေနပ်ဘူးပေါ့ဗျာ...
ကျတော်သိသလောက်သောရရင်… လူ ၃ မျိုးရှိတယ်တဲ့။လွယ်လွယ်ပြောရရင်
၁၊ကိုယ့်အတ္တပဲ ကိုယ်ကြည့်တဲ့သူ
၂၊ကိုယ်အတ္တရော သူများအတ္တရော ကြည့်တဲ့သူ
၃၊သူများအတ္တကို ကြည့်တဲ့သူ
နံပတ်၂လူဆိုရင် ဥပမာဗျာ.. Food Court မှာသူငယ်ချင်းနှစ်ယောက် Dinner စားကျမယ်။ သူလည်းစားချင်တာစား၊ ကိုယ်လည်းစားချင်တာစားလို့  သဘောထားနိုင်တရ်…ဘာစားရမယ်လို့ မတိုက်တွန်းဘူး…ဆန္ဒနဲ့  တုက်တွန်းတာလည်းဖြစ်နိုင်ပါတယ်…ဆန္ဒနဲ့ အတ္တလည်းမတူပါဘူး… ထားပါတော့..
နံပတ် ၃ လူက သူများစားတဲ့ဟာကို လိုက်စားပေးတယ်။ ဒါသူများအတ္တကို ကြည့်ပေးတယ်ပေါ့ဗျာ… နံပတ် ၁ လူဆိုရင်တော့ ကိုယ်စားမယ်ဟာ ကိုသူများလည်း လိုက်စားရမယ်.. ကိုယ့်အတ္တမှကိုယ့်အတ္တပဲပေါ့.. အစားအသောက် တခုတည်းကိုပြောတာ မဟုတ်ပါဘူး ဥပမာပေးတာပါ… နံပတ် ၁ လိုလူမျိုးတွေတွေ့  ချင်ရင်တော့ မြန်မာသတင်းစာဖတ်ကြည့်ပါ… ပုံနှင့်တကွ တွေ့ ရမှာပါ။ နံပတ် ၃ လို လူမျိုးကျ တော်တော်ရှားပါတယ်… ဟုတ်ပါတယ် လူဆိုတာ Self-centered ကိုယ်ဖက်ပဲ ကိုယ်ကြည့်ကြတာပါ… ဒါပေမယ့်ကိုယ့်အတ္တကို တန်ဖိုးထားရင်လည်း နံပတ် ၂ လူလိုပဲ ဖြစ်သင့်ပါတယ်။ ကိုယ်တန်ဖိုးထား သလို အခြားသူမှာလည်း သူ့တန်ဖိုးနဲ့  သူရှိပါတယ်။ ကိုယ်လုပ်ချင်တာ ဖြစ်ချင်တာ တခုတည်းအတွက် သူတပါး ဒုက္ခနဲ့  လှလှတွေ့ တာမျိုးတော့ မဖြစ်သင့်ပါဘူး၊ မလုပ်သင့်ပါဘူး… တဦးတယောက်တည်းအတွက်မဟုတ် တမျိုးသားလုံးအတွက်ဆို သာတောင်မလုပ်သင့် သေးတယ်ဗျာ…မျက်လုံးပါရင်မြင်တက်မှာပါ…မျက်လုံးပဲပါပြီး ဦးနှောက်မရှိရင်တော့ မပြောတတ်ဘူး…
လွပ်လပ်ရေးမရသေးသော မြန်မာပြည်မှ နိုင်ငံကျော်စုံထောက်များ
မြန်မာစုံထောက်ဝတ္တုတွေဖတ်ရင်း တစ်ခုတွေးမိတယ်. မြန်မာနိုင်ငံက စာရေးဆရာတွေရေးတဲ့ ၀တ္တုထဲက စုံထောက်တွေက လွတ်လပ်ရေး အခုထိမရကြသေးဘူးနော်။ လွပ်လပ်ရေးပေးလို့ မရဘူးထင်တရ်။ ကိုလိုနီခေတ်က ပိုနေလို့ ကောင်းသလား?
ကိုလိုနီခေတ်ဆိုလို တစ်ခုထပ်ပြောချင်တာက နိုင်ငံရေးပါ။ လူမျိုးခြား၊ ဘာသာခြားက ဖိနှိပ်တယ်၊ နှိပ်စက်တယ်၊ ရက်စက်တယ်ဆိုတာ ပြောရင်ယုံနိုင်စရာ။ ဒါပေမယ့် ကိုယ့်ဘာသာ၊ သာသနာ နဲ့ ကိုယ့်လူမျိုးရဲ့ မျက်နှာကိုနည်းနည်းမှမကြည့်ဘဲ ကိုယ်နေရာကိုယ်မြဲအောင် ဘယ်သူသေသေ၊ ငတေမာရင်ပြီးရောလုပ်နေတယ် ဆိုတာကိုတော့ မြင်ရင်တောင် ဟုတ်ရဲ့ လားလို့ မေးခံရနိုင်တယ်။
သိပ်ချစ်ခဲ့ပေါ့
မင်းစကားသံလေးကို
သိပ်လှခဲ့ပေါ့
ချိုသာတဲ့ အပြုံးလေးတွေ
ပေးခဲ့ကြပေါ့
ကတိစကားပေါင်းများစွာ
ခုတော့...နင်
ထားရစ်ခဲ့ပေါ့
ငါ့ နှလုံးသားကို ပျက်စိးစေလျက်
မေ့မရခဲ့ပေါ့
ဟိုတစ်ချိန်က အတိတ်
သွားရောက်ခဲ့ပေါ့
တို့ လျှောက်ခဲ့တဲ့ လမ်းဟောင်းလေးအတိုင်း
လွမ်းလျက်နဲ့ ပေါ့
မင်းနဲ့ ရှိတဲ့ နေရာဟောင်းမှာ
တမ်းတလျက်ပေါ့
မင်းဘယ်တော့များ...
ပြုံးမိခဲ့ပေါ့
မင်းနာမည်ကြားရင်
မုန်းမရခဲ့ပေါ့...
ဒါပေမယ့်
ကြိုးစားလျက်ပေါ့
နင်ကို မေ့ဖို့ ...
ငါ...
အိပ်မရခဲ့ပေါ့
အတူလျှောက်ဖူးခဲ့တဲ့ မိုးရေစက်တွေအောက်မှာ...
ပူလောင်နေတဲ့ ငါ့နှလုံးသားကို အအေးဓာတ်ပေးရင်း...
ကောင်လေး
ကျနော်လည်းစာမေးပွဲ ပြီးလို့ ဘာမှလုပ်စရာ မယ်မယ်ရရမရှိတာနဲ့ Blog လုပ်လိုက် Game ဆော့လိုက်လုပ်နေတာ။ ခုတင်ကမှ မြန်မာ blog တွေလိုက်ဖတ်ကြည့်တာ သူတို့ တတွေဆီက မြန်မာစာအုပ်တွေများ ဖတ်ရမလားလို့ ။ :P တွေ့ တယ်။ ကိုညီလင်းဆက်ရဲ့  blog တခုမှာ အစိုးရထောက်ပံ့တဲ့ myanmar-e-library ဆိုတာကို ။ဒါပေမယ့် သူရေးထားတာနဲ့ သွားကြည့်ချင်စိတ်တောက် ပျောက်သွားတယ်။ အဲ... မနေနိုင်ပါဘူး သွားကြည့်မိပါတယ်။ စာအုပ်တွေတော့ အများကြီးရှိပါတယ်။ Scan ဖတ်ထားတာဆိုတော့ တချို့ စာအုပ်တွေက သိပ်မမြင်ရတော့တာလေးတော့ ရှိတယ်။ File size ကလည်းကြီးတာပေါ့။ ခုကျနော်တို့ ဖတ်လေ့ရှိတဲ့ စာအုပ်တွေတော့ မတွေ့ ပါဘူး။ ကိုညီလင်းဆက်ပြောထားတာလည်း တချက်လောက် ဖတ်ကြည့်ပါဦး။ သူပြောတာလည်း သဘာဝကျပါတယ်လေ....pdf file နဲ့ ကိုယ်တိုင်စာမရိုက်ဘဲ scan လုပ်ထားတော့ ကိုယ်ကြိုက်တဲ့ စာသားလေးလိုချင်တောင် အစအဆုံး ပြန်ရိုက်ရမယ်အပေါက်ပဲ။ ဘာပဲဖြစ်ဖြစ် မရှိတာထက်စာရင်ရှိတာကောင်းတယ် ဆိုပေမဲ့ ရှိတဲ့ဟာကိုလည်း အကောင်းဆုံးပဲ ဖြစ်စေချင်တာပေါ့။
လူဆိုတာ ရလေလိုလေ အိုတစ္ဆေ...။
ဘာပဲဖြစ်ဖြစ် ဖတ်လို့ ရအောင် ကျတော် Link လေးတော့ပေးထားလိုက်တယ်။
တကယ်မဟုတ်ဘူးလို့ မပြောပါနဲ့ 
နေလုံးကြီး နီရဲနေတာရယ်....
ရေသေမြစ်ဘေးမြက်ခင်းစိမ်းရှိတာရယ်....
ဆောင်းညရဲ့ ကောင်းကင်မှာ ကြယ်တွေရှိတာရယ်...
မျက်လုံးမှိတ်ထားလည်း သူမကိုမြင်နေတာရယ်....
အာရုံတွေလေထဲ လွင့်နေတာရယ်...
ပူစီပေါင်းမှာ သက်တံရှိတာရယ်....
အဆောက်အအုံတစ်ခုနဲ့ တစ်ခုကြားမှာ အရိပ်ရှိတာရယ်...
သေးငယ်လွန်းတဲ့ မော်လီကျူးမှာ ဂုဏ်သတ္တိတွေရှိတာရယ်...
တကယ်မဟုတ်ဘူးလို့  မပြောကြပါနဲ့ ...
သူမကို ကျွန်တော် ချစ်မိနေတယ်တိုတာကိုပါပေါ့...
ငါလေနင့်ကို လွမ်းရတရ်
အိပ်ခါနီးတိုင်း နင်ငါကိုပုံပြောခိုင်းတရ်လေ...
ငါကပုံသိပ်အများကြီးမပြောတော့ နင်ပဲ ပြောခဲ့ရတရ်လေ...
ဟိုးရှေးရှေးတုန်းက....
မုဆိုးကြီးတယောက်ရှိတရ်တဲ့. တနေ့ ကျတော့ အဲဒီမုဆိုးကြီးက တောထဲကိုသွားရင်း အီးပုံ တပုံ ကို နင်းမိတရ်တဲ့... ဒါနဲ့ သူက ဟာ.ပုံပျက်သွားပြီ ဆိုပြီး ပြင်လိုက်တာ ပုံပြင်တဲ့...
နင်ရော ငါရော ပြောစရာမရှိရင် ဒါပဲပြောခဲ့ကြတာမဟုတ်လား...
အမှန်အတိုင်းဆို ငါနင့် ကိုသတိရနေတယ်....




