"ချစ်ဇာတ်လမ်း"
သခင်တကောင် မမွေးခဲ့ပေါင်
ဒါနဲ့ တောင်...
နိဒါန်းအစ အယုအယတွေနဲ့ 
ငါဟာ ကြောင်တကောင်လိုပါ( ပွတ်သီးပွတ်သပ်နဲ့ ပေါ့)
နောက်တော့ သူ့ ဘေးမှာ...
ရန်တစ်ထောင်ထောင်နဲ့  ခွေးတကောင်လိုပေါ့
ဒါပေမယ့် သူကတော့...
ဇာတ်ကြိုးတော့ နိုင်တ၇်...
ဇာတ်ပေါင်းမတော့...
ကိုကို၇်တိုင် လိုလိုလားလားနဲ့ 
လှောင်ချိုင့်ထဲ ၀င်အသွားမှာ
ကြက်တူရွေး ဖြစ်လိုက်
မျောက် ဖြစ်လိုက်နဲ့ 
ဇာတ်သိမ်းတော့...
ငါ့ နှာခေါင်းမှာ နားဖားကြိုးနဲ့ 
ကျောမှာတောင့် 'ဘို့ 'ပေါက်ခဲ့တ၇်...
ဒီအတွက် ထွန်ရေးညတ်ဖို့ 
ရုန်းလေတော့...
ကဗျာဆရာ - တိရစ္ဆာန်စာဆို သမိုင်းကြက်
ကဗျာအမျိုးအစား - "ငါးဖက်သွားချင်း" (တိရစ္ဆာန် ကဗျာအမျိုးအစား)
တိရစ္ဆာန်ကဗျာများကို သီးသန့် ခံစားရေးဖွဲ့ သော သမိုင်းကြက်
"အမှတ်တရ ညတည"
အား...
တကိုရ်လုံး ရွဲရွဲစိုသွားတ၇်...
တဖွဲဖွဲကျနေတဲ့ ရေစက်တွေရ၇်...
နင့် အကြောင်းတွေးမိတိုင်း.
ငါ့ရဲ့...
ခါးအောက်ပိုင်းဆီက.
တဆတ်ဆတ် တုန်ခါမှုက
ကြက်သီးမွှေးညှင်းများတောင် ထ မိတ၇်.
အမှတ်တရ ဖေဖော်ဝါရီ ၁၄
ကြာကူလီ သီချင်းထဲကလို...
တသက်စာ မဝေးဘူးလို့ ...
ရင်ထဲမှာလဲ ပျော်မိခဲ့.
နင်ရ၇်
ငါရ၇်..
ခွလုံးတစ်လုံးရ၇်...
ငါတို့ နှစ်ယောက်အတူရှိခဲ့ဘူးတဲ့.
ဒီအခန်းကျဉ်းလေးရ၇်...
ခုထိသတိရနေဆဲပါ.
ချစ်ပါတယ်...
ဒါပေမယ့် အကြိမ်ကြမ် စောင့်ထိန်းခဲ့တ၇်...
သူရာတွေရီဝေနေတဲ့ ဒီတညတော့...
နင်မှားလား. ငါမှားလား
သူမအကြောင်းကို စဉ်းစားနေရင်း...
မှေးခနဲခဏ...
ငါ့ ခန္ဒာကိုယ်က...
အကြောနဲ့ ကြွက်သားစိုင်တွေ.
ဆတ်ခနဲ... ဆတ်ခနဲ...
နူးညံ့တဲ့ အထိအတွေ တခုရဲ့...
ဦးဆောင် စေစားရာမှာ...
လိုက်ပါ စီးမျောရင်း...
ခြေဖျားထံမှနေ
စတင် မြစ်ဖျားခံလာတဲ့
အထိအတွေ့ ...
နူးညံ့နွေးထွေးတဲ့.
ခြေလက်တစုံနဲ့ ...
ငါရင် တခုန်ဟာ...
စစ်ဘီလူးကချေသည်လို...
ကဝေဆန်နေခဲ့.
စပါတန် စစ်သူရဲကောင်းတွေတောင်.
ထိန်းချုပ်မှုတခုဆိုတာ...
လေဆန်မှာ ၀ဲပြန့် ...
စိတ်ကစဥ့်ကလျား ဖြစ်စေနိုင်တဲ့...
နွေးထွေးတဲ့ နုတ်ခမ်းတစုံကို...
သာယာ မိန်းမော...
ဖိသိပ် ပွတ်သပ်မိတဲ့ ခဏ.
အား...အား...အား....
သူမခန္ဒာကိုယ် တခုလုံးကို...
စွဲကပ်ဖိထားလိုက်စဉ်...
ထောင်းခနဲ 'ထ' လာတဲ့...
စူးရှရှ ညှီစို့ စို့ အနဲ့ တစ်ခုနဲ့ အတူ...
စေးထန်းထန်း ကပ်စီးစီးနဲ့ ...
ငါ့လက်ဝါးမှာ.
သွေး...သွေး..သွေးတွေ...
ငါ့လက်ဝါးမှာ.
တောက်...
ကိုက်ပြန်ပြီ ဒီကြမ်းပိုးက
ခုတော့ သတ်မိပြီ...
သေတာပဲ အေးတ၇်...
စာရေးသူ - မြိုင်ရာဇာ ငှက်ကြီး (ခေတ္တ NYP)
စာအမျိုးအစား - "'ပျို '့-N-ချင်း"
" ငှက်အန်ခြင်း "
မြိုင်ရာဇာ ကိုငှက်ကြီး
လက်သီးမှာ တကယ်ပြင်းတယ်...
ကော်ပန်းကန် ကော်ခွက်ခွဲ
အမေဆဲ ငါကိုင်တုတ်
အဟုတ်တကယ် အမိုက်ပွား
လူတကာ ခြောက်ခြား စေခဲ့...
အမိုက်တဲ့ အမှောင်ဖုံး
ဘော်ဒဂါ သူသောက်သုံးလို့
ငြှိုးမာန် ဖွဲ့ ရန်ဖီ
ထီး မထီ မျက်နှာထား
ဆောင့်ကြောင့်ထိုင် အိမ်နောက်ဖေးမှာ
ဒေါသတွေပွား....
ရင်ခိုက်လို့ နာတာကို
ရွဲ့တိုက်ခါ ငေါ်တူး
ဝမ်းဗလာ သူရာဖြူးတာမို့
ငှက်ဇာဏီ ဒေါင်ချာဆိုင်းကာ
အော့အန်ပြီး သည်းအူပြုန်းမျှ
(သူငယ်ချင်းတို့ရေ…)
ဝိုင်းနှိပ်ကြစမ်း…….။
ဇီးကျင် ( Nypian )
ဇီးကျင်၏ art of အော်ဂလီ!
"ငါ့ဘက်"
ဖြောင်း... ( ပါးနဲ့ လက်ဝါးနဲ့ ထိတဲ့ အသံ )
ပန်းတပွင့် အတွက်
လျော်ကြေး...တဲ့...လား...!
ဟားဟား...ဟား...
သွားသေလိုက်စမ်းပါ.
ဘာတဲ့...
အချစ်ဆိုတာ ငါနဲ့ တွေ့ မှ
စတင်ပွင့်ဖူးလာခဲ့တာတဲ့လား...?
ထားပါကွာ...
ဒါဆိုရင်...
ငါ့နှလုံးသားကျောက်ကြမ်းပြင်မှာ.
နှင်းဆီးဆူးသွားတွေနဲ့ ထွန်ယက်စိုက်ပျိုး...
နင် ဖူးပွင့်လာနိုင်ဖို့ .
ငါက... မျက်ရည်တွေသွမ်းလောင်းခဲ့တာပါ...
မြိုင်ရာဇာ ငှက်ကြီး ( ခေတ္တ NYP )
"ရင်ခုန်ပါတယ်..ရင်ခုန်ပါတယ်"
အို..ဘာတဲ့.
ရင်ခုန်တယ်တဲ့လား?( အချစ်နဲ့ တွေ့ ရင်...)
ပိုးဆိုးပက်စက် အော်ရီလိုက်ချင်တယ်...
ငါ့ အတွက်တော့
အချစ်ဆိုတာ...
သူမရဲ့ ကိလေသာရွှေတိုက်ကို
ဖွင့်မဲ့ သော့တူတစ်ချောင်းပဲ...
ရင်ခုန်ကောင်းပါတယ်...
နေ့ ခင်းကြောင်တောင်ကြီး ခိုးရတာမို့ ...
"ယုံသင့်...မယုံသင့်?"
သူမ... မောင့်ကိုချစ်လို့ 
တစ်ဘ၀လုံး ပုံအပ်ခဲ့တာတဲ့
ကျွန်ုပ်...ရုတ်တရက်....
ခေါင်းတွေ မူးဝေ နောက်ကျိလာတယ်...
( နားကြားများ မှားနေရော့သလားလို့ )
"ခြားနားချက်"
အချစ်ဆိုတာ...
နင့်ဘ၀ အတွက်တော့ သံပတ်
ငါ့အတွက်တော့...
ငါ့အတ္တရဲ့ အံဖက်....
မြိုင်ရာဇာ ငှက်ကြီး ( ခေတ္တ NYP )
ဂီတမှတ်တိုင် (၁၃)

မာယာတွေ ရီဝေနေတဲ့ည
စိတ္တဇရဲ့ အမှောင်မှာ
ရိုးရိုးသားသား ညစ်ထေးနေတဲ့
လျှပ်စစ်ဂီတသံစဉ်တချို့…..
ငါံ…သွေးကြောများထဲ
ရိုင်းရိုင်းစိုင်းစိုင်း…
လှည့်ပတ်စီးဆင်းနေလေရဲ့…..။
နှလုံးသားရစ်သမ်တွေ
ငါ့ရစ်ခွင်ကို တွန်းခွဲ ထွင်းဖောက်
အဝေးက ပျံသန်းလာတဲ့ … တပိုင်းတဆ
ဂီတနတ်ဘုရားရဲ့ တောင်ပံဖြန့်သံမှာ
ငါရဲ့ဝိဥာဉ် ပျော်ဝင် စီးမျောခဲ့ရပြီ…..။
အထက်ကောင်းကင်အလွန်ရဲ့…
ပဉ္စလက် စည်းချက် - ၁၃ (တစ်ဆယ့်သုံး) မှာ
ထိန်းချုပ်မှုတစ်ခုဆိုတာ
လေဆန်မှာဝဲပြန့်….!
ငါ့ရဲ့သက်တန့်တွေတောင် … မှောက်မှားခဲ့ရပြီ…..။
ငါ့ရဲ့စိတ်ကို သေမင်းဂီတသံစဉ်ရဲ့
ရုပ်သေးကြိုးတွေ…ရစ်ပတ်
အမျှင်မပြတ်ပဲ ငတ်မွတ်တောင့်တ
အာရုဏ်လင်းချိန်ကိုတောင် သား မုန်းတီးမိတယ် အမေ…..။
ကောင်းကင်နတ်ဘုရားရဲ့
ရိုင်းစိုင်းညစ်ထေးနေတဲ့
ဂီတမှတ်တိုင် - ၁၃ ရဲ့ နိဂုံးမှာ…!
အတုံးအရုံး လဲ ပြို ကွဲ အက်…!!
မျက်ဝန်းမိုးတစက်
နှလုံးသားမှာ ဆစ်ခနဲ
ရွာ ခဲ့ ဖူး တယ် …..။ ။
ကဗျာဆရာ: မြိုင်ရာဇာ ငှက်ကြီး
အဖုအထစ် ဝေဆာနေလွန်းလို့
မူးယစ်ဝေဒနာကို ဖြစ်ပေါ်စေတတ်တဲ့
ဗီးနပ်စ်အိန်ဂျယ်လ် အလှဘုရင်မကိုတောင်
မီးယပ်ပိန်နာသည်မ အသွင်ခစေခဲ့သူ။
မယ်မဒ္ဒီပျိုကညာလို အဖူးအရွတွေနဲ့
ဆယ်ပန်းချီယိုဖြာ မြူးကြွနေတဲ့
ကယ်လီယိုပက်ထရာ အနုအလှကိုတောင်
အရွယ်လှီအိုစာ ဘီလူးမဖြစ်စေခဲ့သူ။
ကျူးပစ်ငတိ အပျင်းကွေးလွန်းလို့
ယ္ခုအထိ သတင်းမွှေးစွန်းနေတဲ့
ဂျူးလီးယက် မင်းသမီးလေးကိုတောင်
ရူးပြီးသတ်သေခဲ့သူလို့ အတင်းကြီး ထင်မှတ်မှားစေခဲ့သူ။
နုတ်ခမ်းအကွေးအဆတွေရဲ့ ရသကြောင့်
စုတ်နမ်းပြေးကြသူတွေ များလွန်းတဲ့
မိုနာလီဆာရဲ့ အပြုံးရမ္မက် ကုဋေကဋ္ဌာတွေကိုတောင်
ကမ္ဘာမြေလွှာရဲ့ အဆုံးဖက်တနေရာမှာ ပုန်းဝှက်နေထိုင်စေခဲ့သူ။
အဲ့ဒီလို……………...................
ရူပါမာန်တက်နေတဲ့ ငနဲမတိုင်းကို
အမူအယာဟန် မလုပ်ရဲတော့လောက်အောင်
မတူမတန်သလို ခုတ်လှဲချခဲ့တဲ့ မင်းကတော့
တကယ့်ကို လူမဆန်စွာ လွန်ကဲပြီး လှနေသူလေးတစ်ဦးပါပဲ။
အဲ့ဒါတွေကြောင့်လည်း……..
ဒီမှာ….............အချစ်ဆိုတဲ့
စောက်သုံးမကျတဲ့ ဝေဒနာကိုကြောက်လို့
နှလုံးသားနေရာကိုဖောက်ထုတ်ပြီး
ကျောက်တုံးအစား သေချာကောက်ထည့်ထားတဲ့
ငါလိုကောင်တစ်ကောင်ရဲ့ ခပ်မာမာရင်ဘတ်တစ်ခုကိုတောင်
မင်းက......................................
သီရိမာလို ပီတိဖြာတဲ့ အကြည့်အငွေ့နဲ့
ပဉ္စပါပီလို ဘ၀င်ကျစရာ အထိအတွေ့ တွေတောင် မသုံးပဲ
အသာကလေး ညွှတ်ပြောင်း ကွဲအက် အရည်ပျော်ကျစေနိုင်ခဲ့တယ်။
ဘာလို့လည်းဆိုတော့…………….............
ဥမ္မာဒန္နီလို ပဒုမ္မာဟန်သီတဲ့ ခြေလှမ်းတွေနဲ့
ဆုန်ခါဆန်ချီ လှမ်းလျှောက်လာနေတဲ့ မင်းလေးကို
ဟိုးအဝေးက လှမ်းမြင်လိုက်ရရုံလေးနဲ့ပဲ
တစ်သက်စာ အေးစက်မဲမှောင်နေခဲ့တဲ့
ငါ့ရဲ့ခုနှစ်ဆောင်ပြိုင် နှလုံးသားတိုက်ခန်းလေး
ပပ၀တီကောင်ရေ တသန်းအား ရုတ်တရက်ဝင်ဆောင့်လိုက်သလို
ချက်ခြင်း မီးဟုန်းဟုန်းထတောက်ခဲ့ရလို့ပဲပေါ့။
အရက်စက်ဆုံး စကားလုံးတွေကို
အလွမ်းနဲ့ ထပ်တူရောပြီး
ဒီရွက်လှေတစင်းပေါ်
အငမ်းမရပစ်တင်ခဲ့ 
ပြီးတော့ တစ်ဘ၀လုံး
လှော်ခတ်လာလိုက်တာ
မြေပုံကွန်ပတ်စ်လေးတောင်
မေ့ ကျန်ခဲ့တယ်
လှိုင်းလုံးတွေ ၀ါးမျိုတဲ့အခါ
လိုက်ပါမသွားဖို့ 
လေပြေတွေအစိုးရတဲ့ အခါ
မျောလွင့် မသွားဖို့ 
ငါ့ မျော်လင့်ချက်တွေကို
ကျစ်လစ်စွာသိမ်းဆည်းရင်း
နှစ်ချို့ လာခဲ့ ...
လမသာတဲ့ ညမှာ
ခါးသက်တဲ့ အိပ်မက်ကို
ကျေနပ်စွာမက်ရင်း
ကြယ်တွေကြွေကျတဲ့အခါ
ငါ့ ရင်ဘတ်ပေါ်မကျဖို့ 
အကြိမ်ကြိမ်ဆုတောင်းရင်း
ဒီအချစ်တွေဖွင့် ဟလိုက်တာ
ပင်လယ်တစ်ခုလုံး
ပြာလွင့်သွားစေရဲ့ ...
ခုတော့ ကောင်မလေးရယ်
ငါ့ မှာမောလွန်းလို့ 
နားခိုချင်တာတောင်ကျောက်ချစရာ
ကမ်းစပ်မရှိသူပါကွယ်...
ကောင်မလေးရေ........
တစ်ကြိမ်တစ်ခါမျှ မင်းကို သေချာ မတွေ့ဖူးပါဘူး.............။
မင်းအသံလေးကိုတော့ ကြားဖူးပါတယ်.....။
ဒါပေမဲ့ အမြဲတမ်းရင်ထဲမှာ အမှတ်ရနေမိတယ်.....။
မင်းနဲ့ သိခွင့်ရလိုက်တဲ့ အချိန်မှာ
မင်းကို သံယောစဉ်တွယ်မိတယ်............။
ကောင်မလေးရေ..............
မင်းကို ရင်ထဲကနေ ချစ်မိနေပြီကွယ်.......
ဒါကိုမင်းယုံနိုင်အောင် ဘယ်လိုလုပ်ပြရမလဲ...........။
ချစ်သူ၊ ရည်းစားကိုလည်း မလိုချင်ပါဘူး.........။
ငါဟာ လက်တွဲဖော်ဆိုတဲ့ အကြင်သူကို ရှာဖွေနေသူပါ.....။
အခုတော့ မင်းလေးဟာ ငါရဲ့ အကြင်သူလေး ဖြစ်နေပါပြီး.......။
ငါ့ရဲ့ အကြင်သူဖြစ်နှင့် ငါ့ဆီကို ခိုလှုံလာပါလားကွယ်..........။
ကောင်မလေးရေ………..။
ချစ်တက်တဲ့ သူတွေ အတွက်
ချစ်သူများနေ့ဟာ ပျော်စရာကောင်းပေမဲ့…….
ချစ်တက်ပြီး
ချစ်ရတဲ့သူကို မပိုင်ဆိုင်နိုင်ပဲ
မျှော်လင့်နေရတဲ့ သူအတွက်တော့
လွမ်းစရာ ကောင်းလှပါတယ်……။
အော်……… လောကကြီးရယ်….
ဘာလို့များ ချစ်ရတဲ့သူနဲ့မှ့
မနီးနိုင်အောင် ဖန်တီးထားရတာလဲ……။
သနားတက်တယ်ဆိုရင်…….
ပြန်လည်ပေါင်းစည်းနိုင်အောင်
လုပ်ဆောင်ပေးလိုက်ပါလား…………။
သရဲသဘက်မတွေက
အမဲဖျက်ခြွေချခဲ့လို့
ကွဲအက်သေစပြုနေတဲ့
အသဲပျက်ကြွေဘ၀တစ်ခုကိုမှ
တွဲလက်တွေချပေးခဲ့သူ…….
မြေခွေးကောင်မတွေကြောင့်
သေဘေးအမှောင်ခနေတဲ့
တစ္ဆေသွေးကြောင်ညတွေထဲ
ဖြေဆေးဆောင်ရောက်ရှိလာခဲ့သူ…...
မိစ္ဆာအရိုင်းအစိုင်းမတွေကြောင့်
သိက္ခာအပြိုင်းပြိုင်းကျနေတဲ့
ပြိတ္တာအထိုင်းအမှိုင်း ငါ့ကိုမှ
လိပ်ပြာအသိုင်းအ၀ိုင်းဘ၀တွေထဲ
ရွေးချယ်ခေါ်ဆောင်ခဲ့သူ……
ဒီလိုနဲ့………………………….
ငရဲခန်း ပူလောင်လောင်တွေထဲ
အမြဲတမ်း ငူငေါင်နေတတ်တဲ့
အသဲကြမ်း အူကြောင်ကြောင်တစ်ခုကို
မင်းက…ပုလဲပန်း အဖြူရောင်တွေပွင့်စေခဲ့ပါတယ်….ချစ်သူ
ဘ၀အရာကုဋ္ဌေ မကလေအောင်
အလှကဗျာတွေ ထည့်လှောင်ထားသူရေ
အစရှာဖွေ မရဲလောက်အောင်
ပွှစာမွှေ ကွဲပေါက်နေတဲ့
ငါ့ညတာရှည် မဲမှောင်တွေထဲမှာတော့
မင်းက လကမ္ဘာဘွဲ့ဆောင်သူလေးပါပဲ။
ကြိုနှင့်ပါ
ဖန်ခွက်အလွတ်
မင်းရှေ့မှာချထားတဲ့
ဖန်ခွက်အလွတ်ကို
ဘာတစ်ခုမှ မထည့်လိုက်ပါနဲ့
ဘာတစ်ခုမှ...
ရေခဲသေတ္တာ တံခါးတွေကို
ပိတ်လိုက်ပါ..
သူတို့က ချိုမြိန်တယ်လို့
ပြောပေမဲ့..
ငါမသောက်ချင်ဘူး...
စားပွဲပေါ်က ဝိုင်ပုလင်းတွေ
ပြန်သိမ်းလိုက်ပါတော့
အိမ်မက်တစ်ခုထက်တောင်
ယစ်မူးစရာ ကောင်းနိုင်ဦးမလား
ငါတို့ နှစ်ယောက်အတွက်တော့..
ဒါတွေ မလိုအပ်ပါဘူးလေ...
အင်း.. ဟုတ်တယ်
သူတို့ရဲ့ ဖန်ခွက်တွေကတော့
တစုံတခုနဲ့ အမြဲပြည့်ဝနေလို့
မော့သောက်လိုက်တဲ့အခါ
တကမ္ဘာလုံး ပိုင်ဆိုင်သွားကြတယ်...
ချစ်ခြင်းမေတ္တာက လွဲလို့ပေါ့..။
မင်းရှေ့မှာချထားတဲ့
ဖန်ခွက်အလွတ်ကို
ဘာတစ်ခုမှ မထည့်လိုက်ပါနဲ့
ဘာတစ်ခုမှ...
ကိုင်း.. ငါတို့သောက်လိုက်ကြမယ်
ဖန်ခွက်အလွတ်တွေကို ပြိုင်တူမော့လို့..
ငါတို့ နှစ်ယောက်လုံး
ဖန်ခွက်အလွတ်တွေလို
ကြည်လင်သွားတဲ့ အထိပေါ့..။
မထင်မှတ်တဲ့ အချိန်မှာ
ကံကြမ္မာရဲ့ လှည့်စားမှုကြောင့် တွေ့ဆုံခဲ့ပြီး
မင်းအပေါ်မှာ မူးယစ်စွာနဲ့ ငါ ချစ်ခဲ့မိတယ်…..။
မင်းပြောခဲ့တဲ့…. စကား*ကြောင့်
ငါဘဝ တစ်ခုလုံးကို ပုံအောပေးတော့မှ
မင်းက ငါ့ကို ကောင်းမွန်စွာ လှည့်စားခဲ့တယ်
ကိုယ်ရဲ့နတ်သမီးရယ်……။
တစ်ခြားသူ ရင်ခွင်ထဲမှာ
မင်း ပျော်နေနိုင်ပေမဲ့……
ငါကတော့
မင်းကို နောက်ဆုံးအချိန်ထိ……..
စောင့်မျှော်နေဆဲပါ…..။
ကိုယ့်ရဲ့ အချစ်နတ်သမီးလေးရယ်
မင်းသိနိုင်ပါစေ……။
စကား* - “တစ်သက်မှာ တစ်ယောက်ကိုချစ်ပြီး သူကိုပဲ လက်ထပ်ချင်ပါတယ်”
အားပေးဖေါ်
မင်းရဲ့ဖြစ်ချင်လွန်းတဲ့ စိတ်တွေကို
ရပ်မပြစ်လိုက်ပါနဲ့..
ဆုံးရှုံးမှူတွေအတွက်
တထိုင်တည်း ခံစားပြီး ဝမ်းနည်းပစ်လိုက်စမ်းပါ..။
ပြီးရင်.. အဲဒီနေရာမှာပဲ အားလုံးကို ထားခဲ့ပါ..။
မင်းမပါမဖြစ် ပြန်ကောက်ခဲ့ရမှာက
မတော်တဆ ပြုတ်ကျသွားခဲ့တဲ့.. မင်းရဲ့
စိတ်စါတ်တချို့ပဲ...။
ကိုယ်ရည်သွေးတတ်၊ အနီးမှုန်တတ်
ပြီး..နောက်ပြန်သွားတတ် တဲ့ လူတွေအတွက်
မင်းစိတ်အားတွေ အဆုံးရှုံးမခံပါနဲ့ကွာ..
ငါတို့ အသစ်က ပြန်စကြမယ်..
ပြီးခဲ့တာတွေ အားလုံးကို အရင်းလို့ပဲ ထားဦး
ရင့်ကျက်မှူက အမြတ်ပေါ့..။
.." မသေခင်အချိန်ထိ နောက်ကျတယ်ဆိုတာ မရှိပါဘူး "..
ဒီစကားကို မင်းယုံရင် ပုံပြီးတော့ ကြိုးစားလိုက်စမ်းပါ...။
လွန်မြောက်သွားပြီး.. နောင်..
ပြန်လှည့်ကြည့်ရင်တောင် မမြင်နိုင်တော့မယ့်
မနေ့က မင့် အမှားတွေအတွက် ဝမ်းနည်းနေမယ့်အစား...
မနက်ဖြန်တိုင်းမှာ မင့်နာမည်တပွင့်
အလံလွှင့်နိုင်ဖို့ ငါတို့ အခုပဲ ပြင်ဆင်ကြရအောင်...။ ။
ဘုတ်...ဘုတ်...ဘုတ်
ပန်းသီးလေးတစ်လုံး ငါ့အပေါ်ကြွေကျလာတယ်။
ငါနယူတန်...မဟုတ်ပါဘူး။
ဒါပေမဲ့....
ငါစဉ်းစားတယ်။
???????????
ဘာ့ကြောင့်လဲဆိုတာ
ပြက္ခိးန်တွေ......
တစ်ရွက်ပြီးတစ်ရွက် လှန်သွားရင်း
ပန်းသီးလေးကိုလည်း
ဟိုလူတစ်ကိုက် ဒီလူတစ်ကိုက်နဲ့ပေါ့
ကဲ...အခုသိပါပြီ
ကြွေလာရင်
စားသာစားလိုက်
ကိုယ်မစားရင်သူများ စားသွားမယ်။
(မြိုင်ရာစာ ငှက်ကြီး) ခေတ္တ NYP
ဗန်ဂိုးရဲ့ နေကြာတွေ ကြွေတဲ့နေ့
ငါ့ရင်ထဲက ပွင့်ဖတ်တွေ မင်းရဲ့ခြေမှာ လာခတယ်။
ဒါလီရဲ့ ပြော့တွဲနေတဲ့ နာရီတွေအရည်ပျော်တော့
မင်းရနံ့နဲ့ ပန်းတွေရဲ့ဝတ်ရည် ငါ့ရဲ့ပါးပြင်ပေါ် ကြွေကျတယ်။
ဒါပေမဲ့ မိုးဇက်ရဲ့တယောသံတွေ ဖျားနာတဲ့ည
မင်းရဲ့လှောင်ရီသံက ငါ့ရင်ခွင်ကို ခါချတယ်။
ပြီးတော့ ဟိုးမားရဲ့ကဗျာတွေ မီးလောင်တော့
ပူလောင်တဲ့မင်းမျက်ရည်နဲ့ ငါ့ရင်ခုန်သံ ပြာကျတယ်။
ငါ့ရင်ထဲက စံပါယ်ပျိုးခင်းလေး ကြေမွခဲ့ရတယ်။
<မင်းတစေ>
