Showing posts with label Art of အော်ဂလီ. Show all posts
Showing posts with label Art of အော်ဂလီ. Show all posts



အားလည်းနာတယ်.. ခင်လည်းခင်တယ်.. ဒါမဲ့ တင်လိုက်တယ်..

တော်ပြီပေါ့..

  • • တံတောင်ဆစ်ထိထှောက် ရွှေလက်ကောက်တွေကို ဝတ်ဆင်ပြီး ရောက်လေတဲနေရာတိုင်း အားလုံးကကြောက်စေဖို့ အသင့် တယောက်တည်း ဂေါက်နေသလို အာရုံနောက် အသေကို ဝင်းဝင်းလက်လက်စိန်တွေစီ အဲဒီအခြေအနေကိုကြည့်ရင်း အားလုံးက မျက်စိကျိမ်းနေပြီ.. သူ့ထက်ဘယ်သူ ပို ချမ်းသာမလဲ စဉ်းစားကြည့်စမ်းပါတဲ့.. မင်းတို့နေတဲ့ ရက်ကွက်ရဲ့ လမ်းတွေတော်တော်လေးကိုကြမ်းတာပဲ.. သူနေတဲ့နေရာ အဆင့်အတန်းက တကယ်ကိုမြင့်လို့ အရာရာလမ်းဆန်းစွာနဲ့ ဆိုတော့ အရမ်းအရမ်း စိတ်ချမ်းသာတယ်…
>>>Chorus:
တော်ပြီပေါ့.. ဒီလောက်ဆိုတော်ပြီပေါ့ မင်းများနေပြီ.. အလွတ်ကြီး တွေမလုပ်မိစေနဲ့ .. ဟေ့.. အားလုံးတားနေပြီ..
တော်ပြီပေါ့ ဒီလောက်ဆိုတော်ပြီပေါ့ မင်းများနေပြီ.. အကျယ်ကြီးဟစ် လာပြောမနေနဲ့ ကွာ ကြွားလုံးစကားတွေချည်း..<<<
• သီချင်းတွေစဆိုတုန်းကတော့ သူငယ်ချင်းတွေကို ဆရာတင်ကာပညာယူ॥ ဖြတ်လမ်းက နာမည်ကြီးလာသူတချို့တွေရဲ့ အစဉ်အလာတခု.. နားမလည်သေးတဲ့ ပရိတ်သတ်ကိုညာပြီးတော့ ဂွင်ရှာသူ.. Hip Hop နဲ့နေပြီး Hip Hop နဲ့သေမည်တဲ့ မထင်ပါဘူး… Interview မှာဖြေတာ သူက စီးပွားရေးအရ Rap ဆိုတယ် ရင်ထဲမှာတော့ တကယ်လုပ်ချင်ပြီး Feeling လာတာက Rock ဆိုပဲ। အပြောချိုတဲ့ ဒီအဆိုတော်က Model လုပ်တာချောလို့တဲ့.. ဟောသလိုနဲ့ အနုပညာကို ဘယ်ညာယိမ်းပီး Ball လိုပဲ.. ဟားဟား.. မပြောမဆိုနဲ့လုပ်လိုက်ပြန်ပီ သူ့စကားက ‘မတူရင် မတုနဲ့’ တဲ့ သူကများ.. အရဲစွန့်ပြီး လူပါးဝ.. အကြောင်းသိတွေပဲ..ရှေ့ ဘာဆက်ဖြစ်မလဲ ရှု့စားကြ.. ဒီစာသားတွေ ရေးပေးလို Biggy Y ကို မင်း ‘ဖု’ သွားသလား.. မုသာများကို အချိန်မှီလျှော့ အမှန်ကိုပြောပါတော့.. Rapper အသစ်တွေ စင်ပေါ်ရောက်ရင် ကျန်နေတော့မှာနော… လူတွေကြိုက်အောင်လုပ်တာ ကောင်းပါတယ်… ပိုက်ဆံတွေပေါတာပေါ့.. သေရင်ကိုယ့်နောက်ပါမှာမဟုတ် မန်တွေလျှော့ပါတော့..


>>>>Chorus: <<< • ဒီတယောက်ကတော့ မနုဟာမင်းနဲ့လည်း အမျိုးတော်တယ်॥တဲ့॥ Talki မှာလည်း သိပ်သိပ်လန်းတဲ့ ထိပ်တန်းဘိုးတော်ပဲ॥ ရုပ်ရှင်လောကထည်းက ၂၀၀၈ မှာ စွန့်ခွာဒိုးတော့မယ်॥ ဒီဘဝနဲ့တင် အပြတ်ပဲ သူ Heaven ရောက်ရမယ်လို့ပြောတယ်॥ Fall ရှောပဲလား တကယ်လား ဘယ်သူမှမသိတဲ့ ဥစ္စာကို စိတ်ကြီးဝင်တဲ့ ဒုခ္ခဆိုး အပိုရေးကြီးခွင်ကျယ်လုပ်တာမျိုး॥ အနုပညာလောကတည်း တစ်မိသားစု လုံးဆွဲခေါ့် မည့်အကြံ.. ဒီအကြံကိုအကောင်အထည်ဖေါ်မှာ ဘက်စုံတော်တဲ့ သမီးလေး Austri ပြန်.. ဟော.. ကြည့်စမ်း.. မှော်ဘီခြံက ဗေဒင်ဆရာ.. ပေါ့.. အနုပညာနဲ့ ဝင်ငွေရှာ.. နောက်ပိုင်း သူ့ရဲ့ခြေရင်း မှာတော့ တပည့်များကသူ့ကို ဆရာတင် တာက ဖအေ တင်လာရော.. အခုသူက Ganster လုပ် Godfather လိုနေချင်တာပေါ့.. Mahayana နဲ့ Buddhist ဝါဒကိုေ၇ာစပ်.. ကိုးနဝင်းမိုးလင်း ဆိုပဲ သူတီထွင်လိုက်သောအကွက်.. ဟိုး တခါကလည်း ပေါရဲလိုက်လေခြင်း.. ဖိနပ်ချွှတ် ကားပေါ်တက်ခါ ဂန္တာရီခရီးသည် ကြားဘူးလား.. ကားစီးပြီး တောထွက်တာ… ဟား..ဟား..ဟား… >>>Chorus: <<<>


BIGGY Y N’ YATHA
မှ.. မေတ္တာ ပို့ဿချက်..

ဆက်ဖတ်ပါရန်...

 

"ချစ်ဇာတ်လမ်း"

သခင်တကောင် မမွေးခဲ့ပေါင်
ဒါနဲ့ တောင်...
နိဒါန်းအစ အယုအယတွေနဲ့ 
ငါဟာ ကြောင်တကောင်လိုပါ( ပွတ်သီးပွတ်သပ်နဲ့ ပေါ့)

နောက်တော့ သူ့ ဘေးမှာ...
ရန်တစ်ထောင်ထောင်နဲ့  ခွေးတကောင်လိုပေါ့
ဒါပေမယ့် သူကတော့...
ဇာတ်ကြိုးတော့ နိုင်တ၇်...

ဇာတ်ပေါင်းမတော့...
ကိုကို၇်တိုင် လိုလိုလားလားနဲ့ 
လှောင်ချိုင့်ထဲ ၀င်အသွားမှာ
ကြက်တူရွေး ဖြစ်လိုက်
မျောက် ဖြစ်လိုက်နဲ့ 

ဇာတ်သိမ်းတော့...
ငါ့ နှာခေါင်းမှာ နားဖားကြိုးနဲ့ 
ကျောမှာတောင့် 'ဘို့ 'ပေါက်ခဲ့တ၇်...
ဒီအတွက် ထွန်ရေးညတ်ဖို့ 
ရုန်းလေတော့...

ကဗျာဆရာ - တိရစ္ဆာန်စာဆို သမိုင်းကြက်

ကဗျာအမျိုးအစား - "ငါးဖက်သွားချင်း" (တိရစ္ဆာန် ကဗျာအမျိုးအစား)

တိရစ္ဆာန်ကဗျာများကို သီးသန့် ခံစားရေးဖွဲ့ သော သမိုင်းကြက်

ဆက်ဖတ်ပါရန်...

 


ဝမ်းသွားခြင်း

ဖေါင်းခင် ရဲ့ ညှစ်အား
တဗျစ်ဗျစ် နဲ့ ပါချ
ငါ့ အီအီး နှင့် ရှု ရှုးများ...
မိလ္လာကျင်း သို့ လားစေသား...။ ။


ပေါသွပ်!


Clubnypian's Newest Poem 2009

ဆက်ဖတ်ပါရန်...

 

"အမှတ်တရ ညတည"

အား...
တကိုရ်လုံး ရွဲရွဲစိုသွားတ၇်...
တဖွဲဖွဲကျနေတဲ့ ရေစက်တွေရ၇်...
နင့် အကြောင်းတွေးမိတိုင်း.
ငါ့ရဲ့...
ခါးအောက်ပိုင်းဆီက.
တဆတ်ဆတ် တုန်ခါမှုက
ကြက်သီးမွှေးညှင်းများတောင် ထ မိတ၇်.

အမှတ်တရ ဖေဖော်ဝါရီ ၁၄
ကြာကူလီ သီချင်းထဲကလို...
တသက်စာ မဝေးဘူးလို့ ...
ရင်ထဲမှာလဲ ပျော်မိခဲ့.

နင်ရ၇်
ငါရ၇်..
ခွလုံးတစ်လုံးရ၇်...
ငါတို့ နှစ်ယောက်အတူရှိခဲ့ဘူးတဲ့.
ဒီအခန်းကျဉ်းလေးရ၇်...
ခုထိသတိရနေဆဲပါ.

ချစ်ပါတယ်...
ဒါပေမယ့် အကြိမ်ကြမ် စောင့်ထိန်းခဲ့တ၇်...
သူရာတွေရီဝေနေတဲ့ ဒီတညတော့...
နင်မှားလား. ငါမှားလား


သူမအကြောင်းကို စဉ်းစားနေရင်း...
မှေးခနဲခဏ...

ငါ့ ခန္ဒာကိုယ်က...
အကြောနဲ့ ကြွက်သားစိုင်တွေ.
ဆတ်ခနဲ... ဆတ်ခနဲ...
နူးညံ့တဲ့ အထိအတွေ တခုရဲ့...
ဦးဆောင် စေစားရာမှာ...
လိုက်ပါ စီးမျောရင်း...

ခြေဖျားထံမှနေ
စတင် မြစ်ဖျားခံလာတဲ့
အထိအတွေ့ ...

နူးညံ့နွေးထွေးတဲ့.
ခြေလက်တစုံနဲ့ ...
ငါရင် တခုန်ဟာ...
စစ်ဘီလူးကချေသည်လို...
ကဝေဆန်နေခဲ့.

စပါတန် စစ်သူရဲကောင်းတွေတောင်.
ထိန်းချုပ်မှုတခုဆိုတာ...
လေဆန်မှာ ၀ဲပြန့် ...
စိတ်ကစဥ့်ကလျား ဖြစ်စေနိုင်တဲ့...
နွေးထွေးတဲ့ နုတ်ခမ်းတစုံကို...
သာယာ မိန်းမော...
ဖိသိပ် ပွတ်သပ်မိတဲ့ ခဏ.
အား...အား...အား....
သူမခန္ဒာကိုယ် တခုလုံးကို...
စွဲကပ်ဖိထားလိုက်စဉ်...

ထောင်းခနဲ 'ထ' လာတဲ့...
စူးရှရှ ညှီစို့ စို့ အနဲ့ တစ်ခုနဲ့ အတူ...
စေးထန်းထန်း ကပ်စီးစီးနဲ့ ...
ငါ့လက်ဝါးမှာ.
သွေး...သွေး..သွေးတွေ...
ငါ့လက်ဝါးမှာ.

တောက်...
ကိုက်ပြန်ပြီ ဒီကြမ်းပိုးက
ခုတော့ သတ်မိပြီ...
သေတာပဲ အေးတ၇်...



စာရေးသူ - မြိုင်ရာဇာ ငှက်ကြီး (ခေတ္တ NYP)
စာအမျိုးအစား - "'ပျို '့-N-ချင်း"

ဆက်ဖတ်ပါရန်...

 

" ငှက်အန်ခြင်း "

မြိုင်ရာဇာ ကိုငှက်ကြီး
လက်သီးမှာ တကယ်ပြင်းတယ်...
ကော်ပန်းကန် ကော်ခွက်ခွဲ
အမေဆဲ ငါကိုင်တုတ်
အဟုတ်တကယ် အမိုက်ပွား
လူတကာ ခြောက်ခြား စေခဲ့...

အမိုက်တဲ့ အမှောင်ဖုံး
ဘော်ဒဂါ သူသောက်သုံးလို့
ငြှိုးမာန် ဖွဲ့ ရန်ဖီ
ထီး မထီ မျက်နှာထား
ဆောင့်ကြောင့်ထိုင် အိမ်နောက်ဖေးမှာ
ဒေါသတွေပွား....

ရင်ခိုက်လို့ နာတာကို
ရွဲ့တိုက်ခါ ငေါ်တူး
ဝမ်းဗလာ သူရာဖြူးတာမို့
ငှက်ဇာဏီ ဒေါင်ချာဆိုင်းကာ
အော့အန်ပြီး သည်းအူပြုန်းမျှ
(သူငယ်ချင်းတို့ရေ…)
ဝိုင်းနှိပ်ကြစမ်း…….။

ဇီးကျင် ( Nypian )


ဇီးကျင်၏ art of အော်ဂလီ!

ဆက်ဖတ်ပါရန်...

 

"ငါ့ဘက်"

ဖြောင်း... ( ပါးနဲ့ လက်ဝါးနဲ့ ထိတဲ့ အသံ )
ပန်းတပွင့် အတွက်
လျော်ကြေး...တဲ့...လား...!

ဟားဟား...ဟား...
သွားသေလိုက်စမ်းပါ.
ဘာတဲ့...
အချစ်ဆိုတာ ငါနဲ့ တွေ့ မှ
စတင်ပွင့်ဖူးလာခဲ့တာတဲ့လား...?
ထားပါကွာ...

ဒါဆိုရင်...
ငါ့နှလုံးသားကျောက်ကြမ်းပြင်မှာ.
နှင်းဆီးဆူးသွားတွေနဲ့ ထွန်ယက်စိုက်ပျိုး...
နင် ဖူးပွင့်လာနိုင်ဖို့ .
ငါက... မျက်ရည်တွေသွမ်းလောင်းခဲ့တာပါ...

မြိုင်ရာဇာ ငှက်ကြီး ( ခေတ္တ NYP )


"ရင်ခုန်ပါတယ်..ရင်ခုန်ပါတယ်"

အို..ဘာတဲ့.
ရင်ခုန်တယ်တဲ့လား?( အချစ်နဲ့ တွေ့ ရင်...)
ပိုးဆိုးပက်စက် အော်ရီလိုက်ချင်တယ်...
ငါ့ အတွက်တော့
အချစ်ဆိုတာ...
သူမရဲ့ ကိလေသာရွှေတိုက်ကို
ဖွင့်မဲ့ သော့တူတစ်ချောင်းပဲ...
ရင်ခုန်ကောင်းပါတယ်...
နေ့ ခင်းကြောင်တောင်ကြီး ခိုးရတာမို့ ...

"ယုံသင့်...မယုံသင့်?"

သူမ... မောင့်ကိုချစ်လို့ 
တစ်ဘ၀လုံး ပုံအပ်ခဲ့တာတဲ့
ကျွန်ုပ်...ရုတ်တရက်....
ခေါင်းတွေ မူးဝေ နောက်ကျိလာတယ်...
( နားကြားများ မှားနေရော့သလားလို့ )

"ခြားနားချက်"

အချစ်ဆိုတာ...
နင့်ဘ၀ အတွက်တော့ သံပတ်
ငါ့အတွက်တော့...
ငါ့အတ္တရဲ့ အံဖက်....

မြိုင်ရာဇာ ငှက်ကြီး ( ခေတ္တ NYP )


ဆက်ဖတ်ပါရန်...

 

အရင်ဦးဆုံး ကျုပ်ဘယ်သူလဲဆိုတာ စာဖတ်မိတ်ဆွေများကို အရင်ဆုံးမိတ်ဆက်ပါရစေနော်။ ကျုပ်ကတော့ နေ့စဉ်ဖြစ်နေပျက်နေကြ ရသမျှသတင်းအတိုအထွာ အတုတ်အစုပ် အရှုပ်ပလုတ်အားလုံးကို အခွင့်အရေးရရင်ရသလို ရတဲ့အချိန်တိုင်း နေရာတိုင်းမှာ စိတ်ရောကိုယ်ပါ ထောက်လှမ်းရှာဖွေ စုဆောင်းပြီး၊ မဟုတ် တာကို အဟုတ်လုပ်ရေးတဲ့ (အဲလေ..ယောင်လို့) အမှန်ကို အမှန်အတိုင်း တင်ပြရေးသားတတ်တဲ့ တတ်သစ်စ တောင်ပေါ်သားစာရေးဆရာလေး ( အခုမှ ကကြီး..ခခွေး စသင်တုန်း..) အရေးအသားစူးရောက်နိုင်တဲ့ ထန်းလှောက် ပါခင်ဗျာ။

အဲလေ..ကျုပ်ဘယ်သူလဲဆိုတာ ပြောနေတာနဲ့ ရေးရင်းကိစ္စတောင် မေ့တေ့တေ့ဖြစ်တော့မလို့..။ အခုတလောဗျာ ကံကမကောင်းတာဘဲလား မသိဘူး..သတင်းတွေ ထောက်လှမ်းမရဖြစ်နေတာ တော်တော်ညစ်နေရတယ်။ အဲ….ဒီနေ့မနက်ကျုပ်လည်း ထုံးစံအတိုင်းပေါ့ ခပ်စောစောလေးထပြီး သတင်းလေးဘာလေးများ ရလိုရငြားနဲ့ NYP ဖက်ကို ခြေဦးလှမ်းခဲ့လေရဲ့။ အဲ..Nypians တွေ meeting လုပ်လေ့ရှိတဲ့ south canteen နားရောက်တော့ nypians တစ်စု ခါတိုင်းလို ထိုင်နေကြ canteenရဲ့ အစွန်ဆုံး corner မှာ တရုတ်ရုတ်..တကုပ်ကုပ်နဲ့ ရှုးရှုးရှဲရှဲ ခေါင်းချင်းဆိုင် စကားပြောနေကြတာ တွေ့ရော ကျုပ်လဲထူးပြီဗျို့ဆိုပြီး ဘယ်ရမလဲ အမြန်ဆုံး ဒန်အိုးစီးပြီး (အဲ..မှားလို့)..ပန်းကန်လုံးစီးပြီး သူတို့နားကို ဒိုးတာပေါ့ဗျ။ အဲကျုပ်အနားလည်းရောက်ရော ကြားလိုက်ရတာ မျက်လုံးပြူး..မျက်စံပြူး..ကိုဖြစ်သွားရော..။ ကြားလိုက်ရတာ ဘာတဲ့ဘာတဲ့.. အစိုးရ အပြောင်းအလဲတွေ ဖြစ်လို့ ခေါင်းကြီးပိုင်းအရာရှိတွေကြား ပဋိပက္ခတွေဖြစ်…ရန်ဖြစ်လို့ဆွဲထိုးကြ (အဲ..မှားလို့)..စိတ်တွေဆိုးကြနဲ့ လုပ်လက်စ စီမံကိန်းတစ်ခုတောင် ပျက်ကိန်းဆိုက်လုနီးနီး ဖြစ်နေပြီတဲ့။ ကျုပ်လည်းဒါဆို တိုင်းရေးပြည်ရေး အတင်းသတင်း ဖြစ်နိုင်ကောင်းလေရဲ့.. ကျုပ်တော့ပွတာဘဲဆိုပြီး သေသေချာချာနားထောင်ကြည့်တော့ (နားဖာချေးကော်ပြီး)… ထင်ထားတာနဲ့တစ်လွဲ…တစ်ခြားစီဗျာ။


မိတ်ဆွေတို့ရဲ့…တစ်ကယ်တော့ ဖြစ်ပုံကအဆန်းသား…. ဒီလိုဗျ..။ Nypiansတို့က ထုံးစံအတိုင်း ၂၀၀၈ခုနှစ် သင်္ကြန် အတွက်ဆိုပြီး တက်တက်ကြွကြွ ၂၀၀၇ခုနစ် မေလ လောက်ကတည်းက ခေါင်းဆောင်အစိုးရအဖွဲ့ ရွေးကောက်ဖို့အတွက် Democracyနည်းနဲ့ မဲဆန္ဒခံယူပွဲကို ခြိမ့်ခြိမ့်သဲ Interpoly တကျော် ကျင်းပခဲ့တာ..ကိုပေစိနဲ့ သူငယ်ချင်းတစ်ချို့ပါဝင်တဲ့အဖွဲ့က မဲအပြတ်အသတ်နဲ့ တရားမျှတစွာ အနိုင်ရရှိသွားတယ်တဲ့။ ကိုပေစိကတော့ General ပေါ့ဗျာ။ Generalကြီး ကိုပေစိလည်း စီမံကိန်းကြီး အထမြောက်ဖို့အတွက် plans တွေချ၊ programmes တွေစီစဉ်နေနဲ့အရှုပ်လုပ် (အဲလေ..ယောင်လို့) အလုပ်တွေရှုပ်နေလိုက်တာ စီမံကိန်းကြီး အထမြောက်ခါနီးဆဲဆဲကာလ တစ်လ၊ နှစ်လအလိုလောက်မှာမှဗျာ… General ပေစိကြီး ကုသိုလ်ကံခေလေခြင်းလား… ကံဇာတာကျခြင်းများလား၊ ထိုGeneral ဆိုသော ရာထူးရာခံကြီးနှင့် ရေစက်မပါလေခြင်းများလားမသိ…. ကိုပေစိတစ်ယောက် ထိုမသိမှုပေါင်းများစွာနဲ့ အရင်းနှီးဆုံး၊ အတိုင်းအဆမရှိ ထောက်ခံမှုအများဆုံး ပေးခဲ့တဲ့ Nypian ထုကြီးတစ်ချို့နဲ့.. အစိုးရအဖွဲ့ဝင်တစ်ချို့.. အဲဒီအချို့အချို့တို့ရဲ့ နောက်ကျောက ဓါးထိုးမှုကြီးကို နားမလည်စွာနဲ့ အူလည်လည်ကြီး ခံလိုက်ရရှာတယ်။ သူတို့တွေက ကိုပေစိကြီးကို အစိုးရ အဖွဲ့ ခေါင်းဆောင်အဖြစ်မှ တာဝန်ရပ်ဆိုင်း အနားပေးလိုက်ကြောင်း၊ နောက်နောင် ကိုပေစိကြီးအနေနဲ့ ထိုစီမံကိန်းနှင့်ပတ်သက်တဲ့ ကိစ္စအ၀၀နှင့် လုံးဝဥသုံသက်ဆိုင်မှုမရှိတော့ကြောင်း၊ ၀င်ရောက်စွက်ဖက် လုပ်ပိုင်ခွင့်ပါမစ် (အဲလေ..)authority မရှိတော့ကြောင်း… ထိုကဲ့သို့… ထိုကဲ့သို့သော သူတို့လိုချင်တဲ့၊ ဖြစ်စေချင်တဲ့..အကြောင်းအရာလေးတွေကို မိန်ရည်ရှက်ရည် (အဆာငတ်နေသည့်နှယ်..) “I repeate and repeate again” ဆိုလား၊ဘာလား ပါတဲ့ messageများ textလုပ်ပြီးသကာမျှ Nypian ထုကြီးကို အတိအလင်း SMS ပို့ကာစိတ်ရှိလက်ရှိ၊ အားရပါးရ ကြေညာချက် ထုတ်ပြန်လိုက်ပုံကတော့ ရက်စက်တဲ့သမိုင်းမှာ ရာဇ၀င်တွင်တဲ့ heroကြီး Adolf Hitlar(ဟစ်တလာ)ကတောင် သေရာကထပြီး အဘ ထခေါ်ရ မလိုလိုဖြစ်သွားတော့လေရဲ့ဗျာ.။ [အမှန်ကတော့ ရှင်းရှင်းလေးပါ..Generalကြီးကို အသိမပေးဘဲ အာဏာသိမ်းလိုက်ပြီး .ယာယီထိန်းသိမ်း လိုက်ကြောင်း ပြန်တမ်းထုတ်လိုက်တယ်လို့ ဆိုချင်သပေါ့ဗျ။]
အဲပြီးတော့ သူတို့တွေက (Nypian ထုကြီးတစ်ချို့နဲ့… အစိုးရအဖွဲ့ဝင်တစ်ချို့က).. သူတို့အားလုံးရဲ့ အာဏာကို ထုတ်ဖော်ဟစ်အော်လို့ရအောင်ဆိုပြီး၊ အားလုံးပါဝင်တဲ့ ညွန့်ပေါင်းအစိုးရကို ညတွင်းချင်း အလျှင်အမြန် ဒုံးဒုံးဒိုင်းဒိုင်းနဲ့ ဖွဲ့စည်းလိုက်တယ်တဲ့ဗျာ။ အဲဒီလိုနဲ့ ကိုပေစိလက်ထက်က ကျန်ရှိနေသေးတဲ့ မပြီးပြတ်သေးတဲ့ စီမံကိန်းကြီးကို ဆက် RUN တယ်တဲ့ဗျ။ ဒီအစိုးရကတော့ ခက်မာမာပဲ… စီမံကိန်းကြီးရဲ့ man-powerကို Nypian ထုကြီးကနေ အကူအညီတောင်းခံတဲ့နေရာမှာ.. ငါကွ ညွန့်ပေါင်းအစိုးရ ဆိုပြီး ဗီဒိုအာဏာကြီးတကားကားနဲ့ လုပ်လေရာ မျက်နှာမာကြီးနဲ့ ဖြဲချောက်ပြနေတော့ Nypian ထုကြီးလည်းကြာကြာ မခံနိုင်တော့ဘဲ ကွက်ကျားဆန္ဒပြမှုတွေ နှုတ်ထွက်မှုတွေ၊ ဖြစ်လာတော့ ညွန့်ပေါင်းအစိုးရလည်း ခုံ လှုပ်လာတော့သကိုး။ ဒီလောက် ဖြစ်နေတာတောင် ညွန့်ပေါင်းအစိုးရက နည်းနည်းမှ မမှုပါဘူးဆရာ ..သူတို့မှာကျန်ရှိတဲ့ man-power နဲ့ စီမံကိန်းရလဒ် ကောင်းကောင်း၊မကောင်းကောင်း၊ သူတို့ဂရုမစိုက်။ သူတို့နှင့်လုံးဝမသက်ဆိုင်။ သူတို့အဖို့အဓိကမှာ သူတို့သာအာဏာပိုင်စိုး၊ စီမံကိန်းကြီးအဆုံးတိုင်ကြီးစိုး အကောင်၊အထည် ဖော်သွားမယ်လို့ တစ်ပြားသားမျှမလျှော့ ထပ်ကြေညာသွားပြန်လေသရော။ ဟောဗျာ.. တက်လည်းတက်နိုင်ကြပါပေတယ်… မောင်မင်းကြီးသားတို့ရယ်လို့သာ… ကျုပ်ဖြင့်ပြောလိုက်ချင်တော့တယ်။ [ဒီနေရာမှာ ကျုပ်စကားပုံ တစ်ခုကို ပြေးသတိရမိတယ်… “ဘယ်သူတေတေ ငတေမာရင် ပြီးရောတဲ့..” ကျုပ်တော့ထင်တယ်.. သူတို့အတွက်တော့ စီမံကိန်းကြီး အောင်မြင်မအောင်မြင်၊ ညွန့်ပေါင်းအာဏာ ခိုင်ရင်ပြီးရော ဖြစ်မှာပေါ့ဗျာ။]

ဟော..မကြာပါဘူးဗျာ..အခြေအနေတွေက ပိုပိုဆိုးလာတော့၊ အပျက်ပျက်နဲ့ နှာခေါင်းသွေး ထွက်မှာကလည်းဆိုးတာနဲ့ (သူများလက်ညှိုးထိုးကလည်း မခံနိုင်ရှာ၊) ကိုယ့်စကားနဲ့ကိုယ်သာ( စီမံကိန်းကြီး အောင်မြင်အောင် ပိုက်ပိုက်(ပိုက်ဆံ)နဲ့ ကမကထပြုနိုင်တယ်လို့) ရှေးကပြောခဲ့တာမို့၊ ဟန်ပန်တွေ ဆောင်နေရတော့မယ် အချိန်မဟုတ်တော့၊ ယခင်နှစ်က အောင်မြင်အောင် ကမကထပြုနိုင်တဲ့ Retired General နဲ့ members တွေကို ဒုံးကျည်စီးပြီး အကူအညီ ပြေးတောင်း တာများ… မြန်လှပါပြီဆိုတဲ့… အလင်းသွားနှုန်းတောင် ဆရာတင်သွားရလေရဲ့ဗျာ။ Retired General ကြီးနဲ့ members များက ခက်လန့်လန့်မို့ သူထက်ငါ ဦးသူလွတ်ကြေးဆိုပြီး အကျောက်အကန်ငြင်းလို့ မြည်တဲ့ဟင့်အင်းဆိုတဲ့ echo များရိုက်သံကတော့ အင်မတန်ခိုင်လှပါပြီဆိုတဲ့ Great Wall ကြီးတောင် နည်းနည်းတုန်သွားတယ်တဲ့ (တော်တော်ပိုသွားပြီ ထင်တယ်..ဟီးဟီး..)။ အဲဒီထဲမှာမှ ..စိတ်မှတ်သည်းချေကိုမရှိ၊ အကြောက်နည်းတဲ့ ကိုသာဂိ (ခ) old member တစ်ယောက်ကတော့ Nypian သိက္ခာရှေးရှုလို့ရယ်၊ “ကိုသာဂိရေ…ဒါလေးလုပ်ပေးပါဦှးှဆိုလည်း…အေးအေး၊ ဟိုနေရာ လေးသွားပေးပါဦးဆိုလည်း ..အေးအေး” ဆိုပြီးသာ ကိုယ်ကျိုး မကြည့် ထီးဖြူ ဖိနပ်ပါး၊ အားကျိုးမာန်တက်လုပ်ရှာလေတယ်။ အဲ..သူတို့က ကိုသာဂိကို ဘာရယ်ဘာရယ်.. ယာယီအစိုးရဆိုပြီး ကပ်ဖားရပ်ဖားနဲ့ လိုချင်တာအကုန်ကို အားမနာရှာမကျိုးကို လုပ်ခိုင်းတော့တာပါဘဲဂျာ…။ ကိုသာဂိကြီးမှာ သူတို့ကို စပြီးကူညီတဲ့အချိန်ကစပြီး၊ Nargis Cyclone နဲ့တူတဲ့ ကံဆိုးကြီးတွေရဲ့ Attack ကို မရှုမလှ တစ်ခုပြီးတစ်ခု စက်သေနတ်ပစ်သလို တရစပ် အပစ်ခံရပါလေရော…ဆရာ။ အစပိုင်းကတော့..ဦးနှောက်ခြောက်ရခြင်း၊ နောက်တော့ စားမ၀င် အိပ်မပျော်ဖြစ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အလုပ်အကိုင်များပျက်ကွက်ခြင်း၊ ရည်းစားနဲ့ စကားများခြင်းမှ အဆုံး handphone ကြီး ပျောက်ဆုံးခြင်းတို့နဲ့ ရင်ဆိုင်ခဲ့ရလေတယ်။ ယာယီအစိုးရ ကိုသာဂိကတော့ မိမိဘာသာ အစပြုလက်ခံခဲ့တဲ့ အဲဒီခေတ္တရရှိတဲ့အာဏာကို တစ်ဝက်တစ်ပျက်နဲ့ ထားခဲ့လို့ကမဖြစ်ပြန်လေတော့..စပြီးသားကိစ္စရယ်..အဆုံးတိုင် အကောင်းဆုံး လုပ်သွားပေး လိုက်မယ်လို့..အတွေးလေးက မဆုံးသေးရယ်…မထင်မှတ်ဘဲ ရုတ်တရက်ဆိုသလို (Americanများ ပုလဲဆိပ်ကမ်းကို ဗုံးကြဲလိုက်သလို… ) ဆိုင်းမဆင့် ဗုံမဆင့် ကန်ကျောက်ခံလိုက်ရလေသတည်း။ (ဟားဟား…မှတ်ကရော ကိုသာဂိရေ)။

ဖြစ်ပုံက ဒီလို... ကိုသာဂိကြီး... ရောက်လည်း ရောက်လာရော.. အခြေအနေက ပြန်တိုးတက်လာတယ် (ကိုသာဂိပြောသလိုလုပ်တာကို)..။ မကြာခင် ကိုသာဂိခြေ၊ကိုသာဂိ လက်ဖြစ်လာတော့ သူတို့မကျေနပ်ချင်တော့။ သူတို့က သူတို့အာဏာပြချင်၊ ပြခွင့်ကလည်းမရ ဆို တော့၊ ကိုသာဂိ ပေးတဲ့ အကြံဥာဏ်တွေ လက်မခံလိုတော့၊ ဘုရားပြီး ငြန်းဖျက်ဆိုသလို သူတို့တွေ ကြံကြလေပြီတကား။ သြော်ဒီလိုနဲ့…မြန်မာတွေ အင်္ဂလိပ်တွေ ပထုတ်ချင်တာနဲ့ ဂျပန်အဘပြေးခေါ် ဆိုသလိုပေါ့… ဟဲဟဲဟဲ…ပြေးခေါ်စရာ အဘရယ်တွေ့လေတော့…..မနှေးသာအမြန်သာဂိရေ ဒိုးလေတော့... ဟုဖြစ်သွားလေသတည်း.။ ဟောဒီမှာ တစ်ပြန် စီမံကိန်းကြီး ပျက်ကိန်း ဆိုက်လေပြန်ပြီ… နောက်ဆုံးတော့လဲ... စီမံကိန်းကြီးအကောင်အထည် ဖော်သွားပါတယ်…[ Retired General နဲ့ members များ၊ ယာယီအစိုးရ ကိုသာဂိ ကြီးနဲ့ အတူ အဘ ..ကော..နောက်ထပ် အမည်မဖော်စေလိုသူ ၃၊ ၄ ဦးတို့ရဲ့ အကူအညီနဲ့သာ နောက်ဆုံးမှာစီမံကိန်းကြီးလည်း ဆွဲလေရာ တရွတ်တိုက်ပါကာ ဝေါခနဲ သောခနဲဆို ဗြုန်းစားကြီးသာ ပြီးသွားပါလေသတည်း။

ဘယ်လိုပင်ပြောပြော…ဒီလိုကိစ္စမျိုးက ဘယ်နည်းနဲ့မှ မဖြစ်သင့်ခဲ့။ ပြောစမှတ်သာ တွင်ခဲ့လေပြီ။ သို့သော် စီမံကိန်းကတော့ ပြီးသွားချေပြီ။ Retired General နဲ့ members များ၊ ယာယီအစိုးရ ကိုသာဂိ ကြီးနဲ့ nypian မျိုးချစ်စိတ်ရှိ ပုဂ္ဂိုလ်များကတော့ နောက်ထပ်လာမည့် စီမံကိန်းအတွက် ဆက်လက်ပူပန်နေကြဆဲ… ပူပန်မှု စိုးရိမ်ရေအမှတ်မှာလည်း ကျော်လွန်နေပါတယ်။ ဆရာများလှသောကြောင့် ဆရာများသားသေမည်က တစ်ကြောင်း၊ ကိုယ့်ထမင်းကိုယ်စားပြီး ဘယ်အရာကိုမှ ဂရုမစိုက်ပဲ ကိုယ့်လမ်းကိုယ်လျှေက်သူများက များလှသောကြောင့် တစ်ကြောင်း၊ ခေတ်ကာလက ပိုမိုတိုးတက်လာတဲ့အတွက် ညွှန့်ပေါင်းအစိုးရမှသည် Demorcracy ကို ကျော်လွန်ကာ Republic of Singapore တွင်နေထိုင်သောကြောင့် Reprocracy ဆိုပြီး တိုးချဲ့မြှင့်တင်သွားကာ YMBA, GCBA များကဲ့သို့ အစိတ်အစိတ်အမွှာမွှာ၊ အပိုင်းပိုင်းအစစ၊ ကုန်းကောက်လောက်အောင်ပင် မရအောင်ကွဲအက်သွားမှာ စိုးရိမ်ကြောင်းကို အဲဒီ စကားဝိုင်း လေးဆီက တစ်စိတ်တစ်ပိုင်း မကွဲမသဲ (အဲလေ…ယောင်လို့) မသဲမကွဲ ကြားလိုက်ရလေသတည်းဗျာ။
သြော်..သြော်…လူ့အလို နတ်မလိုက်နိုင်…။ Nypians အလိုများ ကျွန်တော်မျိုး စာရေးဆရာ စူးရောက် ထန်းလှောက် မလိုက်နိုင်ပါတကား ။ ။

ဆက်ဖတ်ပါရန်...

 

အဟမ်း... အဟမ်း.. ဒီကိစ္စနဲ့ပတ်သက်လို့ .. သုတေသီတွေအနေနဲ့ အတော်လေးအငြင်းပွားစရာတွေပေါ်ပေါက်ခဲ့ တယ်လို့ကြားသိရပါတယ်။ အားလုံးသိကြတဲ့အတိုင်းပဲ လက်ရှိကမ္ဘာမှာ သားဆက်ခြားရေးအပြင် ကူးဆက်ရောဂါများမပြန့်ပွား စေရန် မြို့ပြနှင့် ကျေးလက်ဒေသတို့ပါမကျန် နေရာအနှံ့ ကွန်ဒွမ် Condom ကို ကျယ်ပြန့်ထိရောက်စွာသုံးစွဲကြပါရန် အစိုးရနှင့် ကျန်းမာရေးအဖွဲ့အစည်းများမှ ပညာပေးဆောင်ရွက်ခဲ့လို့ ယခုဆိုလျှင် အလွန်ပင်အကျိုးသက်ရောက်မှူ့ ရှိနေပြီဖြစ်ပါတယ်။

ခုကိစ္စကတော့ သမိုင်းသုတေသီတို့နှင့်ပက်သက်ပါတယ်.. မြန်မာ့သမိုင်းသုတေသီတို့အနေနှင့် အထက်ဖေါ်ပြပါ ကွန်ဒွမ်ကို ဟိုး..ယခင် မြန်မာမင်းများလက်ထက်ကတည်း မှစတင်၍ ကျယ်ပြန့်စွာအသုံးပြုခဲ့သလော.. ဂုဏ်ယူဝံ့ကြွားဖွယ်၊ အနောက်နိုင်ငံသုတေသီများနှင့် အငြင်းပွားဖွယ်.. သို့လော.. သို့လော ဖြစ်ခဲ့ရပါတယ်။ ဖြစ်ပုံက ဒီလိုပါ...


မြနန်းစံကျော် မန္တလေးရွှေနန်းတော်ကြီးကို ရှေးမူမပျက် ပြန်လည်ပြုပြင်မွန်းမံစဉ်က နန်းတော်တွင်းမြေတိုက်တော်တနေရာမှ အထက်ဖော်ပြပါ ကွန်ဒွမ်ဟု ယူဆဖွယ်ရှိသော ပစ္စည်းတခုကို တူးဖော်ရရှိခဲ့သည် ဟုဆိုပါတယ်။ သက်ဆိုင်သူများမှလည်း ထိုအရာသည် အဖိုးမဖြတ်နိုင်သော ရှေးဟောင်းပစ္စည်းဟုယူဆ ရသည်နှင့်အညီ မြန်မာ့သမိုင်းသုတေသီများသို့ လွှဲပြောင်းပေးအပ်ကာ လိုအပ်သည်များကို လေ့လာမှူ့ပြုစေပါသည်။ သမိုင်းသုတေသီများအနေနှင့် အဆိုပါပစ္စည်းနှင့်ပတ်သက်၍ မည်သည့်သမိုင်းအထောက်အထားမျှ ရှာဖွေမတွေ့ရှိပဲ နောက်ဆုံး.. ခေတ်အတတ်များကိုကျွမ်းကျင်သော သေနတ်ဝန်တိုင်းတားမင်းသော်၎င်း၊ အနောက်နိုင်ငံများသို့ စုံလင်စွာသွားရောက်ဖူးသော သံတမန် တော်ကင်းဝန်မင်းကြီးသော်၎င်း၊ သို့မဟုတ် ကုတ္ထိယကျမ်းနှံ့စပ်သော ဦးပုညသော်၎င်း၊ နန်းတွင်းဘုရင့်လက်စွဲသမားတော် မောင်ခဲ သော်၎င်း..ပုဂ္ဂိုလ်ကြီးတို့မှ မြန်မာဘုရင်နှင့် သူ၏များပြားလှသော မိဖုရားတော်၊ အပျိုတော်၊ အအိုတော်၊ ကိုယ်လုပ်တော်၊ ဘာတော် ညာတော် တို့၏အရေးကိစ္စများဖြေရှင်းရန် အတွက် တီထွင်ပေးထားခြင်းဖြစ်ရာ၏ ဟုကောက်ချက်ချရန် အရေးသာရှိလေတော့သည်။ သို့သော်လည်း အဆိုပါကိစ္စနှင့်ပက်သက်၍ ပြည်သူလူထုသို့ ဖော်ထုတ်ပြန်ကြားရန် ခက်ခဲနေသောအချက်တချက်မှာ တူးဖော်ရရှိသောပစ္စည်းသည် မျှော်မှန်းနိုင်သည်ထက် သာလွန်၍ကြီးနေသောကြောင့် သမိုင်းသုတေသီတို့အနေနှင့် မ၀ံ့မရဲဖြစ်နေကြရှာသည်။
သို့သော်လည်း ဤသို့ရှုပ်ထွေးလှသောအခြေနေအရပ်ရပ်ကို နောက်ဆုံး လက်ရှိကြွင်းကျန်သော မြန်မာမင်းမျိုးမင်းနွယ်တစ်ဦး မှခိုင်မာစွာဖြေရှင်းလိုက်နိုင်ပါသည်။ တူးဖော်ရရှိသော အဆိုပါ ကွန်ဒွမ်ဟုယူဆဖွယ်ရာရှိသည့်ရှည်မျောမျော ပစ္စည်းသည် "မင်းတုန်းမင်းကြီး အဆောင်တော်မကူးသောညများ၌ ခွအိပ်တော်မူလေ့ရှိသည့် ဖက်လုံးတော် ၏ အစွပ်သာဖြစ်ကြောင်း.."

ဤပိုစ့်၏ မြန်မာ့သမိုင်းနှင့်ပက်သက်သော အချက်အလက်များကို မခိုင်မာသောသတင်းရပ်ကွက်မှ ရရှိ၍၊ ဖြစ်သလိုစိတ်ကူးတည့်ရာရေးထားကြောင်းနှင့် အတည်မှတ်ယူပါက သင်၏မိုက်မဲမှု့ မျှသာဖြစ်ကြောင်း.. ထပ်လောင်းပြောကြားလိုက်လေသတည်း....။ ။

ဆက်ဖတ်ပါရန်...

 

MM Blogger 2008 Mug (MMB08M) Open
1001Burmese


VS Top Blog sters

1001Burmese အသင်းသည် အဖြူရောင်အင်္ကျီ၊ ဘောင်းဘီများကို ၀တ်ဆင်ထားပြီး၊ ပြိုင်ဘက် အချို့ Blogsters အသင်းမှ အသင်းသားများကတော့ သူအရောင်နှင့်သူ ရောင်စုံများဝတ်ဆင်ထားကြပါတယ်။ သူတို့ ဘာလုပ်မယ်တော့ စဉ်းစားစရာပါခင်ဗျ။ ဘောလုံးဘဲကန်ကျမလား၊ Dota ကစားကျမလား၊ Counter ပစ်ကျမလား။ တိတိကျကျ မသိသေးပါဘူး။ တဖတ်ကလည်း လွှတ်ပါတယ်။ တစ်ခြားတစ်ဖက်ကလည်း။ ပြန်လွှတ်ပါတယ်၊ အဲ မထိအောင် ပစ်လို့ လဲ ပြောပုံရပါတယ်။ ပစ်တော့ပစ် မထိစေနဲ့ တဲ့ ခင်ဗျ။ မရပါဘူးခင်ဗျ 1001Burmese က အတင်းကိုတက်ဖိထားတယ်ခင်ဗျ။
ကစားကွက်ကတော့


1001က သူများဟာကွက်ကိုကြည့်ပြီး Counter ကစားပုံရပါတယ်။ ကစားတဲ့ အခါမှာလည်း နည်းနည်းကြမ်းတယ်ခင်ဗျ။ သို့ ပေမယ် ဘယ်သူမှ ကဒ်ပြမခံရဘူးခင်ဗျ။ ဟိုဘက်အသင်းသား နှစ်ယောက်ကတော့ သူဟာသူ အနီကဒ်ပြသွားတယ်ခင်ဗျ။ အဲ့ မကြာပါဘူးခင်ဗျ။ သူသဘောနဲ့ သူထွက်သွားတဲ့ အသင်းသားနှစ်ယောက်ပြန်ဝင်လာဖို့ သွေးပူလေ့ကျင့်ခန်းလုပ်နေတဲ့ခင်ဗျ။ တစ်ယောက်ကတော့ Injure အတော့ထိသွားတယ်ပုံရတယ်ခင်ဗျ။ 1001 ဘက်ကတော့ အားပေးသူသိပ်မများသလောက် တစ်ဖက်အသင်းအတွက်ကျတော့ ပရိတ်သတ်ကပါဝင်ကန်ပေးတယ်ခင်ဗျ။ 1001 ကလည်း WWF/WWE လို စည်းဝိုင်းထဲဝင်လာရင် ကျွေးမှာခင်ဗျ။ 1001 ရဲ့ Sniper ထောက်ချက်တွေကြောင့် သူ Blog ပေါ်မှာ သိပ်မအော်ကြဘူးခင်ဗျ။ လောလောဆယ်တော့ မောတွားဘီ။ ပြီးမှဆက်ကြေငြာမယ်။

ပျော်စေ၊ ကောင်းစေတဲ့ သဘောနဲ့ စတာပါ။ လူတွေဒီလောက်ပြောနေကြမှာတော့ ကျွန်တော်လည်း ကျွန်တော့သဘောထားကိုပြောပါရစေ။ This Post is Moved To Forum Due To Long Article.


ဆက်ဖတ်ပါရန်...

 



ဆိုပါစို့... ရှောက်သီးတစ်လုံး။
ရှောက်သီးသည် အလွန်စူးရှ၍ ချဉ်သောအာနိသင်ရှိသည်။ ဓာတုဗေဒ အဆိုအရ ဆစ်ထရစ်အက်ဆစ် ဖြစ်ပေသည်။ ကျနော်တို့ မြန်မာလူမျိုးများ (အထူးသဖြင့် မိန်းကလေးများ) အချဉ်ကြိုက်တတ်ပုံကို ဖော်ပြရလျှင်..့ ထိုရှောက်သီးကို အခွံနွှာ အမွှာလေးများကို သေးသေးစိတ်၍တမျိုး၊ အရည်ညှစ်၍တဖုံပြု၍ ကြက်သွန်နီပါးပါးလှီး.. ပြီးလျင် ပုဇွန်ခြောက်မှုန့်၊ ပဲမှုန့်၊ အချိုမှုန့်၊ ငံပြာရည်၊ ငရုတ်သီးမှုန့် တို့နှင့် ဆီချက်လေးပါဆမ်း ပြီး အားပါးတရ ရောသမနှယ် ၍ ချဉ်၊ ငံ၊ စပ် သုပ်စားတတ်ကြသည်။ ဟား... အခုတောင် မြင်ယောင်ပြီး သွားရည်ကျလာပြီ။

ယခု စာရှုနေသူ အဆွေ.. သင်ရော အထက်ဖော်ပြပါ ရှောက်သီးသုပ်ကို မြင်ယောင်၍ သွားရည်ကျမိပါသလား။ သို့မဖြစ်ပါက ကျနော်၏တင်ပြပုံ လျှော်မှူမျှသာဖြစ်၍ အဆွေ့အနေနှင့် အဆိုပါ ရှောက်သီး၊ ရှောက်သီးသုပ်ကို မစားမီ မြင်ရုံမျှ (သို့) တွေးတော၊ ပြောဆိုမိရုံမျှ နှင့်ပင် သွားရည်ကျဖူးပေလိမ့်မည် ဟု ကျနော်ယုံကြည်မိပါသည်။ ဟုတ်ပါပြီ.. ဒါလောက်ဆိုကျနော်တို့ ရှေ့ဆက်ဆွေးနွေးလို့ရပြီပေါ့။

လူတို့သည် အာခံတွင်းအတွင်း၌ အစားအစာများ ဝါးနေစဉ်နှင့် ထိုအစာများအား အစာအိမ်သို့ပို့ဆောင်ရာတွင် အူလမ်းကြောင်းတလျောက် ချောမွေ့လွယ်ကူမှူရှိစေရန် ဦးနှောက်မှတဆင့ှ် ခံတွင်းအတွင်းရှိ တံတွေးဂလင်းများအား အရည်များညှစ်ထုတ်စေသည်။ ထို့အပြင်


အစာအိမ်အတွင်းမှ အစာခြေရည် (အက်ဆစ်) များထွက်နေချိန်၊ တနည်းအားဖြင့် ဆာလောင်နေချိုန်တွင် အစာများ ခံတွင်းအတွင်းသို့ မရောက်ရှိ၊ မဝါးမျို သေးသည့်တိုင် အမြင်အာရုံစေ့ဆော်မှူမှတဆင့် ဦးနှောက်သည် တံတွေးဂလင်းများအား အလုပ်လုပ်စေတတ်ပါသည်။
ဥပမာ... "ဟာ...ကြည့်စမ်း..စားချင်စရာ..သွားရည်တောင်ကျလာပြီ..ဂလု" ဟု ပြောဖူး၊ ကြားဖူးပေလိမ့်မည်။
သို့သော် စားနေစဉ် (သို့) ဆာလောင်နေစဉ် မဟုတ်သည့်တိုင် အချဉ်ဓါတ်ပါသော အစားအစာများ (ရှောက်သီး၊ သံပရာသီး၊ ဆီးထုပ်..စသည်တို့..) အား မြင်ရုံ၊ တွေးကြည့်ရုံ မျှနှင့်ပင်လျင် ခံတွင်းအတွင်းတွင်လွန်စွာ စွတ်ဆိုလာသောကြောင့် တံတွေး မျိုချရတတ်ပြီး အချို့ဆိုလျင် သွားများကျိန်းတက်လာသည်အထိ ခံစားရတတ်ပါသည်။

လူအချို့(လူတိုင်းမဟုတ်) ၏စရိုက်တမျိုးမှာ ရွံစရာများ၊ လွန်စွာမနှစ်မြို့ဖွယ်ကောင်းသော အရာများ ကြုံတွေ့သော် (သို့) စဉ်းစားတွေးတောမိသော် တံတွေးထွေးတတ်ကြသည်။ ဥပမာ.."တောက်.. ရွံဖို့ကောင်းသကွာ... ထွီ.." စသည်ဖြင့်။
ကျနော်ဆိုလိုသည်မှာ ထိုပုဂ္ဂိုလ်တို့သည် အဆိုပါအခင်းဖြစ်ပွားချိန်တွင် ခံတွင်းအတွင်းမှ ဂလင်းများ သည်အရည်များ ဖြစ်ညှစ်ထုတ်လိုက်သောကြောင့်ပေလား။ ဆိုလျင်..အကယ်လို့ ပတ်ဝန်းကျင်သည် တံတွေးထွေးရန် အဆင်မပြေပါက မျိုချရမည်လော။
ဤသို့ဆိုလျင်.. "ဟ.. ကြည့်စမ်း.. အီးပုံကြီး အကြီးကြီးပဲ... သွားရည်တောင်ကျလာပြီ... ဂလု.." ဟု ဆိုဖွယ်ရှိပေချိမ့်မည်။
ဟီး... အဲလိုဆို အတော်လေးကို ကသိကအောက် နိုင်သော ကိစ္စဖြစ်ပေလိမ့်မည်။

အဆွေ... သင်ကရော.. ရွံစရာအခင်းများ ကြုံတွေ့ဖြစ်ပေါ်သော် သင့်ခံတွင်းမှ တံတွေးဂလင်းများ အလုပ်လုပ်တတ်ပါသလား...။

ဆက်ဖတ်ပါရန်...

 

ကျနော်တို့ နေထိုင်ရာ ချစ်သောကမ္ဘာမြေ (မချစ်လည်း မတက်နိုင်၊ အခြားနေစရာမှ မရှိတာ) သည် တစ်နေ့တစ်ခြား ပူနွေးလာပြီးဖြစ်သည်။ လေ့လာသူတို့ အဆိုအရ အောက်ဆီဂျင် သိပ်သည်းမူများသော O3 ခေါ် အိုဇုန်းလွှာကြီး ပေါက်ပြဲမှုမှ အစပြု၍ ကမ္ဘာ့ဝန်ရိုးစွန်းဒေသရှိ ရေခဲတောင်ကြီးများ အရည်ပျော်ပြီး ကမ္ဘာသည် ရေနစ်သေဆုံးလတ္တံ့ ဟု။ တရားခံကို မီးခိုးကြွက်လျှောက်လိုက်မိသော် လူသားများ၏ ထိန်းမနိုင်၊ သိမ်းမရ သိပ္ပံနည်းပညာများ မြင်းမားပေါက်ကွဲလာခြင်းမှအစပြုခြင်း ပင်ဖြစ်သည်။ ဆိုလျှင်…. လူသားတို့၏ ယဉ်ကျေးမှု့ လူနေမှု ဘဝအဆင်အတန်းတို့ ကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့ သည့် ဂယ်လီလီယို၊ နယူတန်၊ အိုင်းစတိုင်းစ်၊ အယ်ဒီဆင်…. အစရှိသော ကျေးဇူးရှင်သိပ္ပံပညာရှင်ကြီးများသည်ပင်လျှင် ကမ္ဘာမြေ၏ အဓိကရန်သူ ဇစ်မြစ်သဖွယ် ဖြစ်နေလေ၏။
ဟုတ်ကဲ့…. ဒီနေရာတွင် ကျွန်တော် တစ်ခုပြောလိုပါသည်…. အထက်ဖေါ်ပြခဲ့သော ကမ္ဘာကြီး၊ အိုဇုန်းလွှာကြီး၊ လူသားများ၊ သိပ္ပံပညာရှင်ကြီးများသည် ကျနော်ယခုဖေါ်ပြလိုသော အကြောင်းအရာနှင့် မည်သို့မျှ ပက်သက်မှုမရှိပါ….။ ကမ္ဘာကျော်ကြား ပုဂ္ဂိုလ်ကြီးများအားလည်း စော်ကားလိုခြင်း အလျှင်းမရှိပါ….။ သို့သော်လည်း အချို့သော စာရေးသူများနည်းတူ မိမိရေးသားသော အကြောင်းအရာ ကြီးကျယ်ခမ်းနားခြင်း ဖြစ်စေရန်၊ မိမိ၏ စာပေလေ့လာအား ကြွယ်ဝကြောင်းသိစေရန် အလိုငှာ စကားကြီး စကားကျယ်များ ပုဂ္ဂိုလ်ကြီးများ၏အမည်များ အားထည့်သွင်းဖေါ်ပြခြင်းမျှသာ ဖြစ်ပါသည်။ အင်း….. မဆိုဘိစတောင်း။
ယခုမှစပါမည်….။
ခြံဝန်းတစ်ခုအတွင်းရှိ အိမ်ရှေ့မြတ်ခင်းပြင်ကွတ်လပ်တွင် ကလေးငယ် တစ်ယောက်သည် မြေကမွလေးအတွင်းမှ မသိမသာလှုပ်ရှားမှုတစ်ခုအား စိတ်ပါဝင်စား ထိုင်ကြည့်နေသည်။ သူ၏စိတ်ခံစားမှုတွင် မည်သို့ ဖြစ်ပေါ်လာသည် မသိ နုနယ်သော လက်ကလေးများ ရွေ့လျားသွားကြသည်။ ထိုစဉ်….


မိခင်မှ တွေရှိ သွားပြီး..
“ဟဲ့ သား၊ တီကောင်တွေ လျှောက်မကိုင်နဲလေ…. လာ လာ ရွံစရာကြီး”….။
ထိုနည်းတူစွာ ကျင်းအဝတွင် လောကကြီးအား စပ်စုနေသော သားငယ်ကို တီမိခင်ကြီးမှ့ အလန့်တကြား..
“ဟဲ့သား အထဲမြန်မြန် ပြန်ဝင်ခဲ့စမ်း.. အမေပြောတယ် မဟုတ်လား.. အဲဒီ လူ အကောင်တွေနဲ့ ကင်းကင်းနေပါလို့.. သူတို့က အမေတို့လို စင်းလုံးချောတွေ မဟုတ်ဘူး…၊ အဖုတွေ..အထစ်တွေနဲ့ ရွံစရာကြီး”….။

ဆက်ဖတ်ပါရန်...

 

ဘုတ်...ဘုတ်...ဘုတ်
ပန်းသီးလေးတစ်လုံး ငါ့အပေါ်ကြွေကျလာတယ်။
ငါနယူတန်...မဟုတ်ပါဘူး။
ဒါပေမဲ့....
ငါစဉ်းစားတယ်။
???????????
ဘာ့ကြောင့်လဲဆိုတာ
ပြက္ခိးန်တွေ......
တစ်ရွက်ပြီးတစ်ရွက် လှန်သွားရင်း
ပန်းသီးလေးကိုလည်း
ဟိုလူတစ်ကိုက် ဒီလူတစ်ကိုက်နဲ့ပေါ့
ကဲ...အခုသိပါပြီ
ကြွေလာရင်
စားသာစားလိုက်
ကိုယ်မစားရင်သူများ စားသွားမယ်။

(မြိုင်ရာစာ ငှက်ကြီး) ခေတ္တ NYP

ဆက်ဖတ်ပါရန်...