Rob-B-Hood

ှSingapore မှာ ရုံတင်သွား တဲ့. Rob.B.Hood ရုပ်ရှင် ကားကို. ကြည့်လိုက်ရမှာပါ။ မနေ့ ကပဲ.. သူငယ်ချင်း 'အမယာ' က အဲ့ရုပ်ရှင်ကားရဲ့ Title နဲ့ ပတ်သတ်ပြီး အမေးစကား ဆို လာပါတယ်။
သူကမေးတာပါ..၊ 'အဲ့ Title က ဘာကို ဆိုလို ချင်တာလဲ၊ သူ့ အရှည်ကောက် က ဘာဖြစ်နိုင်သလဲ၊ အဲ့ဒီ ရုပ်ရှင် ကြည့်ပြီး တော့ကော ဘာတွေ ရလိုက်သလဲ၊ Title က..Rob ဆိုတာက Robbery..လုယက်ခြင်း ၊ Hood ကတော့ childhood တို့ ဘာတို့ ကလို hood မျိုး ..ဘ၀ ပေါ့..၊ ဒါဆို B ကကော' တဲ့..ဘာညာပေါ့..။ သူ့က တော့ .အဲ့ဒီရုပ်ရှင် မကြည့် ခင်ကတည်းက အဲ့ Rob.B.Hood ဆိုတဲ့ Title ကို သူ့ စိတ်ထဲမှာ အဓိပ္ပာယ် ဖေါ်မိတယ် ပြောတယ်။ လွဲချင်လဲ လွဲနေမယ် တဲ့။ ခု ကျနော့် ကို မေးလာတယ်။ ဘယ်လိုထင်လဲ ပေါ့.။ ကျနော် စဉ်းစားကြည့် တယ်..၊ ရုပ်ရှင် ကိုလည်း ပြန် ပုံဖေါ်ရင်းနဲ့ ပေါ့လေ.။ သူတို့ က.( မင်းသား နှစ်ယောက် ) ပေါ့ ဗျာ...ကလေး လေးကို.ဘ၀ နဲ့ ရင်းပြီးကယ် ကြတယ်။ လူဆိုးတွေ..လက်ထဲ က နေ..ပြန်လုယူ တယ်ပေါ့။ တကယ်တမ်း သူတို့ ကိုယ်တိုင် ကလည်း ဗရုတ် တွေ ..Robbers တွေ..။ ဒါဆို B နေရာ မှာ ဖြစ်နိုင်တာ က..Baby ပေါ့..။ ဟုတ်နိုင်တယ် လေ။ သူတို့က Baby ရဲ့ Hood ကို လူဆိုးတွေ ဆီက ပြန်ကယ်တာကိုး။ ပြီးတော့ သူတို့ က.. Robbery တွေလေ။ ဒီတော့ Baby.hood ကို Rob လုပ်တာ လို့ ပြောလို့ ရတယ်။ (လူဆိုးတွေ ဆီက ပေါ့ လေ) ဒီလိုဆိုတော့ Rob BabyHood ပေါ့.။ ကျနော်က အဲ့လိုပြောရော..။ သူကို ပြန်မေးတော့...'ငါထင် တာကတော့ အဲ့ဇာတ်လမ်းမှာ အဓိက ပြသွားတာက သူတို့ (မင်းသား) နှစ်ယောက် ရဲ့ စွန့်စား ခန်းတွေ၊ ဘ၀ ကို လူဆိုးအဖြစ်နဲ့ ခက်ခက်ခဲခဲ ဖြတ်သန်းနေရ ပေမယ့်လဲ အသက်တစ်ချောင်းကို ကယ်တင်ချင်တဲ့၊ ဒုက္ခရောက်နေသူကို ကူညီချင်တဲ့ စိတ်ကလည်း တဖက်ကရှိနေတယ်..အဲ... ဒီတော့ ညီအစ်ကို လို နေလာခဲ့တဲ့ သူငယ်ချင်း နှစ်ယောက် ပေါင်းပြီး စွန့်စား ခဲ့ကြတယ် ၊ ဒါ့ကြောင့် ငါ တွေးမိလိုက်တာက Rob BrotherHood ဖြစ်နိုင်တယ် ပေါ့'..။ သူပြောသလို ကျတော့လည်း ဟုတ်ပြန် တာပဲ။ ဒါပေမယ့် ရုပ်ရှင်ထဲမှာ က .ကလေး ကို လည်း အသားပေး ပြထား ပြန်တော့ ..BabyHood ကလည်း .မဖြစ်နိုင် ဘူးလို့ ပြောလို့ မရပြန်ဘူး။ နောက်ဆုံး ပြောရင်း စဉ်းစားရင်းနဲ့ ပဲ နှစ်ယောက်လုံး ကျေနပ်တဲ့ အဖြေတစ်ခု ရသွားတယ်။ သူတို့ (မင်းသား) နှစ်ယောက် ရဲ့ ညီအစ်ကို လို နေတဲ့ သူငယ်ချင်းဘ၀..ဆိုတော့.... BrotherHood ..၊ သူတို့ က..Robbers တွေ ၊ ပြီးတော့ Baby ကို ကယ်တယ်..Robbers အလုပ်ဆို တော့ Save နေရာမှာ Rob ပေါ့.......။
ဒီတော့ .ဖြစ်နိုင်တာက .."Rob Baby BrotherHood" ...ဒါ ကို Title ပေးတဲ့ လူက ..ခေါ်ရလွယ်အောင် ဆို ပြီး B နှစ်လုံး ပေါင်းပြီး "Rob B Hood" လို့ ပေးခဲ့ တာများလား ပေါ့....။
ကျနော် နဲ့ သူငယ်ချင်း 'အမယာ' ကတော့ ကိုယ့်အတွေးနဲ့ကိုယ်. .ကျေနပ်ပီတိ ဂွမ်းဆီထိ လို့ ပါပဲ။ စာဖတ်သူများလဲ .ကိုယ့်အတွေးနဲ့ကိုယ်.. B ရဲ့ meaning ကို ရှာကြည့်ကြပါဦး။

2 Responses to Rob-B-Hood
အမောင်လေး ဓါးသွေးကျောက် ထင်တာလဲ မမှားပါဘူး။ အမှန်တကယ်ကတော့ Robin Hood ဆိုတာကို ခပ်ဆင်ဆင် ယူထားတာပါ။ Robin Hood ကတော့ English Legend ပါ။ တကယ်လဲ့ ဖြစ်ခဲ့လိမ့်မယ်လို့ ယူဆထားတာလဲရှိပါတယ်။ သူက ချမ်းသာတဲ့သူတွေဆီက ပစ္စည်းတွေ လုပြီး ဆင်းရဲသားတွေကို ပြန်ဝေမျှပေးတာပါ။ Kevin Costner က 1991 မှာ Robin Hood: Prince of Thieves ဆိုပြီး ရုပ်ရှင်ရိုက်ထားပါတယ်။
ပိုပြီး လေ့လာချင်တယ်ဆိုရင် တော့ ဒီလင့်ခ့်လေးကို သွားလိုက်နော် ..
http://en.wikipedia.org/wiki/Robin_Hood
အမ ကြီးကြီး ပြောတာလဲ မမှားပါဝူး ...ဖြစိနိုင်ပါ တယ်။
Thanks for the Link.!
=)
Something to say?