ဂီတမှတ်တိုင် (၁၃)

မာယာတွေ ရီဝေနေတဲ့ည
စိတ္တဇရဲ့ အမှောင်မှာ
ရိုးရိုးသားသား ညစ်ထေးနေတဲ့
လျှပ်စစ်ဂီတသံစဉ်တချို့…..
ငါံ…သွေးကြောများထဲ
ရိုင်းရိုင်းစိုင်းစိုင်း…
လှည့်ပတ်စီးဆင်းနေလေရဲ့…..။
နှလုံးသားရစ်သမ်တွေ
ငါ့ရစ်ခွင်ကို တွန်းခွဲ ထွင်းဖောက်
အဝေးက ပျံသန်းလာတဲ့ … တပိုင်းတဆ
ဂီတနတ်ဘုရားရဲ့ တောင်ပံဖြန့်သံမှာ
ငါရဲ့ဝိဥာဉ် ပျော်ဝင် စီးမျောခဲ့ရပြီ…..။
အထက်ကောင်းကင်အလွန်ရဲ့…
ပဉ္စလက် စည်းချက် - ၁၃ (တစ်ဆယ့်သုံး) မှာ
ထိန်းချုပ်မှုတစ်ခုဆိုတာ
လေဆန်မှာဝဲပြန့်….!
ငါ့ရဲ့သက်တန့်တွေတောင် … မှောက်မှားခဲ့ရပြီ…..။
ငါ့ရဲ့စိတ်ကို သေမင်းဂီတသံစဉ်ရဲ့
ရုပ်သေးကြိုးတွေ…ရစ်ပတ်
အမျှင်မပြတ်ပဲ ငတ်မွတ်တောင့်တ
အာရုဏ်လင်းချိန်ကိုတောင် သား မုန်းတီးမိတယ် အမေ…..။
ကောင်းကင်နတ်ဘုရားရဲ့
ရိုင်းစိုင်းညစ်ထေးနေတဲ့
ဂီတမှတ်တိုင် - ၁၃ ရဲ့ နိဂုံးမှာ…!
အတုံးအရုံး လဲ ပြို ကွဲ အက်…!!
မျက်ဝန်းမိုးတစက်
နှလုံးသားမှာ ဆစ်ခနဲ
ရွာ ခဲ့ ဖူး တယ် …..။ ။
ကဗျာဆရာ: မြိုင်ရာဇာ ငှက်ကြီး

2 Responses to ဂီတမှတ်တိုင် (၁၃)
kaung tal kwar...htet lote par ohn ha :)
nar ma lae lo bar pyaw ya mhan . ti woo.
Something to say?