ကျတော်နှင့် ကြက်ဆီထမင်း
ကြုံတုန်းလေး Singapore အကြောင်းဆက်ပါရစေ။Singapore က Food Court တိုင်းမှာ Food Menu ကို ပုံလေးတွေနဲ့ ပြထားပါတယ်။ ပုံကြည့်ပြီးကြိုက်တာလေး ၀ယ်စားပေါ့။ အဲဒီမှာ စတွေတယ်ပေါ့ဗျာ...တနေ့  ချစ်ချစ်ရဲ့ မေမေနဲ့ မမက Chicken Rice ၀ယ်ခိုင်းလိုက်တာ နှစ်ထုပ်ပြီး ရုပ်ရှင်ကြည့်ကြတယ်ပေါ. ပြီးတော့ဗိုက်ဆာတာနဲ့  တစ်ထုပ်ဖောက်စားလိုက်ရော... ပြန်တဲ့အချိန် ဆိုင်တွေလည်းပိတ်နေတယ်။ Chicken Rice သွားဝယ်တာ ၂နာရီလောက်ကြာနေပြီ။ ပါမလာရင် သူလေးပူညံခံရတော့မှာပေါ့။ အဲဒါနဲ့ မရမက တွေ့ တဲ့ဆိုင်မှာ ရှိမလားဝင်မေးပါတယ်... ကျတော့ကို ရှိတယ်တဲ့.. ဟဲပျော်သွားတာပေါ့..ပြီးမှ Chicken နဲ့  Rice လားတဲ့...နားမလည်နိုင်တဲ့ တရုတ်လိုတွေလည်း ပြောသေးတယ်... Chicken နဲ့ Rice နှစ်လုံးထဲကိုရှုပ်နေတာပဲ.. သူကပြောချင်တာပြော။ အဲ..လက်ညှိုးထိုးစရာ ပုံလည်းမရှိဘူး၊ နောက်ကျနေပါပြီဆိုမှ အချိန်က ကြာသွားသေးတယ်။ ဒါနဲ့ သူလည်း ဘယ်သူကိုစိတ်ဆိုးတာလဲ၊ ဘာကိုစိတ်အလိုမကျတာလည်းမသိဘူး ဆောင့်ဆောင့်ဇောင့်ဇောင့်နဲ့ အိမ်ကိုတန်းပြန်ရော. နောက်ဆုံးတော့ အိမ်အောက်က မြန်မာလို မတက်တခေါက် တတ်တဲ့ အဖိုးကြီးဆီက ခေါက်ဆွဲကြော်လေးပဲ ၀ယ်သွားလိုက်ရတယ်..နောက်ဆို မှတ်သွားပြီ၊ ပုံကြည့် ရှိရင်ရှိ မရှိရင်မရှိဘူးပဲ လျှာမရှည်နဲ့ ..ကောင်မလေးတွေစိတ်ကောက်ရင် On the spot ရှင်းလို့ မရဘူး...ဟင်းဟင်း

0 Responses to ကျတော်နှင့် ကြက်ဆီထမင်း
Something to say?