ဖောက်ထုတ် ပြစ်လိုက်ကြ ။
မြင်လျှက်နဲ့ ကွယ်နေတဲ့ မျက်လုံးတွေ…
ဖောက်ထုတ် ပြစ်လိုက်ကြ ။
ကြားလျှက်နဲ့ ကန်းနေတဲ့ နားရွက်တွေ…
ဖောက်ထုတ် ပြစ်လိုက်ကြ ။
လှလှပပ ဆွံ့ အ နေတဲ့ ပါးစပ်တွေ…
အားလုံး .. ဖောက်..ထုတ် ပြစ်လိုက်ကြ ကွဲ့။
စစ်ဘီလူး နတ်ဆိုးတွေ
ဘယ်လိုပဲ ရက်စက်ပါစေ
ကြောက်သွေးတွေ ဖြတ်စီးဖို့
ငါတို့ ကိုယ်မှာ နေရာမရှိဘူး ။
လမ်းမတွေ ဘယ်လိုပဲ သွေးရောင်လွှမ်း ပါစေ
အသက်တွေ စတေးဖို့
ငါတို့ တွေ နောက်မတွန့် ဘူး ။
စစ်ဖိနပ် က ဓါးတွေလို ထက်ပြီး
သေနတ်သံတွေ မိုးချိမ်း သံ လို ဆူညံပါစေ
စနစ်ဆိုး ကို တိုက်ဖျက်ဖို့
ငါ တို့ ကြောက် မနေဘူး ။
ရပ်ကြည့် လို့ ငတ်ပြီး သေမယ့်အတူ
ဦးခေါင်းတွေ မတ်လို့ တိုက်ရင်း
ငါ …တို့ …သေ …မယ် …။
A Student

1 Response to ခေါ်သံ
ta kal lel ae lo phyit par say byarrrr...
Something to say?