" ငှက်အန်ခြင်း "
မြိုင်ရာဇာ ကိုငှက်ကြီး
လက်သီးမှာ တကယ်ပြင်းတယ်...
ကော်ပန်းကန် ကော်ခွက်ခွဲ
အမေဆဲ ငါကိုင်တုတ်
အဟုတ်တကယ် အမိုက်ပွား
လူတကာ ခြောက်ခြား စေခဲ့...
အမိုက်တဲ့ အမှောင်ဖုံး
ဘော်ဒဂါ သူသောက်သုံးလို့
ငြှိုးမာန် ဖွဲ့ ရန်ဖီ
ထီး မထီ မျက်နှာထား
ဆောင့်ကြောင့်ထိုင် အိမ်နောက်ဖေးမှာ
ဒေါသတွေပွား....
ရင်ခိုက်လို့ နာတာကို
ရွဲ့တိုက်ခါ ငေါ်တူး
ဝမ်းဗလာ သူရာဖြူးတာမို့
ငှက်ဇာဏီ ဒေါင်ချာဆိုင်းကာ
အော့အန်ပြီး သည်းအူပြုန်းမျှ
(သူငယ်ချင်းတို့ရေ…)
ဝိုင်းနှိပ်ကြစမ်း…….။
ဇီးကျင် ( Nypian )
ဇီးကျင်၏ art of အော်ဂလီ!

2 Responses to " ငှက်အန်ခြင်း "
ဟား.. လန်တက်နေပါလား.. မိုက်ပါ့..
ွှ့This is "ပျို့ -အန်-ချင်း" ကဗျာ အမျိုးအစားဖြစ်သည်။
Something to say?