ရဲ့ လျှစ်လျုရူ မှု(အဲလေ)တခဲနက်အားပေးမှုကြောင့်ပြီးခဲ့တဲ့လက NYP မြန်မာဘောလုံးအသင်းရယ်လို့မရဲတရဲပေါ်ထွက်လာခဲ့ပြီး
ယခုရှေ့ လ ၁ရက်နေ့ဆိုရင်အင်တာပိုလီလို့အများသိထားကြတဲ့ပိုလီကျောင်းပေါင်းစုံ
ဘောလုံးပွဲကြီးမှာပါဝင်ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။
အဲဒီတော့ကာထူးချွန်ထက်မြက်တဲ့ဘောလုံးအသင်းသားတွေမွေးထုတ်ပေးရာကျောင်းကြီးဖြစ်တာနဲ့အညီ
အသင်းဖွဲ့ပြီးနောက်နေ့Canteen မှာ(ခြေသုတ်ပုဆိုးမြွေစွယ်ကျိုးကဲ့သို့ဝပ်တွားခယ,တောင်းတောင်းပန်ပန်,မျက်နှာအောက်ချ)ပြီး
"ကန်ကြဦးမလားဟင်"ဆိုတဲ့လူစုခြင်းအဆင့်ပြီးဆုံးချိန်မှာတော့
လူ ၁၁ ယောက်ကွက်တိရတဲ့အသင်းကြီးပေါ်ထွက်လာခဲ့ပါပြီ။အဲနောက်တဆင့်နေနဲ့ ကတော့ ဦးဦး၊ဒေါ်ဒေါ်၊ကိုကို၊မမ တို့ရဲ့ သဒ္ဓါတတ်အားနည်းများမဆိုပါဝင်ကြမဲ့မသဒ္ဓါရေစာ ကြေးလေးများကောက်ခံဖို့အဆင့်ခင်ဗျ။ပထမဆုံး (က)အတွက်ကတော့ကျွန်တော်တို့ဘောလုံးကန်တဲ့သူတွေ
ရဲ့ ရှိစုမဲ့စုလေးထဲကနေ၀ယ်ခဲ့ကြတယ်ခင်ဗျ။
(က)ကျွန်တော်တို့ဘောလုံးအသင်းသွားကန်ရမဲ့အခါလုံလုံခြုံခြုံဝတ်သွားနိုင်ရေးအတွက်ဝတ်စုံကြေး
(ခ)ကျွန်တော်တို့ကန်ရမဲ့ ကွင်း၊ကင်း၊ဂျက်၊စပိတ်၁...အဲလေ...ယောင်လို့ ဘောလုံးကွင်းကြေး
(ဂ)ဒိုင်လူကြီးလို့လူသိများတဲ့ဝီစီမှုတ်တိုင်းပိုက်ဆံရတဲ့လူကြီးအတွက်ပူဇော်ပသရတဲ့ငွေကြေး
(ဃ)လူ ၁၁ ယောက်အတွက်ဖျစ်ဖျစ်မြည်အောင်ဝယ်ထားရတဲ့ဘောလုံးလေး ၂လုံးကြေး
(င)ဗိုလ်စွဲမဲ့အသင်းအတွက် ဖလား၊ရေခွက်၊ဆပ်ပြာ...အာ...ယောင်ပြန်ပဟ....
ဆုဖလား၊ဆုတံဆိပ်များအတွက်ငွေကြေး
စသည့်ငွေကြေးများအတွက်ငွေကြေးနောက်ခံအင်အားတောင့်တင်းတဲ့ကျွန်တော်များ အသင်းဟာ ဦးဦး၊ဒေါ်ဒေါ်၊ကိုကို၊မမ များထံမှ ရည်းစားနှင့်အဆင်ပြေမပြေ၊အိမ်ကငွေပို့မပို့၊
လက်ချာခန်းထဲမှာအိပ်ရေးဝမ၀၊Tutorial ဆရာနှင့်အဆင်ပြေမပြေ မစဉ်းစားပဲ အနုနည်း၊အကြမ်းနည်း နှင့်သာမကအတင်းကာရော လိုလိုချင်ချင် မက်မက်စွက်စွက်အလှူငွေများကောက်ခံလျှက်ရှိပါသည်။
အလှူငွေ $10ဒေါ်လာနှင့်အထက်ထည့်ဝင်သူများအားလည်း စာမေးပွဲတွင် A+ များများပါစေရန်
Dbar မထိစေရန်၊PartTime အလုပ်ချိန်များများရစေရန်အတွက်ကျွန်တော်များအသင်းသားများမှ
ဆုတောင်းမေတ္တာများပို့သကာအဓိဋ္ဌာန်ပုတီးများစိပ်ကာသက်သတ်လွတ်စားပေးမည်ဖြစ်ကြောင်း၊ ထို့နည်းတူစွာအလှူငွေ $20ဒေါ်လာနှင့်အထက်ထည့်ဝင်သူများအတွက်အထူးအစီအစဉ်အဖြစ်
ထိုသူတို့၏နာမည်များကိုပွဲစဉ်တိုင်းပွဲစဉ်တိုင်းတွင်အသင်းသားများ၏နဖူးတွင်
ရေးထိုးဂုဏ်ပြုသွားမည်ဖြစ်ကြောင်းအသင်းတာဝန်ရှိရှိ မရှိရှိ သောတာဝန်မခံတခံများကပြောကြားထားပါတယ်။
အသင်းသားများနေနှုင့်လည်းမိမိတို့ကျောင်းမှအကိုလူချောကြီးများ ၊မမ အချောလေးများကိုလည်း မိမိတို့၏ပွဲစဉ်များအားလုံးစုံစုံညီညီသောင်းသောင်းဖျဖျလာရောက်အားပေးဆဲဆိုခြင်းဖြင့်အရိုးကြေကြေ၊အရေခန်းခန်း၊
အီးထွက်ချင်ထွက် ဖျစ်ညှစ်၍ကစားနိုင်ကြမည်ဖြစ်ကြောင်းပြောကြားထားကြပါတယ်။
ကျွန်တော်တို့အသင်းကြီးရဲ့  ပ၀ါမကူရေမရှုကြေး ပွဲစဉ်တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
အချိန်နဲ့နေရာကတော့ပွဲစီစဉ်သူများ စီစဉ်နေဆဲဖြစ်တဲ့အတွက်ထပ်မံ၍အသိပေးအပ်ပါမယ်ခင်ဗျာ။
နိုဝင်ဘာ ၁ ရက်နေ့ နန်ယန်းပိုလီအသင်း Vs စင်္ကာပူပိုလီအသင်း
နိုဝင်ဘာ ၉ ရက်နေ့ နန်ယန်းပိုလီအသင်း Vs နီအန်းပိုလီအသင်း
နိုဝင်ဘာ ၁၆ ရက်နေ့ နန်ယန်းပိုလီအသင်း Vs တီမားဆက်ပိုလီအသင်း
နိုဝင်ဘာ ၃၀ ရက်နေ့ နန်ယန်းပိုလီအသင်း Vs နန်ယန်းနည်းပညာတက္ကသိုလ်
လေးစားစွာဖြင့်
နန်ယန်းမြန်မာဘောလုံးအသင်းဂျီး

