ကောင်းလိုက်တဲ့ စကားလုံးတွေ
Tuesday, October 9, 2007
မင်းလူရောင်မှ
ကြုံလို့ ဗျာ … အင်တာနက်စာမျက်နှာပေါ်မှာ ရှိတဲ့ ရှရှားရောက်စစ်သည် မောင်မောင်ကတော့ ကျွန်တော်ကို .. “စစ်သားဆို တာနိုင်ငံရေး လုပ်ဘူး” လို့ ဆို လိုက်တယ်… အဲ့ဒီ့တော့
“……… ဗျာ ……..ဗိုလ်ချုပ်ကြီးသန်းရွှေက စစ်သားကြီး မပာုတ်ဘူးလား????”
“------------------------”
“ စစ်သားက နိုင်ငံရေးလုပ်ဘူး ဆို သူက နိုင်ငံအုပ်ချုပ်တဲ့ နေရာ ဘာတတ်လုပ်နေတာလဲ ??”
“ ပော့လူ … ခေါင်းဆောင်ကြီးကို ထိနဲ့ … သူက ချွင်းချက်”
“----------------”
အဲ့ဒီ့နောက်စကားဆက်ပြောရင်း
“ ..နိုင်ငံရေးသမားဆို ရင်မုန်းတယ်..”
“ဗျာ …. ဘာကြောင့်များပါလိမ့် ???”
“ ..နိုင်ငံရေးသမားဆို တာ အားယားနေတဲ့ လူတွေ..”
“------------------”
“ .. ဒေါ်စုကို မုန်းတယ် ..”
“ဗျာ …. ဘာကြောင့်များပါလိမ့် ???”
“.. နိုင်ငံခြားသားကို ယူလို့ ..”
“… ဘယ်လို ဘာရယ် ဘယ်လို… ???”
“.. တခြားမိန်းမမျိုးဆို ယူလောက်ဘူး..”
“ ဟင်! .. တိုင်းပြည်အရေးနဲ့ သူ့ အိမ်ထောင်ရေးက ဘယ်လိုများပတ်သက်ပါလိမ့် ?? ”
“----------------------------”
အော်.. ဦးတည်ချက်တွေ ပီပြင်ပါတယ်.. သဘောထားကြီးမှု့ တွေနဲ့ တွေဆုံဆွေးနွေးမှု့ တွေနဲ့ အကျိုးပြုဝေဖန်ထောက်ပြမှု့ တွေနဲ့ ဖူးပွင့်ဝေဆာနေမဲ့ ကျွန်တော်တို့ ရဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို မြင်ယောင်မိပါတယ် ……
ကဲ နောက်ဆက်တွဲက တော့ စင်ကာပူက ကျောင်းသား နဲ့ ရှရှားရောက် စာသင်သားတို့ အမေးဖြေလေးကို မှီငြမ်းထားတာပါ.. သူပြောတဲ့ မှတ်သားလောက်တဲ့ အချက်လေးကို ခေါင်းစဉ်တင်ပြီး တွေးမိတာတွေပါ…
… စစ်သားပဲ သူများထက် ဒေါသပိုထွက်တာပေါ့ …
ခုလို အဓိကအခြေအမြစ်ကျတဲ့ အကျိုးအကြောင်းကို သိရလို့ ကျေးဇူးကြီးပါပေ့ ကိုကိုရယ်… တို့ ကသိဘူးလေ.. ဒါ့ကြောင့်နဲ့ တူတယ်… CBox ထဲက စစ်သည်ကိုကို တို့ က တခုခုများ ဝေဖန်ပြီး ဆို ရင်…
…. မင်းဘာကောင်လဲ….??….. မင်းဘယ်ကလဲ….??.....မင်းဆွေမျိုးတွေ ဒုက္ခရောက်ချင်သလား…??
ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ.. တည်ကြည်တဲ့ ရပ်တည်ချက်တွေ.. ရှယ်ပဲ….
... စစ်သားဆိုတာတော်ယုံ ဖြစ်ဘူးဗျ.. သူ့ အရည်အချင်းရှိမှ ….
ခင်ဗျားတို့ ကလည်းပာုတ်တာပဲ ဘာလို့ စစ်ဗိုလ်ပေါက်စလို့ သွားပြောတာလဲ.. သူတို့ ပာာကလွယ်တာမှတ်လို့ …
နည်းနည်းနောနောအရည်အချင်းတွေမှတ်လို့ အရက်ဘယ်နှစ်ခွက်ပြိုင်သောက်နိုင်သလဲ.. ဆေးလိပ်ဘယ်နှစ်လိပ် သောက်နိုင်လဲ.. စာဘယ်နှစ်ပိုဒ်ပြိုင်ရွတ်နိုင်လို့ လဲ.. ကဲကြည့် .. ခင်ဗျားလုပ်နိုင်လို့ လား??? အရည်အချင်းတွေ..အရည်အချင်းတွေ…သူပြောသလိုတွေးကြည့်စမ်း.. ခင်ညားတို့ စင်ကာပူကလူတွေက ကဲချင်တာမကဲလိုက်ရဘယ် အိုက်ရောက်မှ ပျော်နေတာမှလား ?? ဟိုမရောက် ဒီမရာက်လူတွေ…. တို့ စစ်ဗိုလ်လေးပြောတာမှန်တယ် ခုဆိုကြည့် သူဘယ်လောက်ရင့်ကျက်လဲ…. သူမလုပ်ဘူးတာမရှိဘူး ပြည်တွင်းမှာနော်.. အဲ့ဒါ.. ကွာလတီလို့ ခေါ်တယ်… ခင်ညားတို့ ကို သနားတယ်.. သူ့ စကားနဲ့ ပြောမယ်
“ ခင်ညားတို့ … မနာလိုမဖြစ်နဲ့ .. သူ့ ကုသိုလ်နဲ့ သူ…”
တပ်မတော်က ဒီလို ကွာလတီ ကလေးတွေကို ဆယ်တန်းအောင်ပြီး တက်စရာမယ်မယ်ရရမရှိဖြစ်နေတဲ့ ၁၆ နှစ် ၁၇ နှစ် ဝန်းကျင်ကလေးတွေကို စေတနာနဲ့ ပြုစုပျိုးထောင်ထားတာ.. ကြည့် .. တို့ တိုင်းပြည်ရဲ့ တပ်မတော်မှာ ဗိုလ်လေးတွေများရိုက်သတ်လို့ မကုန်အောင်များပြားတာ .. စစ်သားက ရှားပါးပစ္စည်းဖြစ်နေပြီ.. ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ.. တိုင်းပြည်အတွက်နော်
“အင်း တကယ်စစ်တိုက်ရင်တော့ ဒီကလေးတွေ ငိုမပြေးရင် ကံကောင်း… ”
“…. မင်းဘာကောင်လဲ….??….. မင်းဘယ်ကလဲ….??.....မင်းဆွေမျိုးတွေ ဒုက္ခရောက်ချင်သလား…??”
“…. Opps! Sorry! ….”
စစ်သည်တော်တို့ ဒေါသကြီးတာမေ့သွားလို့ … အော်နောက်တခုက
... အိမ်ထဲ ဝင်လာရင် ထိုးမှာပဲ ….
မောင်မောင် အခုပြောနေတာ ဘယ်သူ့ အိမ်လဲပာင်… ??? အာလုံးပိုင်တာလို့ ပောာပိာု အရင့်အရင်က လူတွေကတော့ပြောတာပဲ.. ကျွန်တော်တို့ က ဘယ်နားမှာနေရမှာလည်းပာင်..?? အိမ်ကမိုးလဲလုံဘူး အကာလဲရှိဘူး..?? ပေါက်ဖော်ကြီးတွေနဲ့ ဝင်လိုက် ထွက်လိုက်နဲ့ .. သူတို့ ရော ပိုင်လားပာင် ???
စစ်သည်တော်တို့ ရဲ့ စစ်ဒဿနကလည်း ပြည်သူတွေရောထည့်စဉ်းစားတော့ဘူးလားလို့ ?? CBox ထဲက စစ်ဗိုလ်ကိုကို ကတော့ ကျွန်တော့်ကို
“အနော်ရထာမင်းတရားကြီးလက်ထက်ကတည်းက မြန်မာနိုင်ငံကို စစ်တပ်ကတည်ထောင်လာတာ..”
“ ဗျာ… အဲ့ဒီ့တော့ ???”
“.. ညံ့ပါ့ကွာ ဒါ့ကြောင့် တို့ ပိုင်တာပေါ့..”
“ ဟာ…!”
စစ်မှန်တဲ့အတွေးအခေါ်တွေနော်…တန်ဖိုးရှိတယ်.. သူတို့ က စာသင်ချိန်ပြီး အားနေချိန်မှာ သမိုင်းကို လေ့လာထားတာ.. တော်ရုံ ပုဂ္ဂိုလ်ဒါတွေ တွေးတတ်ဘူးရယ်.. တပ်မတော်က သင်ထားတာ.. အနှစ်တွေ… မင်းတရားဆိုလို့ ရှေးဘုရင်တွေက “ပာစ်တိုင်” ဆိုလား ဘာဆိုလားထားတာတဲ့ ပြည်သူတွေ မကျေနပ်တာတို့ မပြေလည်တာတို့ ဘုရင်ကသိအောင် အော်ဖို့တဲ့ … အဲ နောက်ကာလများစွာရွှေ့ ရှားလာတော့ ယုခု မင်းတရားကြီး တစီးရှင်သန်းရွှေ လက်ထပ်မှာ “ပစ်တိုင်”လို့ အမည်တွင်လာသည်တဲ့…နောင်သမိုင်းဆရာတို့ ကျမ်းပြုရင် ပါအောင်လို့ နော်…မှတ်သားစရာ စကားတစ်ခွန်းပါ..
“.. တောင်းဆို သင့်တာ တောင်း ဆို ..”
ခင်ညာ… ဘယ်သူ့ ဆီမှာလဲပာင်.. ?? ဘယ်.. ဘယ်နေရာမှာ တောင်းလို့ ရနိုင်ပါသလဲ ခင်ညာ..?? တောင်းပြီးရင်ကော ဘာ ရမှာလဲပာင်..?? ပြီးတော့ ပြီးတော့ တောင်းလို့ ရတာ ဘာတွေလဲ.. ပာင်??
“ငါ့ မိဘဆို ရင်အေးဆေးပဲ စစ်ထဲကပာုတ်ဘူး.. ဘာမှတောင်းဘူး”
ကြည့် !! တို့ ဗိုလ်ကြီး ကတော်တော် နိုက်နိုက်ချွတ်ချွတ် လေ့လာထားတာ လူ့ ဘောင်အသိုင်းအဝိုင်းထဲမှာ.. အေးဆေးပဲ ..တဲ့.. ကိုကိုစစ်ဗိုလ် ရဲ့ မိဘကို တခုမေးပေးပါလားပာင် - “ဘာလုပ်စားလဲလို့ …. ?? ပိာုပာာလေ .. ပိာုလို အလုပ်မျိုးနဲ့ တူတူပဲလားသိချင်လို့ …. အဲ.. သမာအာဇီဝ ဆိုတာ .. ဗျာ!!.. အဲ့ဒီ့ပာာကြီး ကိုကို တို့ ကြားဖူးဘူး.. အော် ကျွန်တော်လည်းသိပါဘူး.. သူများပြောသံကြားလို့ .. မေးမိတာ.. ဆောရီး.. ကိုကို ”
ကိုကို စစ်ဗိုလ်က သူမိဘတင်မကဘူးတဲ့ ကုန်ထမ်းတဲ့လူလဲ တူတူပဲတဲ့.. သူတို့ ကလစာပေးတယ်တဲ့.. စားလို့ ကိုလောက်လို့ တဲ့ … ကဲ လာဗျာ… ပြန်ရအောင်.. ပာုတ်တယ် ဖတ်နေတဲ့လူခင်ဗျားတို့ အာလုံးပဲ .. ပြန်မယ်လေဗျာ.. ဟိုမှာကုန်ထမ်းတဲ့လူတောင် အဆင်ပြေနေတာ.. ဘာလို့ ဒီမှာ ကျွန်လာခံနေ.. ပြန်မယ်.. ဘာကုန်ဈေးနှုန်းတွေတက်နေတယ်!! ကိုကိုစစ်ဗိုလ်က CBox ထဲကနေ ဖြေရှင်းပေးလိုက်ပြီ..
“ အလုပ် ပို လုပ်ပါတဲ့” ပာုတ်သားပဲ.. အလုပ်တွေမှပုံလို့ ဘာစာမှတတ်စရာလိုဘူး … သူတို့ ခေါ်ရင်လိုက်သာသွား .. ဘာပြောပြောနားထောင်.. ဘာခိုင်းခိုင်းလုပ်.. တနေ့  ၃၀၀၀ ဆိုလည်းပာုတ် ၅၀၀၀ ဆိုလည်းပာုတ် … ဒီလောက်ရှာဖွေစားသောက်ရတာ လွယ်နေတာများ ခင်ဗျားတို့ မို့ ပိာုပာာပြောလိုက် ဒီပာာပြောလိုက်.. နာသွားချင်လား.. ဝါးရင်တုတ်နဲ့ ရိုက်လိုက်ရ…
……………..
……………………..
ဒီလောက်နိုင်ငံတော်အစိုးရက စေတနာနဲ့ တိုင်းပြည်စီးပွားရေးတည်ဆောက်နေတဲ့ပာာကို.. တောင်းသင့်တာတောင်း.. ခုကြည့်လေ.. နိုင်ငံတော်က သိန်းပေါင်းများစွာအကုန်အကျခံပြီး မြို့ တော်ဆိုလည်း ခုအသစ်ချက်ချွတ်.. အလိုက်တသိ မတောင်းခင် ဆောက်ပေးထားတာ… ဘယ်နိုင်ငံမှ အဲ့လောက် လုပ်မပေးဘူး.. စေတနာကို နားလည်မှပေါ့..
“ မပြီးခင် ဗမာမမြင်စေနဲ့ ”
ကိုကိုကပြောတယ် လက်ရှိနိုင်ငံတော်က သူများနဲ့ ယှဉ်ရင် ဆင်းရဲတယ် တဲ့ … ကြားတယ်နော်.. အပာုတ်ပါဗျ.. ကျွန်တော်နားကြားလွဲလောက်ဘူး ထင်တာပဲ.. စစ်အရာရှိကိုယ်တိုင်.. ပာုတ်ကဲ့.. မယုံရင် download လုပ်ပြီးကိုယ်တိုင်နားထောင်ကြည့်ပါ.. သေချာပါတယ်..
အဲ့လို ဆင်းရဲတော့မှာ မဟုတ်တော့ဘူးတဲ့ဗျာ.. သူတို့ မှာ နည်းဗျူပာာတွေ တွေ့ နေပြီတဲ့ … စင်ကာပူ ကငှားသုံးထားလို့ တဲ့ စောင့်နေတာ.. တကယ်.. သူတို့ က သယံဇာတမှမရှိတာ ကျွန်တော်တို့ ထက်လည်း သေးတယ်လေ.. ဒါ့ကြောင့်အရင်သုံးခိုင်းထားတာ.. သိပ်လည်းမကြာဘူးဆိုတော့.. သူတို့ လုပ်တာအောင်မြင်တယ်လေ.. ဆိုတော့ ဗိုလ်ကြီးတို့ က Safety Reason ကြောင့်စောင့်နေတာ.. နှစ် ၄၀ များ အိပ်လိုက်စားလိုက်နဲ့ ကုန်ရော.. ကဲခုစယုံပဲ .. စိတ်ချစွာသုံးလို့ ရပြီ..
“ --------------------------------”
အဲ့ဒါပြောတာပေါ့ မပြီးခင်ဗမာမမြင်စေနဲ့ ဆို တာ.. ခင်ဗျားတို့ က ကွန်ပလိန့် ကတယ်များ.. ခင်ဗျားမမြင်လိုက်ရတာများအရေးလုပ်လို့ … ဘယ်ဗမာမှမြင်မှာမပာုတ်ဘူး ကဲ ရှင်းပလား.. ပြီးရင် ဗမာအားလုံး သေလောက်ပြီ… နောက်မှတ်ထားစရာ တခု သမိုင်းသုတေသီ စစ်သည်တော်က ပြောလိုက်တယ်…
“ ဖာဖြစ်တာ ယားလို့”
အရင်တုန်းက သိပ်မယားလဲ နောက်ဒီလို ပဲ ယားလာတာဘာဖြစ်လဲ.. လူပဲ တစ်ယောက် ယား ရင် လိုက် ယားတာပဲပာာ… ယားတာများ ဖြေပေးမယ့်လူတွေတပုံကြီး ခင်ဗျားတို့ စင်ကာပူကလူတွေပူမနေနဲ့ “ဥတို” ဂေါက်ကလပ် ပောာ်တယ်မှာ ဦးဦးစစ်သည်တော်တွေ တပုံကြီး …
“------------------------”
ဘာဗျ.. သူ့ ကုသိုလ်နဲ့ သူ… ခင်ညား မနာလို မဖြစ်နဲ့ .. အေးအေးနေ.. ဒီမှာ မပောာ်သဓာတောင်လိုက်မမှီတဲ့ ဖြေရှင်းထုံးတွေ ရှိတယ်… ကြည့် ..
ဖာဖြစ်တာ ယားလို့ 
ယားရင် ကုတ်လို့ 
ဆင်းရဲတာ မွဲလို့ 
မွဲရင် ဆူလို့ 
ဆူတာ အားလို့ 
ဆူရင် ပစ်လို့ 
ကဲ.. ဒီလောက် ဆီလျှော်တဲ့ နည်းလမ်းတွေ ရှိနေတာ.. အေးအေးနေ.. ကို့ လူ…. ခေတ်သစ်ဒီမိုကရေစီကို ဒါနဲ့ ရောက်အောင်သွားပြမှာ ကြည့်နေ..
“ဘုန်းဘုန်းတွေက အတုတွေ… ”
“ --- ?? --- ”
“ ကြည့်ပါ့လား ဦးပြည်လေးတွေ ပြောင်လို့ ”
အော်.. အဲ့ဂလိုကိုး.. ဒီလိုတိကျတဲ့ နည်းစနစ်နဲ့ ကြည့်လိုက်ရင် ကွက်ကနဲ ကွင်းကနဲ.. စောကပြောရော.. ဘယ်လောက် သင်္ကန်းကို ဝိနည်းနဲ့ အညီရုံတာတွေ .. မေတ္တာသုတ် မောပာသုတ် ရွတ်နိုင်တာ ကြည့်မနေနဲ့ … ဦးပြည်ကိုသာကြည့်…ပြောင်လို့ ကတော့ အတုသာမှတ်… ကိုကိုစစ်ဗိုလ်လောက်မကျွမ်းလို့ နဲ့ တူပါတယ် … ရဲဘော်တွေက ဘုန်းဘုန်းတို့ ကို တုတ်နဲ့ ခေါက်ခေါက်ပြီး ဆီစစ်ရတာနဲ့ ပဲ.. ကွဲတဲ့ကိုယ်တော်ကွဲ.. ပျံလွန်တော်မှုတဲ့ ကိုယ်တော် ပျံလွန်တော်မှုနဲ့ … မလွယ်ဘူး.. ထင်တာထက်ပိုခက်တယ်.. နောက်ပြီးဘုန်းဘုန်းတုတွေက .. လေသိလား ဘုန်းတော်ကြီးကျောင်းမှာ နေချင်ယောင်ဆောင်နေတာ.. တွေ့ လားအဲ့ဒါပြောတာ.. အိုက်မှာက ခေါင်းတုံးလို့ ရတာကိုး..ဒါကြောင့် ညညဝင်ဖမ်းတာပေါ့.. အမှောင်ထဲမှာ ဦးပြည်ပြောင်နေတော့ပြေးမလွတ်တော့ဘူး..
“အစိုးရက ဘုန်းတော်တုတွေ လုပ်နေတာကရော..??”
“မင်းကလဲကွာ… ပေါက်ပေါက်ရှာရှာ.. နိုင်ငံတော်အစိုးရက ဘုန်းတော်တုတွေဘယ်လုပ်လို့ ရမှာလဲ..ဟာတပဲ”
သေနတ်နဲ့ ပစ်တာက..သူတို့  ကခဲနဲ့ ပေါက်လို့ ဥစ္စာ..ခင်ဗျားတို့ မတွေ့ လိုက်ဘူးလား.. လူတွေ ပလပ်ဖေါင်းက နေ သူတို့ လက်တွေနဲ့ ခွာပြီးတော့ ထုခွဲပြီးတော့ ဒီ့ထက်ပေါက်လို့ ရအောင် လမ်းမပေါ်မှာလက်တွေနဲ့ ထပ် ထုခွဲပြီးတော့ ပေါက်နေတာ … အဲ့ဒါသေစေနိုင်တယ်ဗျ.. စစ်ဗိုလ်ကိုကိုက ထပ်ရှင်ပြထားသေးတယ်.. သေချာနားထောင်…
“စစ်သားကွ သေနတ်အလကားထားတာမပာုတ်ဘူး ........ စိတ်လည်းပိုကြီးတယ်..”
ဟာ ပာုတ်ဘူး .. အဲ့ဒါ ဦးနေဝင်းပာုတ်ဘူး… ဦးနေဝင်းက မိုးပေါ်ထောင်မပစ်ဖူးလို့ ပြောတာ.. ဒါက ပိုမိုက်တယ်.. ဗိုလ်ကြီးနာမည်လား… စောကြီးတဲ့ ဒီဂွင်မှာ အကုန်သိတယ်…
“---------- ??? ---------”
ဂွင်လေကွာ.. တပ်မတော်ကိုထိနဲ့ .. တိုင်းပြည်ကိုထိနဲ့ .. ထိသူတွေ ပြောသူတွေ ရဲ့ ဂွင်ထဲမှာ စောကြီးတဲ့……..ပာုတ်ဘူး.. ပာာ ဦးစောမောင်က သေပြီပာာကို.. ခင်ညားတို့ က ပေါက်တကရ.. !
“ဒါနဲ့ ကိုကို ရှရှားစစ်သည်တော် စာဖတ်သူတွေလစ်တုန်း မြန်မာနိုင်ငံက လာဘ်အစားဆုံးတဲ့ စနစ်မရှိဆုးံတဲ့ …??”
“ ------ ----- -----”
“..တကယ်!!..”
“..ပြောတာဘယ်သူ လဲ ကွ မင်းကို ..??..”
“..CNN..”
“…. မင်းဘာကောင်လဲ….??….. မင်းဘယ်ကလဲ….??.....မင်းဆွေမျိုးတွေ ဒုက္ခရောက်ချင်သလား…??”
“…Sorry….”
......................................................................................................................................
ရွှေဘိုသားမှ
ဗျို့ဟစ်လို့သာ အော်လိုက်ချင်
ဘာမှလုပ်ချင်ကိုင်ချင် စိတ်မရှိတာလဲ တော်တော်ကို ကြာနေပါပြီ။ ပုဂ္ဂလိက အဆင်မပြေ မှုတွေ ကလဲ တပုံတပင်။ တိုင်းရေပြည်ရေး ကလဲ ဘာမှခန့် မှန်လို့ မရတဲ့ ချေအနေ။ တနေ့  တနေ့ ရင်တမမ နဲ့  Web Site တွေကြည်လိုက် နီးစပ်ရာ သူငယ်ချင်းတွေ ကို Gtalk ကနေ လှမ်းမေးလိုက် ။ စီဘုံး တွေ လိုက်ဖတ်လိုက်နဲ့ ။ အရင် က မြန်မာပြည်ထဲမှာ Internet ရနေ တော့ နည်းနည်းတော် သေးတယ်။ အခုရက်ပိုင်း MPT နဲ့  TELE PORT ကလဲ အစိုးရကို သပိတ်မှောက် လိုက်တော့ မြန်မာနိုင်ပြည်ထဲ နဲ့ အဆက်အသွယ် ကပြတ်လို့ ။(ဒီ သတင်း လဲ ခိုင်လုံ တဲ့ သတင်းရပ်ကွက်ကပါပဲ။ ) လွမ်းရေးလဲခက်၊ တိုင်းရေးပြည်ရေး ကလဲခက်။ ကောင်မလေးနဲ့ ဒီအချိန်တွေ ရင်တောင်ရီပြနိုင်ပါ့ မလားမသိတော့ဘူး။ အိမ်ကို လဲ ငွေမလွဲ နိုင်။ တခါတလေလဲ ကိုယ့်ကိုကိုယ်တတ်သလိုလို နပ်သလိုလို နဲ့  အမြင်တွေ ဖလှယ်လို့ ။ ဒီနေ့ တော့ ကျနော် နဲ့ ရဲဘော်ရဲဘက်လို့ ပြောရမလား ။ တေဖော်ပေဘက်လို့  ပြောရမလား မသိတဲ့ သူငယ်ချင်းက စာသုံးစောင် Forward လုပ်ပေးလိုက်တယ်ဗျာ။ အသံဖိုင် ၈ ဖိုင်တွဲ နဲ့ ။ ကျနော်လဲဘာတွေများလဲဆိုတဲ့မျော်လင့်ချက်နဲ့ ပေါ့။ ကုလအထူးကိုယ်စားလှယ်လို့ ပြောတဲလူ ကလဲ ရန်ကုန်မှာ အန်တီဆု နဲ့ တွေတယ်လို့  CNN မှာလာသွားတဲ့ အချိန် မဟုတ်လား။ ဘာပဲ ဖြစ်ဖြစ် မျော်လင့်ချက်တွေနဲ့ နားထောင်လိုက်တာပေါ့။ အဲဒီမှာ စတွေ့တာပဲ။
“ငါစစ်သားဖြစ် တယ်.. ငါစစ်သားဖြစ်တယ်” ။
ကျနော့ စိတ်ထင် ကုလကိုယ်စားလှယ် ကြီးများ တပ်မတော်ရဲ့ စေတနာအမှန်သိပြီးတပ်ထဲရောက်သွားပြီလားပေါ့လေ။ နောက်မှ သိလိုက်ပါတယ်။ တပ်မတော်ခေါင်းဆောင်ကြီးတွေ ကညှိနိုင်းဖို့လက်မခံပေမယ့် နိုင်ငံတကာမှာ ပညာတွေ သင်နေတဲ့ တပ်မတော်ခေါင်းဆောင်လေးတွေ က သဘောထားပျော့ပြောင်း ရှာတယ်။ ဘာတွေ ပြောတယ် ဆိုတာဖောက် သည်ချပါရစေ။ ပြောကောင်းမဆို ကောင်း အဲဒီ ဆရာလေးတွေ နဲ့ညှိရနှိုင်းရမယ်ဆိုလဲ ကျနော်တို့ဘာတွေပြင် ထာားရမယ်ဆိုတာ သိနိုင်တာပေါ့ဗျာ။
ကျနော်တို့ ရဲ့အရာရှိမင်းက စစ်သားဖြစ်ပေမယ့်မျက်စေ့ စုံပိတ်မငြင်း ရှာပါဘူး။ နိုင်ငံဆင်းရဲ နေတာကို လဲ လက်ခံပါတယ်။ တခြားတိုင်းပြည်တွေ ဘာလို့ တိုးတက်တယ် ဆိုတာလဲ
သူတို့ လေ့လာ အကောင်အထည်ဖော်နေပါတယ်။ ဟုတ်တယ်မေးတဲ့ သူက မသိပဲနဲ့ သွားမေးသကိုး။ နည်းနည်း တော့ကြာမှပေါ့။ ခုမှ ဆယ်စုနှစ် ၂ ခုပဲ ရှိသေတာကို မေးတဲ့ ဆရာကတယ် လောတာပဲ။ ကျနော်တို့ အရာရှိမင်းတွေ က ကိုယ်နေတဲ့နိုင်ငံအကြောင်းကို တီးမိခေါက်မိ အောင် လေ့လာထားတယ်။ မသိရင်မှတ်ထား ကြပါ။ စင်ကာပူ တိုးတက်တာ စီမံကိန်းတစ်ခုထဲကြောင့် ပါ။ အဲဒါလဲ စင်ကာပူ နိုင်ငံတည်ထောင်ပြီး ၁၀နှစ်နောက်ပိုင်းမှာ တိုးတက်တာပါ။ စနစ်နာမည် က ရှေက Human နဲ့ စပါတယ် ၊ နောက်က စာလုံးနှစ်လုံး ပါတယ်။ စင်ကာပူနိုင်ငံ အလံတင် တဲ့အချိန်မှာ သယံဇာတ ဘာမှ မရှိလို့ အဲဒီ စီမံကိန်းကို သုံးတဲ့ အတွက် ၁၀ နှစ်နောက်ပိုင်းမှ တိုးတက်လာတယ်။ စင်ကာပူလို နိုင်ငံသေးသေးလေး တောင်နှစ်လေးဆယ် လောက် အချိန်ယူပြီးလုပ်နေ ရတယ်။ မြန်မာနိုင်ငံ က စင်ကာပူထက် အဆ ၁၀၀ လောက်ကြီးတဲ့ ကျနော်တို့ နိုင်ငံအတွက် ဆို နှစ် လေးရာ လောက်အချိန်ယူရ မယ်ဆိုပါလား။ ဘယ်လို တွက်လဲတော့မသိဘူးဗျာ။ တော်သေးတယ် ကျနော်သာ ဆို ရင် အတန်းပညာ သိပ်မရှိတော့ လေးထောင်လို့ တွက်မိမှာ။
ကျနော်တို့ ဆရာလေးကလဲ ထပ်မေးတယ် ခင်ဗျာ။ “မင်းလို အရာရှိပေါက်စတောင် ဒီလောက် သိနေတာ မင်းတို့ ဗိုလ်ချုပ်ကြီးတွေ ဒီထက်ပိုသိမှာပေါ့ ။ အခုဘာလုပ်နေတာလဲ” တဲ့။ ကျနော် တို အရာရှိမင်းက အရာရှိအကြီးအငယ် ဘယ်လိုခွဲတယ်ဆို တာဘယ်လို စံတွေနဲ တိုင်းတာ လေ့ ရှိသလဲ့ ဆိုတာကို ပြောပြသွားတယ်။ -ာပြိုင်ချမယ်။ အရက်ပြိုင်သောက်မယ်။ ဆေးလိပ် ပြိုင်သောက်မယ်။ စာတစ်ပုဒ်ကို ဘယ်နမိနစ်အတွင်း အပြိုင်ပြောနိုင်တယ် ပြိုင်မလားတဲ့။ တော်တော်မလွယ်တဲ့ ကိစ္စတွေပါ ။ စစ်တပ်မှ Army Rum တွေ ထုတ်ပေးတဲ့ရည်ရွယ်ချက် ကို ခုမှသိရပါတော့တယ်။ ကို ယ့်ဆရာရေ နောက်တစ်ခါ ဖုန်းခေါ်ရင် ဘယ်ရာထူးဆို အရက်၊ ဆေးလိပ် ဘယ်လောက်သောက်နိုင်ရမယ်။ စာဘယ်လောက်မြန်မြန်အလွတ်ရရမယ်၊ ဟိုဟာ ဘယ်နှစ်ခါလုပ်နိုင် ရမယ်ဆိုတာလေး မေးပေးပါလား။ ကံကောင်းလို့ ဗိုလ်ချုပ် ရာထူး အပြင် ကခေါ်ရင် ဖြေဖို့ လေ့ကျင့်ထားချင်လို့ ပါ။ ဗဟုသုတချင်းလဲ ယှဉ်ရမယ်။ မလွယ်ပါလား။ ယောင်္ကျားထဲ မှာအရည်အချင်းရှိလို့ စစ်သာဖြစ်တာပါ။ အသက်အကန့် အသတ်လဲ မှီရမယ် ။ ဆေးစစ်လဲအောင်ရမယ်။ ခန္ဒာကို လည်းသန်စွမ်းရမယ်။ ဟုတ်တာပေါ့ လေ။အဲလောက် ပြည့်စုံမှလဲ ဖြစ်မပေါ့။ လုပ်ရမှာတွေ ကမနည်းဘူးလေနော့။ အော်ဒါနာထောင်ပြီးမှ သဘော ပေါက်တယ် ယောင်္ကျားကောင်းရှားတယ် ဆိုတဲ့စကားကို။ အရာရှိမင်း မလုပ်ရတဲ့သူ များက စင်ကာပူရောက်နေတာဗျ။ စင်ကာပူကတော့ ယောင်္ကျားကောင်းတွေ ပဲနေမှာ သူတို့ က ၁၈ နှစ် ဆို စစ်မှုထမ်းကုန်တော့။ စိတ်ရှည်ကြပါ ဗျာ။ Idea ကောင်းကောင်းနဲ့ နိုင်ငံကို ကောင်းအောင် လုပ်နေပါတယ်။ မပြီခင်တော့ ဗမာတွေကို မပြဘူးနော်။ သိချင်ရင် တိုင်းရင်းသားတွေကို လိုက် မေး။
ကျနော်တို့ နိုင်ငံက ဆင်းရဲ ပါတယ်။ ဆင်းရဲတိုင်းတော့ ရှောက်မတောင်ကြပါနဲ။ တောင်းသင့် တာပဲတောင်းပါ။ မတောင်းသင့်တာကို မတောင်းနဲ့ ။ အရာရှိမင်း မိဘများဆို အရပ်သားတွေ ပဲ ဘာမှမတောင်းပါဘူး။ အားမငယ်ပါနဲ့ ဦးတို့ ဒေါ်တို့ ရယ်။ အရာရှိမင်းက နောက်ဆို အကောင် ဖြစ်မှာပါ။ စစ်တပ်ထဲမှ ရာထူးကြီးရင် အကောင်ဖြစ်သွားတာတဲ့။ ဒါဝင်သီအို ရီကို ကျနော်တို့  နိုင်ငံမှာ Expend လုပ်လို့ ရတဲ အကြောင်းနိုင်ငံတကာ တက္ကသိုလ်တွေကို သတင်းပို့ ပေးပါဦး။ ဆီဈေးတက်တာလဲ ကျနော်တို့ တစ်နိုင်ငံထဲမဟုတ်ဘူးဗျ။ ကျနော်တို့ တပ်မတော် ခေါင်းဆောင် ကြီးတွေ က အာရှတိုင်းပြည်တွေကို စာရင်းတောင်တို့ တာမဟုတ်ဘူး။ ဆီဈေးတက်တော့ ဘာ ဖြစ်လဲ လုပ်ခတိုးတောင်းပေါ့။ ရှင်းနေတဲ့ဟာကို အလကားအလုပ်ပျက် အကိုင်ပျက် ဆန္ဒပြ ရတယ်လို့ ။ တော်တော်သနားဖို့ ကောင်းတဲ့လူတွေ။ တိုးတောင်းရင် အလုပ်ရှင်တွေကပေး မှာ ပေါ့။ လွယ်တာကို ခက်အောင်လုပ်နေတာ။
ကျနော်တို့ တော်တော်ဆိုးတာပါလား။ နောက်ဆို အစိုးရရုံးတွေ မှာ တခါထဲ ပိုက်ဆံတွေ Print Out လုပ်ပေးတော့မယ် ထင်တယ်။ လိုသမျှ ထုပ်ပေးလိုက်ရုံပဲ။
ကျနော်တို့ အရာရှိမင်းတွေ က ဘုန်းကြီးအစစ်ဆို ထိုင်ရှိခိုးတယ်။ အားရင်လဲ ရွှေတိဂုံဘုရား မှာကိုယ့်အားကိုယ်ကိုး အလှုလိုက် ခံတယ်။ ဒီလောက်ဘာသာတရား ကို အလေးထားတာနော်။ ဘုန်းကြီး အတုနဲ အစစ်ခွဲတာလား။ လွယ်လွယ်လေး။ ခေါင်းတုံးအသစ်ဆို အတု။ (အရှင်ဘုရား တို့ ခေါင်းရိတ်ခါနီးရင်တော့ နီးစပ်ရာ အရာရှိမင်းတို့ တပ်စခန်းကို သတင်းပို့ ပါ။) အရာရှိမင်းတို့ က ပစ်ချင်လို့ မဟုတ်ပါဘူး။ လူတွေက ခဲတွေနဲ့ စပေါက်လို့ ပါ။ စစ်သားက အလားကားနေယင်း သေနတ်ထောင်မဖောက်ဘူး။ လကုန်ရင်လစာရတယ်။ မှတ်ထားပါ။ ကျနော်တို့ အရာရှိမင်းရဲ့ ရင့်ကျက်မှုကနေသိရတဲ့အချက်တွေ။
အရာရှိမင်းတို့ စစ်သားတွေက သာမန်ပြည်သူတွေထက်ဒေါသကြီးတယ်။ ရာထူးတက်ဖို့ ကလဲ ကြိုးစား သောက်နေရတာကို ။ ခင်ဗျားတို့ အိမ်ထဲကို မဝင်နဲ့ လို့ တားနေတာကို ဇွတ်ဝင်လာရင် ဘာလုပ်မလဲ။ ကောင်းကောင်းမွန်မွန် လက်ခံ စကားပြောမလား။ ရိုက်လွတ်မလား။ အရာရှိ မင်းတို့  ကတော့ ရိုက်မှပဲ။ တွေ့ မယ် ဒီတစ်ခါ သန်ခေါင်စာရင်း လာစစ်ရင် တားမယ်။ အတင်းဝင်လို့  ကတော့ ရိုက်လွတ်မယ်။ အရာရှိမင်း Email သိတာပဲ။ ကူညီမယ်မဟုတ်လား။
ကျေးဇူးကိုတော်တော်တင်ပါတယ်။ အစ မကောင်းတဲ့မိန်းမတွေဘယ်လို ဖြစ်လာမှန်းမသိဘူး။ ပိုက်ဆံမ ရှိလို့ ကြုံရာလုပ်တယ်ပဲ ထင်တာ။ အရာရှိမင်းနှုတ်က ပြောမှပဲသိတော့တယ်။ ၉၀ ရာခိုင်နှုန်းက မနေနိုင်လို့ တဲ့။ ပိုက်ဆံကြောင့်မဟုတ်ဘူးတဲ့ဗျ။ အရာရှိမင်းတို့ ကတော့ လေ့ကျင်နေ ကြဆိုတို့ ပိုသိမှာပေါ့လေ။ စင်ကပူမှာ Poly လေးကျောင်းပဲ ကျန်တော့တာလဲ အရာရှိမင်း ပြောမှသိရတာ။ ကျနော် သိထားတာ ၅ ကျောင်းဗျ။ ဟုတ်မှာပါလေ အရာရှိမင်းတို့  ကသေချာလေ့လာထားတာပဲ။ တစ်ကျောင်းက ကားလမ်းမလွတ်လို့ ဖျက်လိုက်တာထင်တယ်။ နန်ယမ်းပိုလီ က မိန်းကလေးတွေ အပျက်စီးဆုံးတဲ့။ အရာရှိမင်းတို့ သတင်းလိုက်တာ ပိုင်သ ဟေ့။ အနံ့ တော်တော်ခံတတ်တယ်။ ကုသိုဟ်ကံကောင်းတဲ့ အရာရှိမင်းတို့ များ ကျတော့ လဲ စာလုပ်စရာလုပ်လိုက် Online တက်လိုက်နဲ ဟန်ကိုကျလို့ ပဲကို။ အဲဒီအချိန်တွေ ကိုလဲ အကျိုး ရှိအောင် နိုင်ငံဘာဖြစ်နေလဲလေ့ လာနေတာပါ။ ခုပဲကြည့် စင်ကာပူရဲ့ အပျက်စီးဆုံးကျောင်း ကို တို့ ဆရာလေး စင်ကာပူမှာနေ ပြီး ဘာ မသိဘူး။ အရာရှိမင်းရုရှက လှမ်းပြောပြပေလို့ ။
အရာရှိမင်း အဖေက လဲ ယောင်္ကျားကောင်းမဟုတ်ရှာတော့ ၂၀၀၀ ပြည့်နှစ်မတိုင်ခင်က စင်ကာပူမှ အင်ဂျင်နီယာသွားလုပ်ဖူးတယ်ဗျာ့။ အဲဒီတုန်းက စင်ကာပူ က ရဲတွေကို လာဘ်ပေးခဲ့ ဘူးတယ်။ ဘာလို့ လာဘ်ပေးရလဲတော့သိဘူးလေ။ အရာရှိမင်း အဖေလဲ အပြင်ကနေ ဗိုလ်ရွေးခံဖို့ ကြိုးစားဘူးတယ်ထင်ပါတယ်။ Aljunied နားမှာတော့လေ့ကျင့်ရေးကွင်း တွေ ရှိတာပဲ။ တချို့ ကွင်းတွေကို တော့ရဲ ဝင်ဖမ်းချင်ဖမ်းမှာပေါ့။ လက်ရှိလဲ အရာရှိမင်း သူငယ်ချင်း က စင်ကာပူမှာလာဘ်ပေးရင် ရတယ်လို့ ပြောတယ်။ ကျနော လဲထောက်ခံတယ်ဗျာ။ မယုံရင် ပုစွန်တောင် က စင်ကာပူဘုန်းကြီးကျောင်းနားမှာကြည့်။ မော်တော်ပီကယ်နှစ်ယောက် အမြဲ ရှိတာပဲ။ အရာရှိမင်း ကပြောတယ် အတိအကျစည်းကမ်းနဲ့ လုပ်တဲ့သူတွေ ရှိတယ်။ လာဘ်စားတဲလူရှိ တယ်။ နိုင်ငံတိုင်းမှာ ကိုရှိတာပါတဲ့။ လာမယ့်တရုပ်အိုလံပစ် ကြမှ အဲဒီပြိုင်ပွဲ ထည့်ခိုင်းရမယ်။ တို့မြန်မာတွေရွှေတံဆိပ်တစ်ခုရ နည်းလားဗျာ။
ဆိုမာလီနဲ့ မြန်မာလာဘ်စားတာ အများဆုံးနိုင်ငံ လို့ ဘယ်သူ ကများပြောတာတုန်း။ သူတို့ က တစ်ယောက်ချင်းလိုက်ပေး ကြည့်လို့ လား။ တကယ်ဟုတ်ရင် MRTV တို့  MWD တို့ က လွင့် မှာပေါ့။ ခင်ဗျားတို့ တစိတ်တုံ်းလွန်းတယ်။ ကျနောတို့ အရာရှိမင်း နာမည်က Sorry တဲ့ဗျ။ လုံးဝ မကွယ်ဘူးနော်။ Underground နဲ့  Fight တယ်တယ်။ အဲဒါတော့ ကျနောလဲမရှင်း ဘူး။ Underground ဘိနပ်လား၊ အကလား ဘာလားပေါ့လေ။ အချိန်မရွေး ဖုန်းခေါ်လို့ ရတယ်။ မသိ ရင် မေးလို့ ရတယ်။ စိတ်မကောင်း စရာက အရာရှိမင်း တို့ နေတဲ့နေ ရာက Phone သူခိုးပေါ တယ်နဲ့ တူပါတယ်။ူခမျာ ရေးချိုးခန်းထဲ တောင်ဖုန်းယူသွာရရှာတယ်။ ဗိုလ်ခင်ညွန့် လိုလာဘ်စား တာ လက်ပူးလက်ကျပ်မိရင် အရာရှိမင်းတို့ ကို တိုင်အရေးယူမှာပါ။ ခင်ဗျာတို့ သိရင်လဲနာမည် နဲ့  သေချာတိုင်တဲ့။ (တိုင်ရမဲ့ နေရာတော့ပြောမသွားဘူး)့ နောက်ဆုံး ခင်ဗျားတို့ မှတ်ထားရမှာ က တိုင်းပြည်ကို မထိနဲ့။ နိုင်ငံကို မထိနဲ့ ။ မကောင်းတာကလူတွေ လူတွေကိုပဲပြော။ တိုင်းပြည်ကို ထိရင် အရာရှိမင်းကတော့ လုံးဝခံမှာ မဟုတ်ဘူး။ စစ်တပ်ကို မကောင်းပြောချင်ရင် လဲ အရင် ဆုံး စစ်တပ်ထဲမှမကောင်းတဲ့ လူ ကိုတွေအောင်ရှာကြ။
ဘာပြောပြော ကျနောကတော့ အားကို တက်လို့ ။
ရေးသားသူ_ မာဆိုး
လွန်တာရှိရင် ဝန္နာမိပါခင်ညာ

0 Responses to ကောင်းလိုက်တဲ့ စကားလုံးတွေ
Something to say?