ကျွန်တော်က
ပင်လယ်တစ်စင်းမဟုတ်တာ
သေချာတယ်

အရာဝတ္ထုတစ်ခုရဲ့ အခွံထဲ
အတင်းသွတ်သွင်းထားသူပါ

ငှက်ကလေးတစ်ကောင်ဖြစ်ချင်ပေမဲ့ 
ရရှိနေတဲ့ နေ့ နဲ့ ညလေးကိုပဲမက်မောနေခဲ့တာပါ

မသိတဲ့ အရာတွေနဲ့ မပိုင်ဆိုင်တဲ့ ဘ၀တွေပဲ
ကျွန်တော့်မှာထပ်တူထပ်မျှရှိနေခဲ့ ပါတယ်