ကျနော်လည်းစာမေးပွဲ ပြီးလို့ ဘာမှလုပ်စရာ မယ်မယ်ရရမရှိတာနဲ့ Blog လုပ်လိုက် Game ဆော့လိုက်လုပ်နေတာ။ ခုတင်ကမှ မြန်မာ blog တွေလိုက်ဖတ်ကြည့်တာ သူတို့ တတွေဆီက မြန်မာစာအုပ်တွေများ ဖတ်ရမလားလို့ ။ :P တွေ့ တယ်။ ကိုညီလင်းဆက်ရဲ့  blog တခုမှာ အစိုးရထောက်ပံ့တဲ့ myanmar-e-library ဆိုတာကို ။ဒါပေမယ့် သူရေးထားတာနဲ့ သွားကြည့်ချင်စိတ်တောက် ပျောက်သွားတယ်။ အဲ... မနေနိုင်ပါဘူး သွားကြည့်မိပါတယ်။ စာအုပ်တွေတော့ အများကြီးရှိပါတယ်။ Scan ဖတ်ထားတာဆိုတော့ တချို့ စာအုပ်တွေက သိပ်မမြင်ရတော့တာလေးတော့ ရှိတယ်။ File size ကလည်းကြီးတာပေါ့။ ခုကျနော်တို့ ဖတ်လေ့ရှိတဲ့ စာအုပ်တွေတော့ မတွေ့ ပါဘူး။ ကိုညီလင်းဆက်ပြောထားတာလည်း တချက်လောက် ဖတ်ကြည့်ပါဦး။ သူပြောတာလည်း သဘာဝကျပါတယ်လေ....pdf file နဲ့ ကိုယ်တိုင်စာမရိုက်ဘဲ scan လုပ်ထားတော့ ကိုယ်ကြိုက်တဲ့ စာသားလေးလိုချင်တောင် အစအဆုံး ပြန်ရိုက်ရမယ်အပေါက်ပဲ။ ဘာပဲဖြစ်ဖြစ် မရှိတာထက်စာရင်ရှိတာကောင်းတယ် ဆိုပေမဲ့ ရှိတဲ့ဟာကိုလည်း အကောင်းဆုံးပဲ ဖြစ်စေချင်တာပေါ့။
လူဆိုတာ ရလေလိုလေ အိုတစ္ဆေ...။
ဘာပဲဖြစ်ဖြစ် ဖတ်လို့ ရအောင် ကျတော် Link လေးတော့ပေးထားလိုက်တယ်။