သရဲသဘက်မတွေက
အမဲဖျက်ခြွေချခဲ့လို့
ကွဲအက်သေစပြုနေတဲ့
အသဲပျက်ကြွေဘ၀တစ်ခုကိုမှ
တွဲလက်တွေချပေးခဲ့သူ…….
မြေခွေးကောင်မတွေကြောင့်
သေဘေးအမှောင်ခနေတဲ့
တစ္ဆေသွေးကြောင်ညတွေထဲ
ဖြေဆေးဆောင်ရောက်ရှိလာခဲ့သူ…...
မိစ္ဆာအရိုင်းအစိုင်းမတွေကြောင့်
သိက္ခာအပြိုင်းပြိုင်းကျနေတဲ့
ပြိတ္တာအထိုင်းအမှိုင်း ငါ့ကိုမှ
လိပ်ပြာအသိုင်းအ၀ိုင်းဘ၀တွေထဲ
ရွေးချယ်ခေါ်ဆောင်ခဲ့သူ……
ဒီလိုနဲ့………………………….
ငရဲခန်း ပူလောင်လောင်တွေထဲ
အမြဲတမ်း ငူငေါင်နေတတ်တဲ့
အသဲကြမ်း အူကြောင်ကြောင်တစ်ခုကို
မင်းက…ပုလဲပန်း အဖြူရောင်တွေပွင့်စေခဲ့ပါတယ်….ချစ်သူ
ဘ၀အရာကုဋ္ဌေ မကလေအောင်
အလှကဗျာတွေ ထည့်လှောင်ထားသူရေ
အစရှာဖွေ မရဲလောက်အောင်
ပွှစာမွှေ ကွဲပေါက်နေတဲ့
ငါ့ညတာရှည် မဲမှောင်တွေထဲမှာတော့
မင်းက လကမ္ဘာဘွဲ့ဆောင်သူလေးပါပဲ။

2 Responses to @#$%
လန်ထွက်နေ၍.. ကြံဖတ်နှင့် ဆော်လိုက်သည်... ငှဲ..ငှဲ... :D
that's bloody good ...
Something to say?