အချစ်ဆိုတဲ့ လှေကို
ဖာထေးသုံးခဲ့ ရတဲ့ 
အတ္တ၀ိညာဏ်ကို
အချစ်ထင်ခဲ့ ....

အလျားအနံမမှန်ပေမဲ့ 
အသွားအပြန်လေးတော့ ရှိကောင်းရဲ့ ....

ဒီအတွေးတွေဟာ
ယုတ်မာညစ်ထေးတဲ့ 
နှလုံးသားရဲ့ တုန့် ပြန်မှုအောက်မှာ
ပျောက်ကွယ်ခဲ့ ရပြီ....

တကယ်တော့ 
အချစ်ဆိုတာ
သန့် စင်မွန်မြတ်တဲ့ နှလုံးသားခြင်းသာ
ဖလှယ်နိုင်တာ ၊ အမှန်ပါပဲ....

ရန်ပိုင်