အရက်စက်ဆုံး စကားလုံးတွေကို
အလွမ်းနဲ့ ထပ်တူရောပြီး
ဒီရွက်လှေတစင်းပေါ်
အငမ်းမရပစ်တင်ခဲ့ 
ပြီးတော့ တစ်ဘ၀လုံး
လှော်ခတ်လာလိုက်တာ
မြေပုံကွန်ပတ်စ်လေးတောင်
မေ့ ကျန်ခဲ့တယ်
လှိုင်းလုံးတွေ ၀ါးမျိုတဲ့အခါ
လိုက်ပါမသွားဖို့ 
လေပြေတွေအစိုးရတဲ့ အခါ
မျောလွင့် မသွားဖို့ 
ငါ့ မျော်လင့်ချက်တွေကို
ကျစ်လစ်စွာသိမ်းဆည်းရင်း
နှစ်ချို့ လာခဲ့ ...
လမသာတဲ့ ညမှာ
ခါးသက်တဲ့ အိပ်မက်ကို
ကျေနပ်စွာမက်ရင်း
ကြယ်တွေကြွေကျတဲ့အခါ
ငါ့ ရင်ဘတ်ပေါ်မကျဖို့ 
အကြိမ်ကြိမ်ဆုတောင်းရင်း
ဒီအချစ်တွေဖွင့် ဟလိုက်တာ
ပင်လယ်တစ်ခုလုံး
ပြာလွင့်သွားစေရဲ့ ...
ခုတော့ ကောင်မလေးရယ်
ငါ့ မှာမောလွန်းလို့ 
နားခိုချင်တာတောင်ကျောက်ချစရာ
ကမ်းစပ်မရှိသူပါကွယ်...

0 Responses to ပြောမထွက်ခဲ့သော စကားတစ်ခွန်း (သို့) နင့်ကို ငါအရမ်းချစ်တယ်
Something to say?