သူနဲ့ ချစ်သူမဖြစ်ခင်တုန်းကပေါ့။ Esplanade သွားတာ.. ဘယ်ရမလဲနှစ်ယောက်တည်းရှိတုန်း. ရည်းစားစကားပြောတာပေါ့. ည ၁၀ နာရီလောက်ရှိရောပေါ့. Fulton hotel နဲ့ River Side က မီးတွေလင်းလို့ .. လှတော့လှပါတယ်..ပြောနေတုန်း.. သူကဖြတ်ဖြတ်ပြီး ဟိုမှာ အရမ်းလှတာပဲတဲ့.. ငါလည်းမသိဘူးလိုက်ကြည့်မိတယ်.. ပြောနေရင်းခဏကြာရင်သူက ဟိုမှာမီးတွေလင်းနေတယ်တဲ့..ဒီလိုနဲ့ မိုးကလည်းချူပ်နေပြီ..ပြောတာကလည်းဟိုရောက်လိုက်သည်ရောက်လိုက်..ဘယ်ရောက်ရောက်သွားမှန်းမသိ.. ဒီလိုပဲ နောက်ဆုံးရထားလေးစိး အိမ်ပြန်ခဲ့ပေါ့.. သူတော်တာလား. ကျတော်ကတုံးတာပါ။ ဒီလိုမှန်းသိခဲ့ရင် အဲဒီမီးရောင်စုံတွေအားလုံးကို အရင်ပိတ်ပါတယ်... သူကတော့ ခုထိအဲဒီကြောင်းပြောပြောပြီးရီတုန်း.. သတိရလို့ မင်းအကြောင်းလေးရေးဖြစ်တာပါ... လွမ်းတာမှန်ပေမယ့် ပြန်လာဖို့ တော့ ငါမတမ်းတဘူး... ခုချိန်မင်းက ငါလိုနေတဲ့ သူတယောက်ဖြစ်ချင်မှဖြစ်မှာ.. ငါလည်းမင်းအတွက် လိုအပ်မှာမဟုတ်ဘူး...