ကြယ်စုံညရဲ့ ပဲ့ကျလမင်းက
ဖျောင်းဖျနေပေမယ့်
စိုရွှဲနေတဲ့ ငါ့မျက်ဝန်းပျိုကတော့
စားသွားလေပြေတွေနဲ့ အတူ
ချစ်သူနဲ့ ဝေးရာကို
ထွက်ပေါက်ရှာမိတော့တယ်....

ငါ့နှလုံးသားကို မမြင်နိုင်တဲ့
ငါ့ချစ်သူကတော့ ငါ့ဘေးမှာရယ်မောနေရင်းပေါ့...
သန္တာရောင်သန်း နှူတ်ခမ်းလေးရေ...
အသံတိတ်နှုတ်ဆက်ခြင်းတွေ သာယူလိုက်ပါ...
ပြီးတော့ ငါ့ခြေရာတွေ သာဖန်ဆင်းပေးပါလို့ 
တောင်းတရင်းပဲ...
ဝေးမယ့် မနက်ရဲ့ ဘုံကျွန်ညတစ်ညမှာ
မှိုတပ် အလွမ်းတွေသာ နောက်ဆုံးလက်ဆောင် အဖြစ်
ငါ နှစ်သိမ့်ခဲ့ရပြီ။