ဒီတခါတော့ ကျွန်တော်တို့ နန်ယန်းကျောင်းကညီအကိုတွေအတွက်
လကုန်ခါနီးဘိုင်ပြတ်ရင်ပဲဖြစ်ဖြစ် ၊ လလယ်လောက်ထဲကအသုံးပြတ်သွားရင်ပဲဖြစ်ဖြစ်
ကန်တဲန်းမှာကောင်မလေးတွေဆီက ဘယ်လိုမှချေးငှားလို့ မရတဲ့အဆုံး၊
အဲဒီလိုအချိန်မှာ ဒေါ်လာ(၁၀)တန် High Comissioner အပြားလေးတောင်အနားမကပ်နိုင်တဲ့ 
ညီအကိုတွေအတွက် ရည်ရွယ်ပြီး ကျွန်တော်ဖတ်ဘူးတဲ့ စာအုပ်ထဲကအရက်ချက်နည်း ကိုဖြန့် ဝေပေးလိုက်ပါတယ်။
အောက်ပါအတိုင်းချက်လုပ်ပါ.....
(၁) ပထမဆုံး ရန်ကုန်ပြန်တဲ့သူတွေဆီက ထန်းလျက် ၃ ပိဿာမှာလိုက်ပါ။
(စလုံးကပ်စတန်ကမေးရင်လဲ(၁)ခဲ(၂)ခဲလောက်စားခိုင်းလိုက်ပေါ ၊့ဘာလုပ်ဖို့ လဲလို့ မေးလာရင်တော့
ချောကလက်ဈေးကြီးလို့ စားဖို့ ယူလာတာလို့ )။
(၂) ပြီးရင်အိမ်ကရေနံဆီသံပုံးလွတ်တခုကိုရေစင်စင်ဆေးပြီးအဲဒီပုံးထဲမှာထန်းလျက်ကိုရေ
တ၀က်စိမ်ထားပါ။ပြီးရင်အဲဒီထန်းလျက်ရေစိမ်ကို ၄ ၅ရက်လောက်
ပစ်ထားလိုက်။
(၃) ၅ရက်လောက်နေလို့ ထန်းလျက်ရေစိမ်တွေအချဉ်ဖေါက်လာတဲ့ အခါ
ကောက်ညင်းပေါင်းတဲ့ ပေါင်းချောင်အိုးကိုရေနံဆီပုံးပေါ်တင်လိုက်ပါ။
ပြီးရင်ထန်လျက်အချဉ်ထဲကအငွေ့ တွေအပြင်မထွက်သွားအောင်
သံပုံးနဲ့ ပေါင်းချောင်ထိနေတဲ့ နေရာတွေမှာလုံချည်စုတ်တထည်နဲ့ ပတ်ထားလိုက်။
(၄) ပြီးရင်ပေါင်းချောင်ထဲမှာဟင်းသောက်ပန်းကန်တစ်လုံးထည့် ထား၊
ပြီးရင်ဒယ်အိုးအလတ်စား(၁)လုံးရဲ့ ဖင်ကိုပြောင်နေအောင်
အုတ်ခဲ၊သဲဆပ်ပြာတို့ နဲ့ တိုက်ချွတ်ဆေးကြောပြီး
ပေါင်းချောင်ရဲ့ အပေါ်ကိုတင်လိုက်ပါ။
(၅) ပေါင်းချောင်ထဲကထွက်တဲအငွေ့ တွေလဲအပြင်မထွက်သွားပဲဒယ်အိုးဖင်ကိုပဲထိအောင်
လုံချည်စုတ်တထည်နဲ့ ဒယ်အိုးနဲ့ ပေါင်းချောင်ထိတဲ့ နေရာတွေကိုထပ်ပတ်ထားလိုက်ပါ။
ပြီးရင်တော့ အဲဒီဒယ်အိုးကိုမီးဖိုပေါ်တင်ပြီးမီးပြင်းပြင်းလေးနဲ့ ချက်ပါ။
(၆) ထန်လျက်အချဉ်ရည်တွေဟာအငွေ့ ဖြစ်ပြီးပေါင်းချောင်အိုးရဲ့ အပေါက်ထဲကိုဝင်၊
ဒယ်အိုးဖင်ကိုထိပြီးတော့ မှချွေးဖြစ်ပြီးပေါင်းချောင်အိုးထဲက
ဟင်းရေသောက်ပန်းကန်ထဲကိုပြန်ကျတယ်....
(၇) ကိုင်းဟပ်ချလောင်း....အဲဒါချက်အရက်ပါပဲဗျာ..
ဝီစကီလောက်မကောင်းပေမဲ့ဘီအီးလောက်တော့ ရှိပါတယ်..
အိမ်မှာဖဲဝိုင်းဒိုင်ကိုင်သောညီအကိုများမိမိဖဲနိုင်လျှင်ကြွရောက်လာသောဖဲဝိုင်းလာပရိတ်သတ်များအား
ကိုကာကိုလာ၊စပရိုက် တို့ နှင့်တွဲဖက်တိုက်နိုင်ပြီး
မိမိဖဲရှုံးသောနေ့ များတွင်တော့ရေဘုံဘိုင်မှရေဖြင့် တိုက်နိုင်ပါတယ်။
မှတ်ချက်။ ။မိမိဘာသာသေချာမချက်ပဲ အရည်ထွက်လာတော့ မှမသေချာရင်လဲအိမ်နားကကြောင်တွေတိုက်ကြည့်ပေါ့ ။
ချက်ချင်းအမြူပ်မြူပ်တစီစီထွက်ပြီးလျှောသွားရင်တော့ "ဟာသေချာပြီ ဒါအရက်ပြန်ပဲ"...
ဒါမှမဟုတ်မူးပြီးလဲသွားရင်တော့ မိမိကိုယ်တိုင်စိတ်ချစွာသောက်သုံးနိုင်ပါပြီ။

8 Responses to ကျွန်တော်နှင့်ဘီအီးထောင်ချောက်
post ကိုမြင်ကတည်း က ရန်ကုနက ဓညက် မှာလိက်ြပြီဗျာ .. ဟဟ :P
ကောင်းလှချည်လား။
သတိ။ ။ စာဖတ်သူသို့  အထက်ပါ Post အရ အရဲစွန့် ၍ အရက်ချက်ပြီး မသောက်မှီ ကြောင်၊ ကြွက်၊ ငှက်၊ လဒ များအား အရင်တိုက်သင့်ပါကြောင်း အထူးသတိပြုပါ။ တကယ်ကို စမ်းသက်ချင်သူများ စာရေးသူနှင့် ဆက်သွယ်ပါ။ တစုံတရာဖြစ်ပွားက ၄င်းအားရဲတိုင်ရန် Clubnypian နှင့်ဆက်သွယ်နိုင်သည်။
အဲ... ကောင်းလှချည်လား.. AMK က BLK 130 မှာ အရင်စမ်းချက်ကြည့်ရင်ကောင်းမယ်. အဲမှာက ကြက် တို့ ၀က်တို့ ရှိတော့ ကျိုးကျိုး ကန်းကန်း အစမ်းတိုက်လို့လည်းရတယ်လေ... အဟတ်ဟတ် 8D
ဒါနဲ့ post ကို Forum အတွက် Shadow ယူလိုက်မယ်..
ဟက်ဟက်
ချက်အရက်ဆိုတော့ သေချာတယ်
မအူပင်လား သန်လျင်လားပဲ . :P
အရက်ခှက်ရောက်းမယ်ဗှာ
အရက်ချက်ရောင်းမယ်ဗျာ
နောက် တခြားအ၇က်ချက်နည်းတေိလည်း တင်ပေးပါဦးဗျ
နောက် တခြားအ၇က်ချက်နည်းတေလည်း တင်ပေးပါဦးဗျ
Something to say?