Showing posts with label NYPMM. Show all posts
Showing posts with label NYPMM. Show all posts

Wall sheet



>>Nypians' totally owned old sku Ticket Style <<

"Front"


"Back"


NYP Myanmar ကျောင်းသူ၊ ကျောင်းသားများ ရဲ့ နှစ် စဉ် တစ်နှစ်ထက် တစ်နှစ် ပိုမိုကောင်းမွန် သာလွန်အောင် ကြိုးစားအားထုတ်မှု့ အနုပညာ များနှင့် ဆန်းသစ်သော စီစဉ်တင်ဆက်မှု့.. တို့ အပြင်၊ အခြားသော စိတ်ဝင်စား ဘ၀င်ကြည်နုးနှစ်သက်ဖွယ် အစီအစဉ် များ အား ကြွရောက် အားပေး ရင်း ကိုယ်စိတ်နှစ်ပါး လန်းဆန်းစေဖို့...
"2010 NYP Myanmar Extravaganza"
မှ လှိုက်လှဲ လေးစား စွာ ဖိတ်ကြားအပ်ပါတယ် ခင်ဗျား...၊
Nypian တို့အရင်နှစ်များမှ အချို့သော အစီအစဉ်များ အားလည်း၊ ပွဲတော်သို့ မတက်ရောက်ဖြစ်သူများ၊ ပြန်လည်ကြည့်ရှု့လိုသူများ အတွက် .. အောက်ပါ ..
>click>>Nypian တို့ ရဲ့ ရိုက်ချက်<< + >>The most ever wanted "NYP Radio Hits"<< ခေါင်းစဉ် စုစည်းမှု့အောက်တွင် အာရုံ ခံစား အားပေး ကြည့်ရှု့ သုံးသပ် နိုင်ပါရန် တိုက်တွန်းအပ်ပါသည်။ ။ ထို့အပြင်.. Comment Box အတွင်း ဝေဖန် အကြံပေးမှူ့များရှိပါက လေးစားစွာ ကြိုဆိုပါကြောင်း...

နှင့်.....

NYPians' 2010 Extravaganza မှာ ပျော်ရွှင်စွာ ဆုံစည်းကြပါစို့...


The Great Day of Choice is.....

>> 16th Jan'2010 << &.. I'm sure you may not want to miss it!

Rep' 4 Friendly, United, Innovative and lovely students "NYPian MYANMARs"

-yKs-
+++++++++++++++++++++++++++++++++++++

Click for Add Ref: >>>Mrs Lee Choon Guan Concert Hall, ACS Banker Road (Near Newton MRT Station). <<<
Beside, our kind & friendly "NYPian Ushers" will be there at Newton MRT Station to guide through to the sharp heading for those whoever may need assist.



As we focus your best convenience, we may want to advice to purchase in advance, instead of Ticket On Arrival.

Alternatively, ticket purchasing & advance confirmed reservation, kindly contact us @

  • Ye Kyaw Swar --->> 907 904 63
  • Win Khant Maung --->> 923 253 16
  • San Wint --->> 938 707 53
Moreover, we'll accept online transaction, available for Credit/ Debit cards* those Master, Visa, Plus, Circus, Maestro linkage only* and normal ATM transfer for the banks of POSB, DBS, UOB, OCBC and Maybank only*). Cross Cheque* payment will be recognizable too.
(* T&C apply)




So, wait no more as time is running up incredibly fast and ensure to come and stamp your foot print in the Auditorium and you'll love it.

That's Furious!
Cheers.......^^^

ဆက်ဖတ်ပါရန်...

 

2008 NYP Myanmar Extravaganza (Trailer)

Nypian တွေရဲ့ 2008 ရိုက်ချက်...ရှိုးစေဗျား... ဒါမဲ့ အမြည်းပဲနော်.. အရည်မပါဘူး... အဲလေ.. Full Version ဟုတ်သေးဘူး...








2007 CLUB NYPian ThinGyan (Yangon)

There we hot on Inya Road >> This's how we do it! >>




NYPMyanmar Thingyan 2004 (NYP Band)





NYP Thingyan 2003 (Drum Solo)

NYPMyanmar Thingyan Fest 2002 (NYP Band)



ဆက်ဖတ်ပါရန်...

 

အရင်ဦးဆုံး ကျုပ်ဘယ်သူလဲဆိုတာ စာဖတ်မိတ်ဆွေများကို အရင်ဆုံးမိတ်ဆက်ပါရစေနော်။ ကျုပ်ကတော့ နေ့စဉ်ဖြစ်နေပျက်နေကြ ရသမျှသတင်းအတိုအထွာ အတုတ်အစုပ် အရှုပ်ပလုတ်အားလုံးကို အခွင့်အရေးရရင်ရသလို ရတဲ့အချိန်တိုင်း နေရာတိုင်းမှာ စိတ်ရောကိုယ်ပါ ထောက်လှမ်းရှာဖွေ စုဆောင်းပြီး၊ မဟုတ် တာကို အဟုတ်လုပ်ရေးတဲ့ (အဲလေ..ယောင်လို့) အမှန်ကို အမှန်အတိုင်း တင်ပြရေးသားတတ်တဲ့ တတ်သစ်စ တောင်ပေါ်သားစာရေးဆရာလေး ( အခုမှ ကကြီး..ခခွေး စသင်တုန်း..) အရေးအသားစူးရောက်နိုင်တဲ့ ထန်းလှောက် ပါခင်ဗျာ။

အဲလေ..ကျုပ်ဘယ်သူလဲဆိုတာ ပြောနေတာနဲ့ ရေးရင်းကိစ္စတောင် မေ့တေ့တေ့ဖြစ်တော့မလို့..။ အခုတလောဗျာ ကံကမကောင်းတာဘဲလား မသိဘူး..သတင်းတွေ ထောက်လှမ်းမရဖြစ်နေတာ တော်တော်ညစ်နေရတယ်။ အဲ….ဒီနေ့မနက်ကျုပ်လည်း ထုံးစံအတိုင်းပေါ့ ခပ်စောစောလေးထပြီး သတင်းလေးဘာလေးများ ရလိုရငြားနဲ့ NYP ဖက်ကို ခြေဦးလှမ်းခဲ့လေရဲ့။ အဲ..Nypians တွေ meeting လုပ်လေ့ရှိတဲ့ south canteen နားရောက်တော့ nypians တစ်စု ခါတိုင်းလို ထိုင်နေကြ canteenရဲ့ အစွန်ဆုံး corner မှာ တရုတ်ရုတ်..တကုပ်ကုပ်နဲ့ ရှုးရှုးရှဲရှဲ ခေါင်းချင်းဆိုင် စကားပြောနေကြတာ တွေ့ရော ကျုပ်လဲထူးပြီဗျို့ဆိုပြီး ဘယ်ရမလဲ အမြန်ဆုံး ဒန်အိုးစီးပြီး (အဲ..မှားလို့)..ပန်းကန်လုံးစီးပြီး သူတို့နားကို ဒိုးတာပေါ့ဗျ။ အဲကျုပ်အနားလည်းရောက်ရော ကြားလိုက်ရတာ မျက်လုံးပြူး..မျက်စံပြူး..ကိုဖြစ်သွားရော..။ ကြားလိုက်ရတာ ဘာတဲ့ဘာတဲ့.. အစိုးရ အပြောင်းအလဲတွေ ဖြစ်လို့ ခေါင်းကြီးပိုင်းအရာရှိတွေကြား ပဋိပက္ခတွေဖြစ်…ရန်ဖြစ်လို့ဆွဲထိုးကြ (အဲ..မှားလို့)..စိတ်တွေဆိုးကြနဲ့ လုပ်လက်စ စီမံကိန်းတစ်ခုတောင် ပျက်ကိန်းဆိုက်လုနီးနီး ဖြစ်နေပြီတဲ့။ ကျုပ်လည်းဒါဆို တိုင်းရေးပြည်ရေး အတင်းသတင်း ဖြစ်နိုင်ကောင်းလေရဲ့.. ကျုပ်တော့ပွတာဘဲဆိုပြီး သေသေချာချာနားထောင်ကြည့်တော့ (နားဖာချေးကော်ပြီး)… ထင်ထားတာနဲ့တစ်လွဲ…တစ်ခြားစီဗျာ။


မိတ်ဆွေတို့ရဲ့…တစ်ကယ်တော့ ဖြစ်ပုံကအဆန်းသား…. ဒီလိုဗျ..။ Nypiansတို့က ထုံးစံအတိုင်း ၂၀၀၈ခုနှစ် သင်္ကြန် အတွက်ဆိုပြီး တက်တက်ကြွကြွ ၂၀၀၇ခုနစ် မေလ လောက်ကတည်းက ခေါင်းဆောင်အစိုးရအဖွဲ့ ရွေးကောက်ဖို့အတွက် Democracyနည်းနဲ့ မဲဆန္ဒခံယူပွဲကို ခြိမ့်ခြိမ့်သဲ Interpoly တကျော် ကျင်းပခဲ့တာ..ကိုပေစိနဲ့ သူငယ်ချင်းတစ်ချို့ပါဝင်တဲ့အဖွဲ့က မဲအပြတ်အသတ်နဲ့ တရားမျှတစွာ အနိုင်ရရှိသွားတယ်တဲ့။ ကိုပေစိကတော့ General ပေါ့ဗျာ။ Generalကြီး ကိုပေစိလည်း စီမံကိန်းကြီး အထမြောက်ဖို့အတွက် plans တွေချ၊ programmes တွေစီစဉ်နေနဲ့အရှုပ်လုပ် (အဲလေ..ယောင်လို့) အလုပ်တွေရှုပ်နေလိုက်တာ စီမံကိန်းကြီး အထမြောက်ခါနီးဆဲဆဲကာလ တစ်လ၊ နှစ်လအလိုလောက်မှာမှဗျာ… General ပေစိကြီး ကုသိုလ်ကံခေလေခြင်းလား… ကံဇာတာကျခြင်းများလား၊ ထိုGeneral ဆိုသော ရာထူးရာခံကြီးနှင့် ရေစက်မပါလေခြင်းများလားမသိ…. ကိုပေစိတစ်ယောက် ထိုမသိမှုပေါင်းများစွာနဲ့ အရင်းနှီးဆုံး၊ အတိုင်းအဆမရှိ ထောက်ခံမှုအများဆုံး ပေးခဲ့တဲ့ Nypian ထုကြီးတစ်ချို့နဲ့.. အစိုးရအဖွဲ့ဝင်တစ်ချို့.. အဲဒီအချို့အချို့တို့ရဲ့ နောက်ကျောက ဓါးထိုးမှုကြီးကို နားမလည်စွာနဲ့ အူလည်လည်ကြီး ခံလိုက်ရရှာတယ်။ သူတို့တွေက ကိုပေစိကြီးကို အစိုးရ အဖွဲ့ ခေါင်းဆောင်အဖြစ်မှ တာဝန်ရပ်ဆိုင်း အနားပေးလိုက်ကြောင်း၊ နောက်နောင် ကိုပေစိကြီးအနေနဲ့ ထိုစီမံကိန်းနှင့်ပတ်သက်တဲ့ ကိစ္စအ၀၀နှင့် လုံးဝဥသုံသက်ဆိုင်မှုမရှိတော့ကြောင်း၊ ၀င်ရောက်စွက်ဖက် လုပ်ပိုင်ခွင့်ပါမစ် (အဲလေ..)authority မရှိတော့ကြောင်း… ထိုကဲ့သို့… ထိုကဲ့သို့သော သူတို့လိုချင်တဲ့၊ ဖြစ်စေချင်တဲ့..အကြောင်းအရာလေးတွေကို မိန်ရည်ရှက်ရည် (အဆာငတ်နေသည့်နှယ်..) “I repeate and repeate again” ဆိုလား၊ဘာလား ပါတဲ့ messageများ textလုပ်ပြီးသကာမျှ Nypian ထုကြီးကို အတိအလင်း SMS ပို့ကာစိတ်ရှိလက်ရှိ၊ အားရပါးရ ကြေညာချက် ထုတ်ပြန်လိုက်ပုံကတော့ ရက်စက်တဲ့သမိုင်းမှာ ရာဇ၀င်တွင်တဲ့ heroကြီး Adolf Hitlar(ဟစ်တလာ)ကတောင် သေရာကထပြီး အဘ ထခေါ်ရ မလိုလိုဖြစ်သွားတော့လေရဲ့ဗျာ.။ [အမှန်ကတော့ ရှင်းရှင်းလေးပါ..Generalကြီးကို အသိမပေးဘဲ အာဏာသိမ်းလိုက်ပြီး .ယာယီထိန်းသိမ်း လိုက်ကြောင်း ပြန်တမ်းထုတ်လိုက်တယ်လို့ ဆိုချင်သပေါ့ဗျ။]
အဲပြီးတော့ သူတို့တွေက (Nypian ထုကြီးတစ်ချို့နဲ့… အစိုးရအဖွဲ့ဝင်တစ်ချို့က).. သူတို့အားလုံးရဲ့ အာဏာကို ထုတ်ဖော်ဟစ်အော်လို့ရအောင်ဆိုပြီး၊ အားလုံးပါဝင်တဲ့ ညွန့်ပေါင်းအစိုးရကို ညတွင်းချင်း အလျှင်အမြန် ဒုံးဒုံးဒိုင်းဒိုင်းနဲ့ ဖွဲ့စည်းလိုက်တယ်တဲ့ဗျာ။ အဲဒီလိုနဲ့ ကိုပေစိလက်ထက်က ကျန်ရှိနေသေးတဲ့ မပြီးပြတ်သေးတဲ့ စီမံကိန်းကြီးကို ဆက် RUN တယ်တဲ့ဗျ။ ဒီအစိုးရကတော့ ခက်မာမာပဲ… စီမံကိန်းကြီးရဲ့ man-powerကို Nypian ထုကြီးကနေ အကူအညီတောင်းခံတဲ့နေရာမှာ.. ငါကွ ညွန့်ပေါင်းအစိုးရ ဆိုပြီး ဗီဒိုအာဏာကြီးတကားကားနဲ့ လုပ်လေရာ မျက်နှာမာကြီးနဲ့ ဖြဲချောက်ပြနေတော့ Nypian ထုကြီးလည်းကြာကြာ မခံနိုင်တော့ဘဲ ကွက်ကျားဆန္ဒပြမှုတွေ နှုတ်ထွက်မှုတွေ၊ ဖြစ်လာတော့ ညွန့်ပေါင်းအစိုးရလည်း ခုံ လှုပ်လာတော့သကိုး။ ဒီလောက် ဖြစ်နေတာတောင် ညွန့်ပေါင်းအစိုးရက နည်းနည်းမှ မမှုပါဘူးဆရာ ..သူတို့မှာကျန်ရှိတဲ့ man-power နဲ့ စီမံကိန်းရလဒ် ကောင်းကောင်း၊မကောင်းကောင်း၊ သူတို့ဂရုမစိုက်။ သူတို့နှင့်လုံးဝမသက်ဆိုင်။ သူတို့အဖို့အဓိကမှာ သူတို့သာအာဏာပိုင်စိုး၊ စီမံကိန်းကြီးအဆုံးတိုင်ကြီးစိုး အကောင်၊အထည် ဖော်သွားမယ်လို့ တစ်ပြားသားမျှမလျှော့ ထပ်ကြေညာသွားပြန်လေသရော။ ဟောဗျာ.. တက်လည်းတက်နိုင်ကြပါပေတယ်… မောင်မင်းကြီးသားတို့ရယ်လို့သာ… ကျုပ်ဖြင့်ပြောလိုက်ချင်တော့တယ်။ [ဒီနေရာမှာ ကျုပ်စကားပုံ တစ်ခုကို ပြေးသတိရမိတယ်… “ဘယ်သူတေတေ ငတေမာရင် ပြီးရောတဲ့..” ကျုပ်တော့ထင်တယ်.. သူတို့အတွက်တော့ စီမံကိန်းကြီး အောင်မြင်မအောင်မြင်၊ ညွန့်ပေါင်းအာဏာ ခိုင်ရင်ပြီးရော ဖြစ်မှာပေါ့ဗျာ။]

ဟော..မကြာပါဘူးဗျာ..အခြေအနေတွေက ပိုပိုဆိုးလာတော့၊ အပျက်ပျက်နဲ့ နှာခေါင်းသွေး ထွက်မှာကလည်းဆိုးတာနဲ့ (သူများလက်ညှိုးထိုးကလည်း မခံနိုင်ရှာ၊) ကိုယ့်စကားနဲ့ကိုယ်သာ( စီမံကိန်းကြီး အောင်မြင်အောင် ပိုက်ပိုက်(ပိုက်ဆံ)နဲ့ ကမကထပြုနိုင်တယ်လို့) ရှေးကပြောခဲ့တာမို့၊ ဟန်ပန်တွေ ဆောင်နေရတော့မယ် အချိန်မဟုတ်တော့၊ ယခင်နှစ်က အောင်မြင်အောင် ကမကထပြုနိုင်တဲ့ Retired General နဲ့ members တွေကို ဒုံးကျည်စီးပြီး အကူအညီ ပြေးတောင်း တာများ… မြန်လှပါပြီဆိုတဲ့… အလင်းသွားနှုန်းတောင် ဆရာတင်သွားရလေရဲ့ဗျာ။ Retired General ကြီးနဲ့ members များက ခက်လန့်လန့်မို့ သူထက်ငါ ဦးသူလွတ်ကြေးဆိုပြီး အကျောက်အကန်ငြင်းလို့ မြည်တဲ့ဟင့်အင်းဆိုတဲ့ echo များရိုက်သံကတော့ အင်မတန်ခိုင်လှပါပြီဆိုတဲ့ Great Wall ကြီးတောင် နည်းနည်းတုန်သွားတယ်တဲ့ (တော်တော်ပိုသွားပြီ ထင်တယ်..ဟီးဟီး..)။ အဲဒီထဲမှာမှ ..စိတ်မှတ်သည်းချေကိုမရှိ၊ အကြောက်နည်းတဲ့ ကိုသာဂိ (ခ) old member တစ်ယောက်ကတော့ Nypian သိက္ခာရှေးရှုလို့ရယ်၊ “ကိုသာဂိရေ…ဒါလေးလုပ်ပေးပါဦှးှဆိုလည်း…အေးအေး၊ ဟိုနေရာ လေးသွားပေးပါဦးဆိုလည်း ..အေးအေး” ဆိုပြီးသာ ကိုယ်ကျိုး မကြည့် ထီးဖြူ ဖိနပ်ပါး၊ အားကျိုးမာန်တက်လုပ်ရှာလေတယ်။ အဲ..သူတို့က ကိုသာဂိကို ဘာရယ်ဘာရယ်.. ယာယီအစိုးရဆိုပြီး ကပ်ဖားရပ်ဖားနဲ့ လိုချင်တာအကုန်ကို အားမနာရှာမကျိုးကို လုပ်ခိုင်းတော့တာပါဘဲဂျာ…။ ကိုသာဂိကြီးမှာ သူတို့ကို စပြီးကူညီတဲ့အချိန်ကစပြီး၊ Nargis Cyclone နဲ့တူတဲ့ ကံဆိုးကြီးတွေရဲ့ Attack ကို မရှုမလှ တစ်ခုပြီးတစ်ခု စက်သေနတ်ပစ်သလို တရစပ် အပစ်ခံရပါလေရော…ဆရာ။ အစပိုင်းကတော့..ဦးနှောက်ခြောက်ရခြင်း၊ နောက်တော့ စားမ၀င် အိပ်မပျော်ဖြစ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အလုပ်အကိုင်များပျက်ကွက်ခြင်း၊ ရည်းစားနဲ့ စကားများခြင်းမှ အဆုံး handphone ကြီး ပျောက်ဆုံးခြင်းတို့နဲ့ ရင်ဆိုင်ခဲ့ရလေတယ်။ ယာယီအစိုးရ ကိုသာဂိကတော့ မိမိဘာသာ အစပြုလက်ခံခဲ့တဲ့ အဲဒီခေတ္တရရှိတဲ့အာဏာကို တစ်ဝက်တစ်ပျက်နဲ့ ထားခဲ့လို့ကမဖြစ်ပြန်လေတော့..စပြီးသားကိစ္စရယ်..အဆုံးတိုင် အကောင်းဆုံး လုပ်သွားပေး လိုက်မယ်လို့..အတွေးလေးက မဆုံးသေးရယ်…မထင်မှတ်ဘဲ ရုတ်တရက်ဆိုသလို (Americanများ ပုလဲဆိပ်ကမ်းကို ဗုံးကြဲလိုက်သလို… ) ဆိုင်းမဆင့် ဗုံမဆင့် ကန်ကျောက်ခံလိုက်ရလေသတည်း။ (ဟားဟား…မှတ်ကရော ကိုသာဂိရေ)။

ဖြစ်ပုံက ဒီလို... ကိုသာဂိကြီး... ရောက်လည်း ရောက်လာရော.. အခြေအနေက ပြန်တိုးတက်လာတယ် (ကိုသာဂိပြောသလိုလုပ်တာကို)..။ မကြာခင် ကိုသာဂိခြေ၊ကိုသာဂိ လက်ဖြစ်လာတော့ သူတို့မကျေနပ်ချင်တော့။ သူတို့က သူတို့အာဏာပြချင်၊ ပြခွင့်ကလည်းမရ ဆို တော့၊ ကိုသာဂိ ပေးတဲ့ အကြံဥာဏ်တွေ လက်မခံလိုတော့၊ ဘုရားပြီး ငြန်းဖျက်ဆိုသလို သူတို့တွေ ကြံကြလေပြီတကား။ သြော်ဒီလိုနဲ့…မြန်မာတွေ အင်္ဂလိပ်တွေ ပထုတ်ချင်တာနဲ့ ဂျပန်အဘပြေးခေါ် ဆိုသလိုပေါ့… ဟဲဟဲဟဲ…ပြေးခေါ်စရာ အဘရယ်တွေ့လေတော့…..မနှေးသာအမြန်သာဂိရေ ဒိုးလေတော့... ဟုဖြစ်သွားလေသတည်း.။ ဟောဒီမှာ တစ်ပြန် စီမံကိန်းကြီး ပျက်ကိန်း ဆိုက်လေပြန်ပြီ… နောက်ဆုံးတော့လဲ... စီမံကိန်းကြီးအကောင်အထည် ဖော်သွားပါတယ်…[ Retired General နဲ့ members များ၊ ယာယီအစိုးရ ကိုသာဂိ ကြီးနဲ့ အတူ အဘ ..ကော..နောက်ထပ် အမည်မဖော်စေလိုသူ ၃၊ ၄ ဦးတို့ရဲ့ အကူအညီနဲ့သာ နောက်ဆုံးမှာစီမံကိန်းကြီးလည်း ဆွဲလေရာ တရွတ်တိုက်ပါကာ ဝေါခနဲ သောခနဲဆို ဗြုန်းစားကြီးသာ ပြီးသွားပါလေသတည်း။

ဘယ်လိုပင်ပြောပြော…ဒီလိုကိစ္စမျိုးက ဘယ်နည်းနဲ့မှ မဖြစ်သင့်ခဲ့။ ပြောစမှတ်သာ တွင်ခဲ့လေပြီ။ သို့သော် စီမံကိန်းကတော့ ပြီးသွားချေပြီ။ Retired General နဲ့ members များ၊ ယာယီအစိုးရ ကိုသာဂိ ကြီးနဲ့ nypian မျိုးချစ်စိတ်ရှိ ပုဂ္ဂိုလ်များကတော့ နောက်ထပ်လာမည့် စီမံကိန်းအတွက် ဆက်လက်ပူပန်နေကြဆဲ… ပူပန်မှု စိုးရိမ်ရေအမှတ်မှာလည်း ကျော်လွန်နေပါတယ်။ ဆရာများလှသောကြောင့် ဆရာများသားသေမည်က တစ်ကြောင်း၊ ကိုယ့်ထမင်းကိုယ်စားပြီး ဘယ်အရာကိုမှ ဂရုမစိုက်ပဲ ကိုယ့်လမ်းကိုယ်လျှေက်သူများက များလှသောကြောင့် တစ်ကြောင်း၊ ခေတ်ကာလက ပိုမိုတိုးတက်လာတဲ့အတွက် ညွှန့်ပေါင်းအစိုးရမှသည် Demorcracy ကို ကျော်လွန်ကာ Republic of Singapore တွင်နေထိုင်သောကြောင့် Reprocracy ဆိုပြီး တိုးချဲ့မြှင့်တင်သွားကာ YMBA, GCBA များကဲ့သို့ အစိတ်အစိတ်အမွှာမွှာ၊ အပိုင်းပိုင်းအစစ၊ ကုန်းကောက်လောက်အောင်ပင် မရအောင်ကွဲအက်သွားမှာ စိုးရိမ်ကြောင်းကို အဲဒီ စကားဝိုင်း လေးဆီက တစ်စိတ်တစ်ပိုင်း မကွဲမသဲ (အဲလေ…ယောင်လို့) မသဲမကွဲ ကြားလိုက်ရလေသတည်းဗျာ။
သြော်..သြော်…လူ့အလို နတ်မလိုက်နိုင်…။ Nypians အလိုများ ကျွန်တော်မျိုး စာရေးဆရာ စူးရောက် ထန်းလှောက် မလိုက်နိုင်ပါတကား ။ ။

ဆက်ဖတ်ပါရန်...

 

နန်ယန်းသင်္ကြန်ပွဲလေးမှာ ပါဝင်ခဲ့တဲ့ ပြဇာတ်လေး တစ်ခုလို့ သဘောထားလို့ရတဲ တစ်ခန်းရပ် ဟာသလေးတွေကို ပြန်လည် စုစည်းထားတာပါ။
ဒီအစီအစဉ်လေးကို ၂၀၀၄ ခုနစ် နန်ယန်းသင်္ကြန်လေးမှ့ စတင်ပြီး ပရိသတ်များကို တင်ဆက်ခဲ့ပါတယ်.....။ ယခုနောက်ဆုံး ကျင်းပသွားသော ၂၀၀၈ ခုနစ် နန်းယန်းသင်္ကြန်ပွဲမှာပါ ပါဝင်ခဲ့သော Programme လေးတစ်ခုပါ.....။
နန်ယန်းကျောင်းသင်္ကြန်ပွဲ၏ ထူးခြားသော ကဏ္ဍလေးတစ်ခုလို မှတ်ယူလို့ရတယ်ပါတယ်......။ အားလုံး အဆင်ပြေစွာ ကြည့်ရှုလို့ရအော် ၂၀၀၄ ခုနစ် နန်ယန်းသင်္ကြန်၊ ၂၀၀၇ ခုနစ် နန်ယန်းသင်္ကြန်တို့မှာ ပါဝင်ခဲ့သော NYP Radio လေးကို စုစည်းပေးလိုက်ပါတယ်..... အားလုံး ကြည့်ရှုရင်း ပြုံးပျော် ရွှင်လန်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း......


၂၀၀၄ ခုနစ်တွင် ပါဝင်သော NYP Radio





၂၀၀၇ ခုနစ်တွင် ပါဝင်သော NYP Radio







၂၀၀၈ ခုနစ်တွင် ပါဝင်သော NYP Radio ကို အခွေထွက်ရင် ဆက်ပြီး တင်ပေးသွားပါမည်.....။

ကျေးဇူးတင်စွာဖြင့်
နန်ယန်းမြန်မာကျောင်းသားများ

ဆက်ဖတ်ပါရန်...

 

Congratulations and I'd like to thanks all of you who put a lot of efforts on that fantastic event (held on 20 July 2008)
Credit goes to Mg Kaung Pyae Thien, Ma Pwint Phoo Wai, Ma Nang Aye Thant Zaw, Ma Nang Phyu Sin Lin as organizers 2008.
And Especially thanks to all performers who sacrifice their precious times and performing with their brilliant talents.


ဘာတွေဘယ်လိုပဲ အခက်အခဲရှိရှိ၊ အခက်အခဲတွေကြားမှ အခုလို ပွဲမျိုးကို ဖန်တီးနိုင်သော ဇွဲ၊ စိတ်ဓာတ်နဲ့ NYP ရဲ့အစဉ်အလာ တခုဖြစ်အောင် ဖော်ကြူးထုတ်ဖော်နိုင်တဲ့ အရည်အချင်းများရှိသော ပွဲဖြစ်မြောက်ရေးစီစဉ်သူများ နှင့် စိတ်ပါလက်ပါ ကူညီဖျော်ဖြေပေးခဲ့သူများ အတွက် ဂုဏ်ယူမိပါတယ်။

Click for more photos

ဆက်ဖတ်ပါရန်...

 

မြန်မာသက္ကရာဇ် - ၁၃၆၈ ခုနှစ်၊ တန်ခူးလ အချိန်အခါဝယ်..ကောင်းကင် နေပြည်တော်မှ အဘသိကြားမင်းသည် တိရစ္ဆာန် ညှင်းပန်းနှိပ်စက် ဥပဒေအရ ခွေးသရေ ရှာမရသောကြောင့် Laptop ကြီး ချိုင်းကြားညှပ်ကာ MRT စီး၍ Singapore သို့ဆင်းလာမည်။
NYP သင်္ကြန်အတွက် သင်္ကြန်စာ (ခေါ်)ခုနှစ် ရက်သားသမီးများ အတွက် ဟောစာတမ်းအား နေ၊ လ၊ ကြယ်၊ နက္ခတ် အစုံအလင်အချိန်၌ SINGAPORE ၏ကျဉ်းမြောင်းလှစွာ သော HDB Flat အတွင်း ဗေဒင်၊ စက္ကောမ၊ ဆယ့်နှစ်ကြိုး-ဆယ့်သုံးကြိုး၊ ဆေး၊ အင်း အစရှိတဲ့ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ Engineer များ အားလုံးရဲ့ အကူအညီနှင့် လူမရှိတုံးမပြီး မှာစိုး၍ မရှိမဲ့မရှိတဲ့ အချိန်နာရီ ပေါင်းမြောက်မြားစွာ ပေးဆပ်ကာ တစ်နာရီအတွင်း Last Minutes Project ကဲ့သို့ ခုနှစ်ရက် သားသမီးများ အတွက် အရှေ့ဖြစ် နောက်ဖြစ်များ၊ အခုဖြစ် တော်ကြာဖြစ်များ ကို ထင်သလို၊ မြင်သလို မဟုတ်ပဲ အတွက်အချက် Calculus တွေနဲ့ ဒီလို တစ်နေ့ချင်းစီရဲ့ အကောင်း အဆိုး အကြောင်း အမျိုးမျိုးကို အားမနာ လျှာမကျိုး ပိုးဆိုးပက်စက် ရေးရင်းနဲ့ ဒီလို သင်္ကြန်စာလေး ထွက်လာသတဲ့။ ။



တနင်္ဂနွေ (အ၊ ဧ၊ ဥ)
လက်ရှိအခြေအနေ ။ ။ သတင်းကောင်းကြားရမည်။ ဆေးရုံရောက်ကိန်းရှိသည်(သားဖွားဆေးရုံ)။ အင်္ဂုလိမာလသုတ်ကျက်ထားပါ။ ဥပါ လျှင် သား၊ ဥမပါ လျှင် သမီး ဟု မှတ်ပါ။
စီးပွားရေး ။ ။ ဂဋ္ဌုန်မင်းတို့အဖို့ အေးအေးချမ်းချမ်း နေရသော ကာလများဖြစ်သည်။ အိမ်ပေါင်ခြင်း၊ အီးအီး သဘာဝ မြေသြဇာရောင်းခြင်း၊ အဟောင်းရောင်းခြင်း စသည့်လုပ်ငန်းများနှင့် မအားမလပ် ဖြစ်နေသည်။
ပညာရေး ။ ။ အီးထွက်အောင် ကြီုးစားနိုင်ပါမှ အောင်မြင်မှုရရှိနိုင်မည်။ အီသီယိုးပီးယား၊ ဥရုဂွေး၊ အီရတ် စသည့်နိုင်ငံများသို့ ပညာတော်သင် သွားရကိန်းရှိသည်။ Interchange ၌ အိမ်သာဆေးခြင်း၊ အလောင်းအလှပြင်ခြင်း စသော ဘာသာရပ်များ သင်ကြားရကိန်းရှိသည်။
အချစ်ရေး ။ ။ ချစ်သူမရှိသေးသူများ အိုမင်းရွှတ်တွနေသူများနှင့် ဖူးစာဆုံတတ်သည်။ အီးမှန်ထားသော မျက်နှာမျိုးရှိသူနှင့် အိမ်ထောင်ကျတတ်သည်။
ကျန်းမာရေး ။ ။ အက်ဆစ်လောင်ခြင်း၊ အေအိုင်ဒီအက်စ်၊ အိမ်သာပိခြင်း၊ အန်ဖက်ဆို့ခြင်း၊ အသံမထွက်ခြင်း၊ အိပ်ရေးမ၀ခြင်း။ ဝေဒနာများကို အပြင်းအထန် ခံစားရတတ်သည်။ အဆိပ်ကို အားပါးတရ သောက်၍ထိုဝေဒနာကို ကာကွယ်ပါ။
ယတြာ ။ ။ အိုစမာဘင်လာဒင်၏ သမီးနှင့် အိမ်သာအတူတက်၍ အီးအီးပါရင်း အချစ်အကြောင်း အားရပါးရဆွေးနွေးပါ။ ပြီးလျှင် Ang Mo Kio ၌ အရက်ဝယ်၍ အောင်ရေအဖြစ် သောက်ကာ အားရသည်နှင် “အောင်ပြီ…အောင်ပြီ” ဟု အားအားယားယား အာခေါင်ခြစ်၍အော်ပါ။ အောင်မြင်မှုများ အချိန်မနှောင်းမှီ အရှေ့  ရောက်လာမည်။

တနင်္လာ (က၊ ခ၊ ဂ၊ ဃ၊ င)
လက်ရှိအခြေအနေ ။ ။ တနင်္လာနံ အဖိုးတန်ပစ္စည်းများ ဖြစ်သော မော်တော်ကား၊ ကုန်တင်ကား၊ ဆိုင်ကယ်များ ၀င်လာတတ်သည်။ လမ်းလျှောက်စဉ် ၀င်လာတတ်သဖြင့် ရှောင်ကြဉ်ပါ။ လမ်းလျှောက်လျှင် ခေါင်းငုံ့၍ မလျှောက်လေနှင့် ကုလားမနှင့် ကြောက်ခမန်းလိလိ ၀င်တိုက်ခြင်း၊ ခွေးတက်နင်းမိခြင်း၊ ဂဏန်းကျင်းထဲ ကျွံ့ကြခြင်း၊ ငန်းလိုက်ဆွဲခြင်းများ ဖြစ်တက်သည် သတိထားပါ။
စီးပွားရေး ။ ။ ကျိကျိတက်ချမ်းသာရာမှ ကုန်းကောက်စရာ မရှိသော အခြေအနေသို့ ရုတ်ချည်းကျဆင်းသွားမည်။ ကြုံရာကျပန်းလုပ်ခြင်း၊ ကူလီထမ်းခြင်း၊ ခွေးမွေးခြင်း၊ ကြက်မွေးခြင်း စသည့်လုပ်ငန်းများဖြင့် အကျိုးပေးမည်။
ပညာရေး ။ ။ ကြိမ်ဖန်များစွာ ကြိုးစားသော်လည်း ကျသည့် အဆင့်မှ တက်မလာဘဲ ရှိသည် ခဲလေသမျှ သဲရေကျဖြစ်တတ်သည်။ ကော်ပီချုံ့ခြင်း၊ ခါးပိုက်နှိုက်ခြင်း၊ ကုလားက, ကခြင်း၊ ကလေးထိန်းခြင်း စသည့်ပညာရပ်များကို ကြိုးစားပမ်းစား သင်ယူရကိန်းရှိသည်။
အချစ်ရေး ။ ။ ကလေးအဖေ တစ်ယောက်၏ အရူးအမူး ချစ်ကြိုက်ခြင်း ခံရတတ်သည်။ ချွတ်ခြုံကျနေသူများ၏ လက်ထပ်ခွင့် တောင်းခြင်းကို ခံရတတ်သည်။ အပျိုကြီး လူပျိုကြီးများအနေဖြင့် ခွက်လက်ဆွဲသူများ၊ ကားဆရာများ၊ ကုမရသောရောဂါရှိသူများနှင့် အိမ်ထောင်ကျကိန်းရှိသည်။
ကျန်းမာရေး ။ ။ တနင်္လာရောဂါများဖြစ်သည့် ကင်ဆာ၊ ဂနို၊ ခွေးရူးပြန်ခြင်း စသည့် ရောပါများအပြင် ကာလနာ၊ ကာလ၀မ်း၊ ကလေးသူငယ်နာရောဂါများ ဖြစ်ပွားနိုင်သည်။
ယတြာ ။ ။ “ငါး” ကိုးဗူးကို “ဂ”ငယ်ရပ်ကွက်မှ ခိုးယူဝယ်ကာ ကိုကာကိုလာ ကိုးလုံးဖြင့် ကွေးနေအောင်း “က” ၍ သောက်ပါ။ လက်ရှိ အညံ့များ အားလုံးပျောက်မည်။

အင်္ဂါ (စ၊ ဆ၊ ဇ၊ ဈ ၊ ည)
လက်ရှိအခြေအနေ ။ ။ ညဖက်အပြင်သွားလျှင် ID ကဒ်ဆောင်ပါ “စ”လုံး ရဲနှင့် မကြာမကြာ တွေ့ရတတ်သည်။ စာမကျက်သူများ သတိထားပါ။ ယခုနှစ်မှစ၍ Supple ဂြိုလ်မင်းသည် Poly ကျောင်းများသို့ မဆင်းတော့ပဲ Repeat (ခေါ်) တစ်ခါတည်းကျသော ဂြိုလ်မင်းနှင့် Duty change ကာ သင့်ဆံပင်ပေါ်တွင် ဇောက်ထိုးလမ်းလျှောက်နေပြီ။
စီးပွားရေး ။ ။ ဆံပင်ဝယ်ခြင်း၊ ဆိုက်ကားနင်းခြင်း၊ စပါယ်ရာလုပ်ခြင်း၊ ညအိပ်မီးကင်းစောင့်ခြင်း တို့ဖြင့် စီးပွားရေး တက်မည်။ Singapore Idol အစီအစဉ်တွင် ပါဝင်၍ အဆဲခံပါ။ ဆန္ဒပြည့်ဝလာပါလိမ့်မည်။
ပညာရေး ။ ။ စာခိုးချခြင်း၊ ဆေးပညာများ (ဥပမာ - ကားရေဆေးခြင်း၊ ပန်းကန်ဆေးခြင်း) စသည့် အတတ်ပညာများကို ဆရာကောင်းထံမှ သင်ကြားရတတ်သည်။
အချစ်ရေး ။ ။ အကြောဆွဲကာ ဆန့်ငင်ဆန့်ငင်ဖြစ်နေသူတစ်ဦး၏ စွဲစွဲလန်းလန်းချစ်ကြိုက်ခြင်း ခံရတတ်သည်။
ကျန်းမာရေး ။ ။ ဆီးအောင့်ခြင်း၊ ဆီးမရပ်ခြင်း၊ ဆံပင်ကင်ဆာဖြစ်ခြင်း၊ ဆားစ်ရောဂါ၊ ညာဖက်တစ်ခြမ်းလုံး အကြောဆွဲခြင်း၊ ဆစ်ဖလစ်ရောဂါ၊ စာဖတ်မရခြင်း စသည့်ရောဂါများ ဖြစ်တတ်သည်။
ယတြာ ။ ။ အဆဲသန်သူတစ်ဦးကို ဆွဲမိဆွဲရာ ဆွဲ၍စတီဗင်ဆီးဂဲလ်၏ ကန်ချက်မျိုးဖြင့် အဆဲရပ်သွားသည်အထိ ဆက်တိုက်ကန်၍ ဆဲပါ။ မရပ်သေးလျှင် ဇောက်ထိုးလှန်၍ ဆဲပြီးရင်ဆဲပါ။ ဆဲလေ ကံကောင်းလေ။ များများဆဲလေ များများကောင်းလေ။ ဆဲသာဆဲပါ။ ထူးခြားလာမည်။

ဗုဒ္ဓဟူး (ယ၊ ရ၊ လ၊ ၀)
လက်ရှိအခြေအနေ ။ ။ စန်းပွင့်မည်။ ယားနာပေါက်သူတစ်ဦး၏ ရည်းစား စာပေးခြင်းခံရမည်။ ယဉ်ယဉ်လေးရူးနေသူတစ်ဦးနှင့် ရင်ခုန်သံခြင်းတူမည်။ မှောက်မအိပ်နှင့်။ ရင်ဘတ်အောင့်တတ်သည်။
စီးပွားရေး ။ ။ မိမိတွင်ရှိသော ဥစ္စာဓနများ လုံးပါး ပါးလာမည့်ကိန်းရှိသည်။ လူလိမ်လုပ်ငန်း၊ ၀က်သားထုတ်ထိုး ရောင်းခြင်း၊ ယင်နားစာရောင်းခြင်း လုပ်ငန်းတို့ မှ ၀က်ဝက်ကွဲဝင်ငွေရမည်။
ပညာရေး ။ ။ “လေးလေးမှန်မှန် အောင်ပွဲခံ” ဟုသဘောပိုက်ကာ လွယ်လွယ်ကူကူ ကြိုးစားမိသောကြောင့် လိမ်ဖယ်လိမ်ဖယ်နှင့်ရှုံးနိမ့်ခြင်းသို့  ရောက်ရှိသွားတတ်သည်။ ယင်ကောင်မွေးခြင်း၊ ၀က်သတ်ခြင်း၊ ၀ဲမွေးခြင်း၊ လူပြတ်လုပ်ခြင်း အစရှိသော ပညာရပ်များ သင်ယူခွင့်ရမည်။
အချစ်ရေး ။ ။ ရူးပေါပေါ ၀၀ပြဲပြဲ ဖြစ်နေသူနှင့် ချစ်ကြိုးသွယ်ရတတ်သည်။ အသဲကွဲဝေဒနာကို လူးလိမ့်နေအောင် ခံစားရမည်။
ကျန်းမာရေး ။ ။ ၀ဲပေါက်ခြင်း၊ ၀ဋ်နာ ကံနာ ကျရောက်ခြင်း၊ ၀ိတ်အဆမတန် တက်လာခြင်း၊ ယဉ်ယဉ်လေးရူးးခြင်း၊ အလိုအလျောက်ရယ်ခြင်းရောဂါ (Euphoria) စသည့်တို့  ရုပ်ပျက်ဆင်းပျက် ကျရောက်လာနိုင်သည်။
ယတြာ ။ ။ ဤအခိုက်အတန့် အတွင်း ဗုဒ္ဓဟူးသား/သမီး များ အညံများရှိနေသဖြင့် ယုန်သားစား၍ ၀ိုင်သောက်ကာ NYP ၀ရံတာ၌ လေးမိနစ်ခန့်  ရပ်ကာ West-life ရဲ့  “You Flying Without Wings” သီချင်းဆို၍ လက်နှစ်ဘက်ဆန့် တန်းလျက် လေးဘက်ကျွှမ်းထိုး ခုန်ချပါ။ ၀က်ကျ ကျပါလိမ့်မည်။တသွေမတိမ်း ဆောင်ရွှက်ပါ။ တစ်ခါတည်း ကိစ္စပြီးသွားပါလိမ့်မည်။

ကြာသပတေး (ပ၊ ဖ၊ ဘ၊ ဗ၊ မ)
လက်ရှိအခြေအနေ ။ ။ ဤနှစ်အတွင်း ကြွက်မင်းတို့  ရတနာပုံ ဆိုက်ကိန်းကျသောလည်း ရတနာပုံသို့  မရောက်မှီ MRTဘီးပေါက်၍ ပျဉ်းမနား၌ နားလေသောကြောင့် ဖြိုးဖြိုးဖြတ်ဖြတ် ၂၄ နာရီ မီး ပေးစနစ်အောက်မှာ ရောက်နေသဖြင့် ကောင်းသထက် ကောင်းလိမ့်မည်။
စီးပွားရေး ။ ။ မိလ္လာလုပ်ငန်း၊ ဗယာကြော်လုပ်ငန်း၊ မီးနေသည် စောင့်ရှောက်ရေးလုပ်ငန်းတို့မှ မြိုးမြိုးမြတ်မြတ် ၀င်ငွေရရှိမည်။
ပညာရေး ။ ။ ဖင်လန်၊ ပိုလန်၊ ဘော့ဇနီးယား၊ မြန်မာ၊ ဘရာဇီး စသည့်နိုင်ငံရပ်ခြားများသို. Scholarship ဖြင့် ဖဲရိုက်နည်းပညာ၊ ပုရစ်ကြော်လုပ်ငန်း၊ ဘဲကျောင်းနည်း၊ ပတ်မတီးခြင်း၊ စသောပညာရပ်များတွင် ပညာတော်သင်လွှတ်ခြင်းခံရမည်။
အချစ်ရေး ။ ။ မွဲတေနေသူတစ်ဦး၏ ဗရပွမေတ္တာထားခြင်းကို ခံရတတ်သည်။ ဘကြီးအရွယ်ရောက်နေသူများနှင့် ချစ်ကြိုး သွယ်ရတတ်သည်။ ပါးရိုက်ကြမ်းသော၊ ပေါင်တွင်းကြော လိမ်ဆွဲသော မိန်းကလေးများနှင့် ပိုးစိုးပက်စက် ပက်ပင်းတိုးမည်။
ကျန်းမာရေး ။ ။ မြွေကိုက်ခံရခြင်း၊ မျက်နှာမီးဟပ်ခြင်း၊ ဖင်မှာ ပွေးပေါက်ခြင်း၊ စသည့်ရောဂါများကို မဖုံးနိုင်မဖိနိုင် ပက်ပက်စက်စက် ခံစားရကာ ဖျပ်ဖျပ်လူးနေရလိမ့်မည်။
ယတြာ ။ ။ ဗိုက်ပူပူ ဗိုလ်ကြီးတစ်ယောက် ဖင်ကုန်း၍ ဘရာကြော်ဝယ်နေသည်ကို ဓါတ်ပုံ ရိုက်၍မှန်ဘောင်သွင်းပြီး ပျဉ်းမနားသို့ပေါ်တင် သယ်သွားပါ။ ကြိမ်းသေမိမည်။ ကြမ္မာကြွက်မင်း အားဆက်သပါ။ စားစရိတ်ပါ ငြိမ်းမည်။ နေစရာရမည်။

သောကြာ (သ၊ ဟ)
လက်ရှိအခြေအနေ ။ ။ ဘာလုပ်လုပ် သောက်သုံးမကျ ဖြစ်နေတတ်သည်။ သောက်တလွဲ လျှောက်လုပ်ခြင်းကြောင့် သုံးမရဖြစ်နေလိမ့်မည်။ ဟဲဟိုးမြို့၌ ဟိုင်းဆင်လိုက်ခံရ၍ ဟပ်ထိုးလဲလိမ့်မည်။ သေချင်စော် နံလောက်အောင် သရေကျ၍ သရေခံ လိုက်ရှာနေရတတ်သည်။
စီးပွားရေး ။ ။ သံတိုသံစ ရောင်းဝယ်ရေး(ကြက်တန်း) ၊သိုးမွေးမြူရေး၊ သောက်ရေသန့် အတုလုပ်ငန်းတို့ဖြင့် ချမ်းသာမည်။ သစ်ရောင်းဝယ်ရေးရှောင်ပါ။ သူတပါး၏ အစုစပ်စီးပွားရေးကို သပ်လျှိုသွေးခွဲလျှင် သင့်ကို သေးထွက်သည် အထိ ခြောက်လှန့်ကြ လိမ့်မည်။
ပညာရေး ။ ။ သန်ကောင်ဆိုင်ရာ အဏုဇီဝဘာသာရပ်၊ သန်းမွေးမြုရေးဘာသာရပ် တို့ကို သပွတ်ချုံထဲတွင် သင်ကြားရတတ်သည်။ သံတူရွင်း၊ သံပြားပြုလုပ်သော ပန်းပဲအတတ် ဖြင့် ဟုန်းဟုန်းတောက် ကျော်ကြားလိမ့်မည်။
အချစ်ရေး ။ ။ သန်မာထွားကြိုင်းသော ဟိုင်းနေသူတစ်ဦးက သင့်အား သိပ်သိပ်ချစ်နေပါလိမ့်မည်။ သန်းပေါင်းများစွာသော ဆန့်ကျင်ဘက်တို့ စိတ်ဝင်စားလာစေရန် လည်ပင်း ခြေ လက် တို့တွင် သံကြိုးကြီးကြီး ဆွဲထားပါ။
ကျန်းမာရေး ။ ။ သပ်သပ်ရပ်ရပ်နေပါ။ ဟပ်ထိုးလဲကာ ဗွက်ရေနှင့် မျက်နှာသစ်ရတတ်သည်။ သေလောက်သွားကိုက်၍ သွားဖုံးတစုံလုံး လဲရတတ်သည်။ထိုအခါ သွားတိုက်ဆေး ကို သိန္ဓောစားနှင့် ရောဖျော်၍ စားပါ။သက်သာစွာဖြင့် သုဿန်သို့ သွားရပါလိမ့်မည်။
ယတြာ ။ ။ “သ”အမည်ပါသော အဆောင်ရှေ့သွားကာ သံပုံးတီး၍ “သီချင်းချစ်သူ” သီချင်းကို အဆိုတော်“ဟဲလေး”အသံဖြင့် သုံးရက်တိတိဆိုပါ။ သပိတ်သော် လည်းသွတ်လျှင်သွတ်ရမည်။ သံတိုင်နောက်ကွယ်သို့ ၀င်လျှင်ဝင်ရမည်။

စနေ (တ၊ ထ၊ ဒ၊ ဓ၊ န)
လက်ရှိအခြေအနေ ။ ။ ကံကြမ္မာတူသည်။ အိမ်သာတစ်ခုထဲ၌ နှစ်ယောက်ဝင်မိခြင်း၊ လမ်းတွင် နှဖူးခြင်းဆောင့်မိခြင်း များဖြစ်နိုင်သည်။ ဓာတ်တိုင်ပေါ်မှ ဓာတ်မီးသီး ပြုတ်ကျနိုင် သည်။ ထိတ်ပြောင်သူတစ်ဦးနှင့်အတူ ထိတ်တုံးခတ်ခံရ တတ်သည်။
စီးပွားရေး ။ ။ ယခုလတွင် စုဆောင်းထားသမျှ တက်တက်ပြောင်မည်။ ထန်းရေ ရောင်းခြင်း၊ တရော်ရောင်းခြင်း၊ နွားနို့ရောင်းခြင်း၊ တက္ကစီမောင်းခြင်း စသည့်လုပ်ငန်းများဖြင့် စီးပွားရေးကို ပြန်လည်ထူထောင်ပါ။
ပညာရေး ။ ။ ထင်ထားသမျှ တက်တက်စင်အောင် လွဲတတ်သည်။ စာကို တရေးနိုး မှ ထထကြည့်တတ်သော အကျင့်ကြောင့် ဒုတိယနှစ်တွင် တစ်နှစ်ထပ် နေရကိန်းရှိသည်။ှ
အချစ်ရေး ။ ။ တရုတ်မင်းသားနှင့် တူသူတစ်ယောက်အား နှစ်နှစ်ကာကာ ချစ်မိတတ်သည်။ နူ နေသူတစ်ဦးမှ နှပ်ချေးဖြင့် ညှစ်ခြင်းကို နှလုံးသားဖြင့် ခံစားရမည်။
ကျန်းမာရေး ။ ။ တရုတ်သိုင်းရူး ရူးခြင်း၊ တုတ်နှင့်အရိုက်ခံရခြင်း၊ ထော်လာဂျီ တိုက်မိခြင်း၊ ထိုင်မရ ထမရဖြစ်ခြင်း၊ ထန်းရေအမူးလွန်ခြင့်း၊ နမိုးနီးယား၊ တုတ်ကွေး၊ တင်ပါး၌ ဒက်ပေါက်ခြင်း၊ နွားအကန်ခံရခြင်း စသည့် ဝေဒနာများကို ခံစားရတတ်သည်။
ယတြာ ။ ။ တရေးနိုးတိုင်း ထထထိုင်ပြီးလျှင် နံဘေးတွင် အိပ်နေသူအား “ထစမ်း.. ထစမ်း” ဟုအော်၍ ဒိန်းကနဲ နေအောင် တူဖြင့်ထုပါ။“ဒို့အရေး…ဒို့အရေး”ဟု ထပ်တလဲလဲ အော်ပါလေ..။ထောင်ထဲသို့ တန်းတန်းမတ်မတ် ရောက်မည်။



အမှတ်တရ သိမ်းထားလိုပါက….


ဆက်ဖတ်ပါရန်...

 

Nanyang Thingyan 07

Posted In: . By boyz

Blog ပေါ်မှာ စာမရေးတာတောင်ကြာပြီ။
သင်္ကြန်ကျပြီနော်။ အလုပ်လည်းမရှိ၊ ရန်ကုန်လည်းပြန်ချိန်မရတော့ အိမ်ထဲမှာတယောက်တည်းဘာလုပ်ရမှန်း မသိဘူးဗျာ။ အမှတ်တရ အနေနဲ့  Blog ပေါ်မှာ ကျတော်တို့  NYP Thingyan 07 အကြောင်းလေးပဲ ရေးပြီး Photos တွေ Upload အလုပ်မလို့  Camera လည်းမတွေ့ ဘူး။ adapter လည်းမရှိ၊ Connector လည်းပျောက်နေတာနဲ့  ကိုညီညီမရှိတုံး သူ့  Blog က နေ မရိုက်ရဘူးလို့ အတန်တန်တားတဲ့ကြားက ဟိုဒင်းလုပ်ပြီး ရိုက်သွားတဲ့ Photo တွေပြန်ခိုး .အဲ.. ပြန် Grab လုပ်ပြီးပဲ Upload လုပ်ထားတယ်၊ Program တွေအားလုံးမပါတဲ့ အတွက် စိတ်မကောင်းပါဘူး... ဘာပဲဖြစ်ဖြစ် အခုတော့ ဒါလေးပဲ အလွမ်းပြေကြည့်ကျပေါ့... နောက် မှတ်တမ်းတင်အခွေထွက်တော့ တ၀ကြီးကြည့်ကြပေါ့.



ဒါက Radio အစီအစဉ်အပြီး ရုတ်တရက်ပေါ်လာတဲ့ NYP FB(foreign body)


ဒါကတော့ NYP ရဲ့နားဒုက္ခခံ .အဲ..နားသောတ ဆင်ဖို့ Unplugged show



ဒါကတော့ Inovative NYP Radio /hot news and gossip program



ဲအားလုံးအားပေးကြတဲ့ မောင်ရွှေရိုး နှင့် မစံပယ် Presented by Year1 Nursing Students
သြ ပြီးတော့ Credit to ကိုလုံးလုံး performed as mother of Ma Sa Pe`


ရှမ်း အ"က"ပါ။ GOH လာလို့  ရိုးရာအက ကိုရှေ့ပိုင်း Program မှာပဲထည့်ထားတာပါ။
ဒါတောင် GOHခဗျာ နာရီဝက်(30mins) တောင်မထိုင်လိုက်ရဘူး ပြန်သွားရရှာတရ်...
အ 'က' တွေလည်းကုန်ပြီ... Show နဲ့ Radio ပဲကျန်တော့တာ.. သူကြည့်လည်းနားမှမလည်တာ..


အဲဘာလဲလို့  သေချာမြင်အောင်ကြည့်ရတရ်...သိဘူးဗျ...
Guess what ? i think it's a dance that presented by NYP Engineering Students.



သင်္ကြန်ယိမ်း From Nursing Y1


Welcome dance! brought to you by NYPMM



Ticket Price 10$ Non-refund ပြီးသွားပါပြီ။

Credit to

Backstage ထဲမှာ ပွဲစ ပွဲဆုံး အပြင်မထွက်နိုင်တဲ့ Naing Lin



Tower In-charge Naing Lin Tun, Myo Zaw Htet and Htwe rah, and frds.
especially Thanks much to Myat Min Han(sp) for giving us his hand and sacrifice his times for us.


Credit to whoever take over for Welfare.




Credit to
Security In-charge ကိုR-Gyi, Frds and Seniors


I,at here,'d like to thanks to all of you whoever gave us hands and sacrfice thier time for us.
And of course the audiences who support us.
And who help us to make this happened ,thaks much to Mr.Zaw Hlwan Moe, Daw Khin Aye Than, who else.. Be apologized if i miss someone to credit.


ထက်ရှာလို့ ရတဲ့ Photo တွေပါ။ နောက်ထက်တွေရင်လည်းတင်ပေးပါအုံးမယ်။ အားလုံးလည်းကိုယ် ရိုက်ထားတာရှိရ်လည်း Share ပေးလို့ ရပါတရ်. Program Flow အတိုင်းစီထားတာပါ။ အညီဆုံး က ကွက် တွေပဲရွေးထားတယ်မထင်ပါနဲ့ ။ ဒါပဲရှိလို့ ပါ။ စိတ်မကောင်းပါဘူး ။ :P


presentation

















ဆက်ဖတ်ပါရန်...